Wednesday, November 2, 2016

Few နဲ့ A few တိုရဲ့ ကွဲပြားမှုများ

- A few နဲ့ Few တို့ အသုံးပြုရာမှာ အဓိပ္ပာယ်ကွဲပြားမှုများ အောက်ပါပုံများမှတစ်ဆင့် လေ့လာနိုင်ပါတယ်။

Little နဲ့ A little တို့ရဲ့ ကွဲပြားချက်များ

- "little" နဲ့ "a little" တို့သည် "Quantifier" များဖြစ်ကြပါတယ်။ "Quantifier" ဆိုတာကတော့ တစ်စုံတစ်ခုနှင့်ပတ်သက်ပြီး "အရေအတွက်" သို့မဟုတ် " ပမာဏ" ကို ဖော်ပြပေးတာပါ။
- "little" နဲ့ "a little" တို့ရဲ့ ယေဘုယျအဓိပ္ပာယ်ကတော့  " a small quantity of something" ပါ။
- "little" နဲ့ "a little" များကို Uncountable Noun များနဲ့သာ အသုံးပြုရပါတယ်။ အောက်ပါဥပမာတို့ကိုလေ့လာကြည့်ပါ။
  • - There is a little wine in the bottle.
  • - There is little wine in the bottle.
- "little" နဲ့ "a little" ကို Countable Noun များနဲ့ တွဲပြီး မသုံးရပါ။ Countable Noun များအတွက်ဆို "few" နဲ့ "a few" တို့ကို သုံးရပါမယ်။

Monday, October 24, 2016

လူတစ်ယောက်ရဲ့ ရုပ်သွင်နဲ့ စိတ်သဘောထားကို အင်္ဂလိပ်လို ပြောဆိုရေးသားပုံ

- လူတစ်ယောက်အကြောင်းကို အင်္ဂလိပ်လို ပြောဆိုရေးသားကြတဲ့အခါ ပုံမှန်အားဖြင့်တော့ "Appearance" နဲ့ "Personality" ဆိုပြီး ခွဲခြားဖော်ပြလေ့ရှိပါတယ်။
- အဲဒီအတွက် အသုံးပြုလေ့ရှိတဲ့ မေးခွန်းတွေကတော့.....
- Appearance အတွက်ဆိုရင်...
  • What does he/she look like?
- Personality အတွက်ဆိုရင်...
  • What is he like?
  • What kind of person is he/she?  ဆိုပြီး သုံးကြပါတယ်။
- ပထမဆုံးအနေဖြင့် Appearance ပိုင်းကို ဖော်ပြနိုင်တဲ့ အချက်အလက်တွေက -----
  • General Adjectives
  • Age
  • Height
  • Figure
  • Face
  • Hair
  • Eyes
  • Nose and Mouth ဆိုပြီး တစ်ခုချင်းစီကို အသေးစိတ်ဖော်ပြပြောဆိုနိုင်ပါတယ်။ 

Friday, October 7, 2016

Contain/ Consist of/ include ဆိုတဲ့ "ပါဝင်တာ၊ ပါရှိတာ" အသုံးပြုပုံကွဲပြားမှုများ

- မြန်မာလို "မီးနင်း (Meaning) " ကျက်တဲ့ အကျင့်ကြောင့် အသုံးမှားရတဲ့ အင်္ဂလိပ်စကားလုံးတွေထဲမှာ "contain" ဟာ ရှေ့ဆုံးက ပါတယ်။ အခု ရေးလိုက်တဲ့ "ရှေ့ဆုံးက ပါတယ်" ကို Contain နဲ့ ပြောလို့မရဘူး။
"ကျွန်တော်တို့ထဲမှာ ဘောလုံးကစားတတ်သူတွေ ပါဝင်တယ်"၊ "ဒီစာအုပ်တွေထဲမှာ အဘိဓါန်ငါးအုပ် ပါဝင်တယ်" စတာတွေကိုလည်း "contain" သုံးလို့ မရချေဘူး။
- "Contain" ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်က "have within itself, hold within itself"၊ "အထဲမှာ ရှိတာ၊ ထည့်ထားတာ" ကို ပြောတာ။ ရေအိုးထဲမှာ ရေပါဝင်တာ။ စာအုပ်ထဲမှာ စာမျက်နှာ ပါဝင်တာ၊ သေတ္တာထဲမှာ ပစ္စည်းပါဝင်တာကိုမှ ပြောရတယ်။ ဥပမာ-
  • This pot contains water.
  • This jug contains milk.
  • This box contains biscuits.
  • This book contains ten short stories.
  • This bottle contains half a pint.
- "ပါဝင်တဲ့ပစ္စည်း" ကို Content လို့ ခေါ်ပါတယ်။ Content ဆိုတာ Contain ဆိုတဲ့ Verb ရဲ့ Noun ဖြစ်ပါတယ်။ စာအုပ်ရဲ့ ပထမစာမျက်နှာမှာ Contents ဆိုတဲ့ ခေါင်းစဉ်နဲ့ ဂဏန်းထိုးပြီး ဖော်ပြထားတာ တွေ့ဖူးကြမှာပါ။ စာအုပ်ထဲမှာ ပါဝင်တာကို စာရင်း လုပ်ပြထားတာပါ။ မြန်မာလို့ "မာတိကာ" လို့ ခေါ်ကြပါတယ်။ အလားတူပါပဲ၊ သေတ္တာထဲမှာ ပါတာကို "the contents of the box. ၊ ပုထဲမှာ ပါတာတွေကို The contents of the bottle လို့ သုံးရပါတယ်။
  • - The police officer examined the contents of Mi Mi's handbag.
  • - U Soe is looking at the (table of) contents of the book.
 - Content ရှေ့က လိုအပ်တဲ့ Noun တစ်ခု ထားပြီးလည်း သုံးလေ့ရှိပါတယ်။ အဲဒီ Noun က ညွှန်ပြတဲ့ ပစ္စည်း ဘယ်၍ ဘယ်မျှ ပါဝင်တာကို ဆိုလိုတာပါ။ Sugar content ဆိုတာ သကြားပါဝင်မှု၊ fat content ဆိုတာ အဆီပါဝင်မှု၊

Ask နောက်က Preposition ထည့်သုံးခြင်း၊ မသုံးခြင်း အဓိပ္ပာယ်များ

- ပုံမှန်အားဖြင့် "မေးတယ်" လို့ အဓိပ္ပာယ်ရတဲ့ "ask" ဟာ နောက်က Object (Noun) လိုက်မှ မေးတယ်လို့ အဓိပ္ပာယ်ထွက်ပါတယ်။ ဥပမာ-
  • The teacher asked a question.
  • The teacher asked the boy a question.
  • He asked my address.
  • He asked the girl her phone number.
- Ask နောက်မှာ "to" လိုက်ရင် "ခိုင်း" တဲ့ သဘောဆောင်ပြီးတော့ "for"လိုက်ရင်တော့ "တောင်းတယ်" လို့ အဓိပ္ပာယ်ရပါတယ်။ ဥပမာ-
  • The teacher asked me to clean the board. 
  • The stranger asked the boy to come near.
  • He asked me to dinner.
  • He asked for help.
  • The stranger asked the farmer for some money.
- လူတစ်ဦးတစ်ယောက်ရဲ့ ကျန်းမာရေး စတာတွေကို မေးတာဆိုရင်တော့ ask နောက်က "after" လိုက်ပေးရပါတယ်။ ဥပမာ-
  • He asked after your health.

Tuesday, October 4, 2016

Another နဲ့ Other သုံးမယ်ဆိုရင် သိထားသင့်တဲ့ ကွဲလွဲချက်များ


- ပထမဆုံးမှတ်သားထားရမှာက "another" ဆိုတာ "an" နဲ့ "other" ပေါင်းစပ်ထားတာဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ ဒီတော့ သူ့မှာ "an" ဆိုတဲ့ "article" ပါနေမှတော့ ဘယ်အခြား "article" မှ တွဲလို့ရတော့မလဲ။ "The a boy" လို့ သုံးမရသလိုပါပဲ။ The boy ဆို The boy ၊ a boy ဆိုလည်း a boy ပေါ့။ တစ်ခုပဲ သုံးလို့ ရပေလိမ့်မယ်။
- Other ကိုတော့ "noun" အနေနဲ့ရော"adjective" အနေနဲ့ပါ သုံးနိုင်ပါတယ်။ Noun အနေနဲ့ သုံးရင် "definite" ပေါင်းလိုက်ရင် အဓိပ္ပာယ်မှာ "the" ထည့်ပြီး "the other" ဖြစ်သွားမယ်။ "indefinite" ပေါင်းလိုက်ရင် အဓိပ္ပာယ်မှာ "an" ထည့်ပြီး "another" ဖြစ်သွားမယ်။
  • The bicycle is mine. The other is my brother's. ဒီစက်ဘီးက ငါ့စက်ဘီး။ ဟိုစက်ဘီးက ငါ့ညီရဲ့စက်ဘီး။
  • I don't like this pen. Show me another. ဒီဖောင်တိန် မကြိုက်ဘူး။ နောက်တစ်ခု ပြပေးပါ။
- Others က "Noun Plural" ဖြစ်တယ်။ "indefinite" မှာ "article" မပါဘဲ သုံးပြီး "definite" မှာ "the" ထည့်သုံးရပါတယ်။
  • Some people are honest; others are not. အချို့လူများ ရိုးသားတယ်။ အချို့ မရိုးသားဘူး။
  • I will take these two books. You can take the others. ငါ ဒီစာအုပ်နှစ်အုပ် ယူမယ်။ ကျန်တဲ့စာအုပ်တွေကို မင်းယူနိုင်တယ်။
- "Adjective" လိုသုံးရာမှာတော့ "singular" ရော "plural" မှာပါ "other" ပဲ ရှိပါတယ်။ Singular indefinite မှာတော့ "another" ပေါ့လေ။
- "others" ကို Adjective အနေဖြင့် မသုံးမိပါစေနဲ့။
  • The other boy is my friend.
  • The other boys are my friends.
  • We must find another boy to join us.
  • Watch what other people do.
Ref: ဆရာဦးသာနိုး (အင်္ဂလိပ်သဒ္ဒါ အောက်ခြေသိမ်း)

Monday, October 3, 2016

Poem/ Poetry/ Poet/ Verse/ Stanza အသုံးအနှုန်းအကြောင်းသိကောင်းစရာ

- Poem, Poetry, Poet, Verse နဲ့ Stanza ဆိုတဲ့ စကားတွေဟာ ကဗျာအတွက် သုံးတဲ့ စကားလုံးများ ဖြစ်ပါတယ်။
- ဒီစကားလုံးတွေကို သုံးတဲ့အခါ ရောထွေးမှားယွင်းတတ်တဲ့အတွက် သေသေချာချာ လေ့လာထားသင့်ပါကြောင်း။
- Poem အဓိပ္ပာယ်ကို Oxford အဘိဓါန်က ဖွင့်ထားတာက "A piece of writing in which the expression of feelings and ideas is given intensity by particular attention to diction (sometimes involving rhyme), rhythm, and imagery." ဖြစ်ပါတယ်။ မြန်မာလိုဆိုရင်တော့ "ကဗျာ"ပေါ့။ 
- ကဗျာတစ်ပုဒ်ချင်းစီကို "Poem" လို့ သုံးတာပါ။ ဥပမာ "မဲဇာတောင်ခြေ" ဟာ Poem တစ်ပုဒ်၊ "ပျဉ်းမငုတ်တို" ဟာ Poem တစ်ပုဒ်၊ "အလှကိုယ်စီ"ဟာ Poem တစ်ပုဒ် ဖြစ်ပါတယ်။
  • I like this poem.
  • This is a poem by Min Thuwun.
  • Learn these poems by heart. 
- ကဗျာ တွေကိုစုပေါင်း ပြောချင်ရင်တော့ "Poetry" ကိုပဲ သုံးရပါတယ်။ 

Sunday, October 2, 2016

VERB ရဲ့ ကောက်ကြောင်းနဲ့ Verb to "be" အကြောင်းတစ်စေ့တစ်စောင်း



- Verb ဆိုတာ ဘာလဲဆိုတာကတော့ အားလုံးသိပြီးဖြစ်မှာပါ။ အင်္ဂလိပ်ဘာသာစကားမှာ အရေးပါတဲ့  အပိုင်းအနေနဲ့ ပါဝင်နေတာပါ။ ဖြစ်ရပ် (Occurrence) ၊  လှုပ်ရှားမှု (Action) နဲ့ ဖြစ်တည်မှုအခြေအနေ ( State of being) တို့ကို မီးမောင်းထိုးပြပေးပါတယ်။
- ပုံမှန်အားဖြင့်တော့ Verb ကို အမျိုးအစားအားဖြင့် (၅)မျိုး ခွဲခြားထားလေ့ရှိပါတယ်။ 

  1. Action Verbs
  2. Auxiliary Verbs & Lexical Verb
  3. Dynamic Verbs & Stative Verbs
  4. Finite Verbs & Nonfinite Verbs 
  5. Regular Verbs & Irregular Verbs

        - နံပါတ် (1) အုပ်စုဖြစ်တဲ့ Action Verbs အုပ်စုထဲမှ ဆိုရင် Transitive Verb နဲ့ Intransitive Verb နှစ်မျိုးပါဝင်ပါတယ်။
        - နံပါတ် (၂) အုပ်စုဖြစ်တဲ့ Auxiliary Verbs မှာ Verb to "be", Verb to "Have", Verb to "Do" နဲ့ Modal Verbs များဖြစ်သော Can- could, shall- should, will- would, may- might, must, ought to ဆိုပြီး (4) မျိုးပါဝင်ပါတယ်။
        - နံပါတ် (၃)၊ (၄) နဲ့ (၅) အုပ်စုတို့ကို နံပါတ် (၁) အုပ်စုထဲမှ Transitive and Intransitive အုပ်စုနဲ့ ပေါင်းစပ်ပြီး အုပ်စုတစ်ခုတည်းအဖြစ် ဖွဲ့စည်းလိုက်ပါတယ်။
        - ဒါကြောင့် Verb ကို အုပ်စုအားဖြင့် (၃) မျိုးပဲ မှတ်ယူနိုင်ပါတယ်။ အဲဒါတွေကတော့...

        Saturday, October 1, 2016

        House နှင့် Home အသုံးပြုပုံ ကွဲပြားမှု ကို ဆရာကြီး ဦးသာနိုး၏ ရှင်းလင်းချက်

        - မြန်မာစကားမှာ "အိမ်" ပဲ ရှိတဲ့အတွက် ကျောင်းသားတွေ အင်မတန်မှားတတ်တဲ့ စကားလုံးနှစ်လုံးဖြစ်တယ်။ သေသေချာချာ ခွဲခြားမှတ်သားဖို့ လိုပါလိမ့်မယ်။
        - ပထမဆုံး မှတ်ရမှာက House ဆိုတာ လူနေတာရော၊ မနေတာရော၊ အဆောက်အုံမှန်သမျှ(any building) ကို ခေါ်တာဖြစ်တယ်။ Home ဆိုတာက ကိုယ်နေထိုင်ရာ ဖြစ်တယ်။
        - အဲဒီတော့ ကိုယ်က အထိုက်အလျှောက်တတ်နိုင်လို့ မြေကွက်လေးတစ်ကွက်ဝယ် အဲဒီမှာ အဆောက်အုံလေးတစ်ခုဆောက်တယ် ဆိုပါတော့၊ အဲဒါ house ပေါ့။ အဲဒီမှာ ခင်ဗျား နေမယ်ဆိုရင်တော့ ဒါ ခင်ဗျားရဲ့ home ဖြစ်သွားတာပေါ့။ ဒီတော့ ခင်ဗျားရဲ့ Home က House တစ်ခုဖြစ်တယ်။ (Your home is a house.)
        - ခင်ဗျားက လူမနေဘဲနဲ့ ကုန်ပစ္စည်းတွေပဲ လှောင်ဖို့ သုံးမယ်ဆိုရင်တော့လည်း သိုလှောင်ရုံဖြစ်သွားမယ်။ ဒါကို အင်္ဂလိပ်လို ware house လို့ ခေါ်တယ်။ အမေရိကန် အင်္ဂလိပ်စကားမှာတော့ store house လို့ ခေါ်တယ်။

        Monday, September 19, 2016

        Tuesday, September 13, 2016

        Noun Clause အကြောင်းသိကောင်းစရာ




        • အင်္ဂလိပ်စာလေ့လာနေသူတွေအနေနဲ့ စာဖတ်ရာမှာဖြစ်စေ၊ စာပေရေးသားရာမှာဖြစ်စေ နေ့စဉ်တွေ့နေရတဲ့အထဲမှာ Noun ဆိုတာ အမြဲတမ်းပဲ တွေ့နေရပါတယ်။ ဒါကြောင့် ဒီပို့စ်မှာ အရေးပါတဲ့ Noun Clause အသုံးပြုပုံ လေ့လာကြပါမယ်။ 
        • ကျန်တဲ့ Adjective Clause နဲ့ ပတ်သက်ပြီး

          Defining Relative Clauses ကို ဒီလင့်မှာ လေ့လာနိုင်ပြီး

          Non-Defining Relative Clauses ကို ဒီလင့်မှာ လေ့လာနိုင်ပါတယ်။

          Adverb Clause အကြောင်းကိုတော့ နောက် ပို့စ်များမှာ ထပ်မံရှင်းလင်း တင်ပြပေးပါ့မယ်။
        • ပထမဆုံး Clause ဆိုတာဘာလဲ ….. Clause ဆိုသည်မှာ Subject နဲ့ Verb တို့ပါဝင်ပြီး အချက်အလက်အစုံကို ပေးစွမ်းနိုင်ချေမရှိတဲ့ Sentence အပိုင်းအစ တစ်ခုသာဖြစ်ပါတယ်။ ဒါကြောင့် Clause ကို နှစ်ပိုင်းပိုင်းပြီး dependent, or subordinate နဲ့ Independent or Main Clause ဆိုပြီး သတ်မှတ်ကြပါတယ်။ Subject နဲ့ Verb တို့ ပါဝင်တာချင်းအတူတူ Sentence အဖြစ်ရပ်တည်နိုင်ရင် Independent Clause ဖြစ်ပြီး Sentence အဖြစ်မရပ်တည်နိုင်ရင် Dependent Clause ဖြစ်ပါတယ်။ 
        • Clause တွေဖြစ်တဲ့ Noun Clause, Adjective Clause နဲ့ Adverb Clause တို့ကို Complex Sentence တွေမှာ တွေ့ရမှာ ဖြစ်သည့်အတွက် Clause များကို ပိုင်ပိုင်နိုင်နိုင်လေ့လာထားမှသာလျှင် အင်္ဂလိပ်စာပေကို ဖတ်ရာမှာသော်လည်းကောင်း၊ ရေးသားရာမှာ သော်လည်းကောင်း လွယ်ကူမှာဖြစ်ပါတယ်။
        • ဒါကြောင့် ဒီပို့စ်မှာ Dependent Clause အမျိုးအစားဖြစ်တွေထဲမှ Noun Clause ကို လေ့လာကြမှာဖြစ်ပါတယ်။

        Tuesday, August 30, 2016

        အင်္ဂလိပ်စာသင်တန်း -တန်းခွဲသစ်များ ထပ်မံဖွင့်လှစ်ခြင်း

        Pioneer English Language Centre (မအူပင်)မှ စနေ၊ တနင်္ဂနွေ တန်းခွဲသစ်များ ထပ်မံဖွင့်လှစ်သင်ကြားပေးနေပါပြီ။

        အင်္ဂလိပ်စာ၊ အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်အာင် တာဝန်ယူသင်ကြားပေးပါသည်။

        Thursday, August 4, 2016

        စာဖတ်စွမ်းရည်တိုးတက်စေရန်လေ့လာစရာများ (၁၀) - Facebook’s Internet drone


        Zawgyi Version
        • Reading Skill မြင့်တက်လာစေရန် ရည်ရွယ်သောကြောင့် မြန်မာလို ဘာသာပြန်ဆိုပေးခြင်းမလုပ်တော့ပါ။
        • ဒီပို့စ်မှာ အကြောင်းအရာအားဖြင့် တစ်ခုတည်းကိုပဲ Level-1, Level-2, Level-3 ဆိုပြီး Level အလိုက်ဖတ်နိုင်စေရန် ရည်ရွယ်ပါတယ်။ မူရင်း Story ကတော့ Level-3 ပါ။
        • Level တစ်ခုချင်းစီမှာ သက်ဆိုင်ရာ Glossary များကို ခွဲထုတ်ရှင်းလင်းပေးထားပါတယ်။ 
        • မိုင်တစ်ထောင်ခရီးရဲ့ အစဟာ ပထမဆုံးခြေလှမ်းကနေ စတာပါ။ ကဲဗျာ ...အခု စတင်လေ့လာကြည့်ရအောင်....   
        • Level 3 ကိုဖတ်ရင်း အောက်ပါဗီဒီယိုကိုကြည့်နိုင်ပါတယ်။ 
        Unicode Version
        •  အင်္ဂလိပ်စာဖတ်ရာမှာ တစ်ဆင့်ချင်းစီ စာဖတ်စွမ်းရည်မြှင့်တက်လာစေရန် ရည်ရွယ်ပြီး စိတ်ဝင်စားဖွယ်အကြောင်းအရာများကို တင်ပြပေးသွားပါမယ်။

        Monday, August 1, 2016

        Native Speaker တွေပြောဆိုတာကို နားလည်နိုင်စေဖို့ နည်းလမ်းကောင်း


        • ကျွန်တော်တို့လို English ဘာသာစကားကို Second Language အဖြစ်အသုံးပြုနေသူများအတွက် အင်္ဂလိပ်စကားပြောဆိုသုံးနှုန်းရာမှာ မသိမဖြစ် သိထားသင့်တဲ့အပိုင်းကတော့ Native Speaker တွေရဲ့ လေယူလေသိမ်း (Accent) ကို ဖမ်းယူနိုင်ဖို့ နဲ့ Native Speaker နီးနီး ပြောဆိုနိုင်ဖို့ Reduced Form or Informal Contractions တွေကို သိထားရမှာ ဖြစ်ပါတယ်။
        • ဥပမာ - What are you going to do? ဆိုတဲ့ အသုံးကို Native Speaker က သုံးလေ့ရှိတဲ့ လေယူလေသိမ်းက Whatcha going to do? →Whatcha gonna do? ဖြစ်ပါတယ်။ ဒီလေယူလေသိမ်းကို မသိထားဘူး၊ မလေ့လာထားဘူးဆိုရင် သူဘာပြောလိုက်မှန်း မသိနိုင်တော့ပါဘူး။ ဒီဥပမာမှာဆိုရင် What are you ကို Whatcha သော်လည်းကောင်း၊ What are you going ကို Whatcha gonna သော်လည်းကောင်း Contraction ပုံစံနဲ့ ပြောဆိုသုံးနှုန်းသွားတာကို သိထားရမှာပါ။ 

        Wednesday, July 27, 2016

        IELTS Reading: Academic Reading ပိုင်းအတွက်သိကောင်းများနှင့်နမူနာပုံစံများ



        • IELTS Reading အပိုင်းမှာ Academic module ပိုင်းနဲ့ General module ပိုင်းဆိုပြီး နှစ်ပိုင်းခွဲခြားထားပါတယ်။ Academic Module ပိုင်းကတော့ အင်္ဂလိပ်ဘာသာစကားကို မိခင်ဘာသာအဖြစ်အသုံးပြုတဲ့နိုင်ငံတွေ (ဥပမာ- Australia, Britain, United State) မှာ သွားရောက်ပညာသင်လိုသော ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းသားများအတွက် ဖြစ်ပြီး General Module အပိုင်းကတော့ ၄င်းနိုင်ငံများမှာ သွားရောက်အလုပ်လုပ်လိုသော သူများအတွက်ဖြစ်ပါတယ်။
        • ဒီပို့စ်မှာတော့ Academic Module ပိုင်းနဲ့ ပတ်သက်ပြီး Tips and Strategies များကို တင်ပြပေးသွားမှာဖြစ်ပါတယ်။ 
        • Academic Reading ပိုင်းရဲ့ Strategies များကိုတော့ နောက်ပို့စ်များမှာ ဆက်လက်ရေးသားရှင်းပြပေးသွားပါမယ်။

        Sunday, July 24, 2016

        စာဖတ်စွမ်းရည်တိုးတက်စေရန်လေ့လာစရာများ (၉) - Superhero Window Cleaners

        Zawgyi Version
        • Reading Skill မြင့်တက်လာစေရန် ရည်ရွယ်သောကြောင့် မြန်မာလို ဘာသာပြန်ဆိုပေးခြင်းမလုပ်တော့ပါ။
        • ဒီပို့စ်မှာ အကြောင်းအရာအားဖြင့် တစ်ခုတည်းကိုပဲ Level-1, Level-2, Level-3 ဆိုပြီး Level အလိုက်ဖတ်နိုင်စေရန် ရည်ရွယ်ပါတယ်။ မူရင်း Story ကတော့ Level-3 ပါ။
        • Level တစ်ခုချင်းစီမှာ သက်ဆိုင်ရာ Glossary များကို ခွဲထုတ်ရှင်းလင်းပေးထားပါတယ်။ 
        • မိုင်တစ်ထောင်ခရီးရဲ့ အစဟာ ပထမဆုံးခြေလှမ်းကနေ စတာပါ။ ကဲဗျာ ...အခု စတင်လေ့လာကြည့်ရအောင်....   
        • Level 3 ကိုဖတ်ရင်း အောက်ပါဗီဒီယိုကိုကြည့်နိုင်ပါတယ်။ 

        Tuesday, July 19, 2016

        အင်္ဂလိပ်လို ကိန်းဂဏန်းများ၊ နံပါတ်ကြီးများကို ရေး၊ဖတ်၊ပြောဆိုပုံ

        • အင်္ဂလိပ်လို ကိန်းဂဏန်းတွေ၊ နံပါတ်ကြီးတွေကို ဖတ်ရာမှာ ဖြစ်ဖြစ်၊ ပြောရာမှာဖြစ်ဖြစ်၊ ရေးရာမှာဖြစ်ဖြစ် သိသားသင့်တဲ့ အပိုင်းတွေကို ဒီပို့စ်မှာ ရေးသားတင်ပြပေးသွားပါမယ်။ အများစုသိထားနိုင်တာကတော့ "one to thousand (1,2,3,.....100,101,...200.....1000" လောက်ထိတော့ အခက်အခဲမရှိရေးနိုင်ဖတ်နိုင်ပြောနိုင်ကြပါတယ်။ ကိန်းဂဏန်းတွေကြီးလာပြီး သို့မဟုတ် များလာပြီဆိုရင်တော့ ရုတ်တရက် ဖတ်ရတာ ခက်သွားတတ်ပါတယ်။ Listening ပိုင်းမှာဆိုရင် နားထောင်ပြီး ပြန်ရေးဖြေရတော့မယ်ဆို မကျွမ်းကျင်ရင် ဘာမှန်းမသိဖြစ်သွားတတ်ပါတယ်။ အင်္ဂလိပ်လို Big Numbers တွေဖတ်ပုံ၊ ဖတ်နည်းလေး ရေးပေးဖို့ တောင်းဆိုထားတဲ့သူတွေ ရှိနေတာကြောင့် ဒီပို့စ်နဲ့ ရေးသားရှင်းပြလိုက်ရပါတယ်။

        Monday, July 18, 2016

        (၆၉) နှစ်မြောက် အာဇာနည်နေ့ အမှတ်တရ

        Aung San Zarni

        Born on 13 February was he
        Born in 1915, son of Lawyer U Hpa
        Of Natmauk, in Magwe District
        Mother's name was Daw Suu
        The year 1947 died he
        On 19 July everyone wept
        He is the cause of our Independence
        He is the father of this nation.
        The blessings he had given us, the words he had uttered ...
        How can we ever take
        those out of our minds ...

            အောင်ဆန်းဇာနည်
        *******************
            ဖေဖေါ်ဝါရီ ဆယ့်သုံး မှာ
            ဗိုလ်ချုပ်မွေးနေ့ပါ၊
            တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး
            ရှေ့နေ ဦးဖာသား၊
            ဇာတိ နတ်မောက် မကွေးခရိုင်
            သိကြများ ခုတိုင်၊
            ကြံ့ကြံ့ခိုင်လို့ ဇာနည်ဘွား
            မိခင်ဒေါ်စုသား၊
            တစ်ထောင့်ကိုးရာလေးဆယ့်ခွန်
            ပြောင်းကြွ တမလွန်၊
            မျက်ရည်သွန်လို့ ဘဝင်ညှိုး
            ဇူလိုင် တစ်ဆယ့်ကိုး။
            ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
            ဗိုလ်ချုပ် တို့ဖခင်၊
            ကောင်းစေချင်တဲ့ မှာစကား
            ငါတို့ မမေ့အား။

        Much နဲ့ Many ကို အသုံးပြုပုံအသေးစိတ်



        • IELTS သင်ခန်းစာတွေပဲဖတ်နေရတော့ပျင်းနေမှာစိုးလို့.. အလှည့်အပြောင်းအနေဖြင့် Grammar ပိုင်းမှာ ရောထွေးတတ်တဲ့ အပိုင်းလေးတွေကို မကြာခဏဆိုသလို ရေးသား တင်ပြပေးသွားပါမယ်။ အခုဒီပို့စ်မှာတော့ "Many" နဲ့ "Much" အသုံးချမှု ကွဲပြားပုံကို ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။
        • Much နဲ့ Many နှစ်ခုစလုံးကို Quantity (အရေအတွက်) တွေကို ဖော်ပြချင်တဲ့အခါမျိုးမှာ အသုံးပြုပါတယ်။ အကြမ်းဖျင်းအားဖြင့် Much က uncountable အတွက်သုံးမှာဖြစ်ပြီး၊ Many က Countable အတွက်အသုံးပြုမှာဖြစ်ပါတယ်။ ဒီပို့စ်မှာ Much and Many တို့ရဲ့ Countable and Uncountable အတွက် ဘယ်လိုအခြေအနေမျိုးတွေမှာ အသုံးပြုလဲဆိုတာကို အသေးစိတ်လေ့လာကြရမှာပါ။

        Questions about quantity (1) – Countable Nouns


        အခု Quantity နဲ့ ပတ်သက်ပြီး စတင်လေ့လာကြပါမယ်။ အောက်ပါဥပမာများကို လေ့လာသုံးသပ်ကြည့်ရအောင်ပါ။
        • -      How many apples are there?
        • -      How many eggs are there?
        • -      How many bananas are there?

        အထက်ပါ ဥပမာပါမေးခွန်းများကို ခွဲခြမ်းစိတ်ဖြာပြီး လေ့လာကြည့်ကြပါမယ်။

        Saturday, July 16, 2016

        Indefinite Articles “a”, “an” အကြောင်းသိကောင်းစရာများ




        • Article မှာ “definite article” နှင့် “indefinite article” ဆိုပြီး နှစ်မျိုးရှိတယ်ဆိုတာ သိရှိပြီးဖြစ်မှာပါ။ အခု ဒီပို့စ်မှာတော့ “indefinite article” အကြောင်းသီးသန့်လေ့လာနိုင်ရန် တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

        • “a” နဲ့ “an” များဟာ “indefinite article” များဖြစ်ကြပြီး Indefinite Article ဆိုတာက “မတိကျ၊ မသေရာမှု၊ တနည်းအားဖြင့် “not specific” လို့ ဆိုလိုတာပါ။ ဒါကြောင့် non-specific noun တွေနဲ့ ပတ်သက်ပြီး ရေးသားပြောဆိုချင်တယ်ဆိုရင် “a” “an” ကို အသုံးပြုလေ့ရှိပါတယ်။ “the” ကတော့ Definite Article ဖြစ်ပြီး တိကျသေချာတဲ့ Noun တွေ၊ တနည်းအားဖြင့် specific noun များနဲ့ ပတ်သက်ပြီး ရေးသားပြောဆိုရာမှာ အသုံးပြုကြပါတယ်။
        Article တွေဟာ Noun သီးသန့်ကိုသာ အထူးပြုပေးတာပါ။ ဥပမာ-

        Friday, July 15, 2016

        IELTS Speaking: Part 2 - Topics and Band 8.0+ Model Answers

        (May – August, 2016) မှာဖြေဆိုရမယ့် IELTS Exam မှာ Speaking Part 2 အတွက် ကြိုတင်လေ့လာထားသင့်တဲ့ Topic ၄၇ ခုကို တင်ပေးလိုက်ပါတယ်။ အခုတင်ပေးလိုက်တဲ့ ပို့စ်မှာ band score 8.0 + အဆင့်ရှိတဲ့ Model Answer များပါဝင်ပါတယ်။ ဒီပို့စ်မှာတော့ Topic ၆ခုပဲ တင်ပေးလိုက်တာဖြစ်ပြီး ကျန်တဲ့ ၄၁ ခုကို PDF အနေဖြင့် တင်ပေးလိုက်ပါတယ်။ PDF ဖိုင်ကို ဒေါင်းယူပြီး လေ့လာကြည့်လိုက်ပါ။

        1. Describe a television program that you like to watch.
        You should say:
        what program it is
        what the program is about
        how often you watch it
        and explain why you like watching this program.

        Thursday, July 14, 2016

        Cambridge IELTS 11 with Answers and Audio

        IELTS နဲ့ပတ်သက်လို့ ဘယ်လိုစာအုပ်တွေကို လေ့လာရမလဲ မေးကြလို့ လောလောဆယ် ဒီစာအုပ်ကို ညွှန်းလိုက်ရပါတယ်။ PDF နဲ့အတူ Audio ဖိုင်ပါ ပါဝင်ပါတယ်။ IELTS လေ့လာနေသူတွေအတွက်......
        အောက်ပါလင့်မှာ ဒေါင်းယူနိုင်ပါတယ်။
        http://www.mediafire.com/download/e0cbrnbfwflfvda/Cambridge_IELTS_11.rar

        IELTS Listening - Note-completion tasks & Form-completion tasks



        Note-completion tasks


        • IELTS Listening ပိုင်းရဲ့ Section(1-4) လေးပိုင်းစလုံးမှာ “Note-completion tasks” အပိုင်း ပါဝင်ပါတယ်။ မိမိဖြေဆိုရမယ့်အရာတွေကတော့ အသံဖိုင်မှာ မိမိကြားလိုက်တဲ့အထဲမှ အဖြေမှန်တွေကို ကွက်လပ်ဖြည့်ပေးရမှာဖြစ်ပါတယ်။ IELTS ရဲ့ Task-type မေးခွန်းတိုင်းမှာ မိမိတို့လိုက်နာသင့်တဲ့ “Strategy” တစ်မျိုးမျိုးတော့ အမြဲရှိပါတယ်။ အခုရေးသားရှင်းပြပေးမယ့် “Note-completion task” နဲ့ "Form-completion tasks" ရဲ့ Strategy ကတော့ ရိုးရှင်းပါတယ်။ ဒါပေမဲ့ လေ့လာထားရမယ့်အပိုင်းလည်း ဖြစ်ပါတယ်။

        • မိမိတို့အနေဖြင့် Task တွေရဲ့ ညွှန်ကြားချက်တွေ၊ လမ်းညွှန်ချက်တွေကို သေသေချာချာဂရုစိုက်ဖတ်သင့်ပါတယ်။ Instruction တိုင်းမှာ “word Limit” လို့ခေါ်တဲ့ စကားလုံးသန့်ချက် ရှိပြီးတော့ Instruction ကို သေချာမဖတ်မိဘဲ ဖြေလိုက်မယ်ဆိုရင်အဖြေမှန်ဖို့နဲ့ အမှတ်ကောင်းကောင်းရရှိဖို့ ခက်ခဲသွားပါလိမ့်မယ်။

        • အောက်ပါဥပမာကိုလေ့လာကြည့်ပါ။ ဒီအပိုင်းမှာ အဖြေတစ်ခုစီအတွက် instruction က “NO MORE THAN TWO WORDS AND/OR A NUMBER”

        Wednesday, July 13, 2016

        IELTS Listening: Section-1 အတွက် လေ့လာထားသင့်သည်များ





        • IELTS Listening အပိုင်းအရေးကြီးဆုံးက “Spelling” (စာလုံးပေါင်း) ဖြစ်ပါတယ်။ အထူးသဖြင့် Section 1 မှာ “name, an address, a telephone number နဲ့ သက်ဆိုင်ရာအချက်အလက်များကို ရေးပြခိုင်းမှာပါဖြစ်ပါတယ်။
        • “Gloucester Street” ကိုစာလုံးပေါင်းပြရမယ် ဥပမာဆိုပါစို့။ အသံဖိုင်မှာ ကြားလိုက်ရတာက “I live at Gloucester Street. G – L – O – U – C – E – S – T – E – R” လိုဖြစ်နိုင်ပါတယ်။ အဲဒီလိုဆို နားကြားမှားနိုင်တာက “G” နဲ့ “J”အသံဖြစ်နိုင်ပါတယ်။ ဒါကြောင့်ဒီလို “Street Name” မျိုးအလားတူဖြေဆိုရမယ့်အပိုင်းများအတွက် “English alphabet” တွေကို တစ်လုံးချင်းစီ အသံထွက်မှန်ကန်အောင် လေ့ကျင့်ထားမှာ အဆင်ပြေမှာပါ။

        • ကျွန်တော်တို့မြန်မာတွေအတွက် အချို့သော အင်္ဂလိပ်အက္ခရာစကားလုံးတွေကို အသံထွက်က British, American, Australian အသံထွက်တွေနဲ့ အနည်းငယ်ကွဲပြားနေတတ်ပါတယ်။ ဥပမာ “P”

        Tuesday, July 12, 2016

        Public Holidays 2016


        • What does Christmas fall on in 2016?   
        • What day is Christmas in 2016?
        • When is Independence Day in Myanmar?
        မေးခွန်းအနေဖြင့် အထက်ပါအတိုင်းမေးနိုင်ပါတယ်။ အနီရောင်နဲ့ ပြထားသောနေရာမှာ မိမိမေးချင်သော  Public Holiday ကိုထည့်သွင်းမေးမြန်းနိုင်ပါတယ်။


        Public Holidays 2016
        This list has now been updated to reflect the official 2016 dates released by the Myanmar Government.
        Date
        Day
        Holiday
        4 Jan
        Mon
        Independence Day
        10 Jan
        Sun
        Kayin New Year
        12 Feb
        Fri
        Union Day
        2 Mar
        Wed
        Peasants' Day
        23 Mar
        Wed
        Full Moon Day of Tabaung
        27 Mar
        Sun
        Armed Forces Day

        Monday, July 11, 2016

        Day, Date, Month, Year တို့ကို ဘယ်လိုပြောမလဲ...



        • ဒီပို့စ်လေးအကြောင်းမရှင်းပြခင် မေးခွန်းလေးတစ်ခု မေးကြည့်ပါရစေ။

        -      When is your birthday? ဖြေကြည့်ပေးပါ။

        • မေးခွန်းက ရိုးရိုးရှင်းရှင်းလေးပါပဲ။ ဒါပေမဲ့ အင်္ဂလိပ်ဘာသာစကားကိုလေ့လာနေသူအများစု ရုတ်တရက်မဖြေတတ်ဘဲ ကြောင်သွားလေ့ရှိတတ်ကြပါတယ်။ တနည်းအားဖြင့်တော့ ဒီရိုးရှင်းတဲ့မေးခွန်းကို မှန်မှန်ကန်ကန်မဖြေတတ်ကြတာ များပါတယ်။

        • ဒါကြောင့် ဒီပို့စ်မှာ Day, Date, Month, Year တို့ကို ဘယ်လိုပြောမလဲ ဆိုတာကို လေ့လာကြရမှာဖြစ်ပါတယ်။ ဒီအပိုင်းက IELTS လေ့လာနေသူတွေပါ အကြုံးဝင်ပါတယ်။ IELTS Listening ပိုင်း Section 1 မှာ မေးလေ့ရှိပါတယ်။ အခု စတင်လေ့လာကြည့်ရအောင်ပါ။
        • စာနဲ့ရေးသားထားတာမျိုးကို ဘယ်လိုဖတ်ရမလဲဆိုတာကနေ စတင်ကြည့်ရအောင်ပါ။ ဥပမာအနေဖြင့်-

        IELTS Listening အကြောင်းသိကောင်းစရာများ






        • IELTS Listening ပိုင်းကလည်း Speaking ပိုင်းမှာလိုပဲ Academic ပိုင်းမှာရော၊ General ပိုင်းမှာရော Test ပိုင်းက အတူတူပါပဲ။ စုစုပေါင်းဖြေဆိုချိန်က မိနစ် ၄၀ ကြာပါမယ်။ မေးခွန်းပေါင်း ၄၀ ဖြေဆိုရပါမယ်။ အပိုင်းအားဖြင့် ၄ ပိုင်းပါဝင်ပြီးတော့ အပိုင်းတစ်ပိုင်းချင်းစီအတွက် ၁၀ မိနစ်အချိန်ရပါတယ်။ သေသေချာချာလေ့လာထားမယ်ဆိုရင် အချိန်တွေပိုနိုင်တဲ့အတွက် စိတ်ပူစရာတော့မလိုအပ်ပါဘူး။
        • Listening ပိုင်းမှာ Section 1 မှစပြီး Section 4 အထိ တဖြည်းဖြည်း ပိုပိုခက်ခဲလာပါမယ်။ အပိုင်းတစ်ပိုင်းမှာ မေးခွန်း ၁၀ခုအတွက် ၁၀ မှတ်ပေးထားပြီးတော့ အပိုင်းအားဖြင့် ၄ပိုင်း မေးခွန်းအားဖြင့် ၄၀ခု၊ အမှတ်အားဖြင့် မေးခွန်းတစ်ခုအတွက် တစ်မှတ်၊ စုစုပေါင်း အမှတ် ၄၀ ဖြစ်ပါတယ်။

        Sunday, July 10, 2016

        Defining Relative Clauses အတွက် လေ့ကျင့်ခန်းများ

        Relative Clauses များအကြောင်းသိကောင်းစရာ - Defining Relative Clauses ကိုပေးထားတဲ့လင့်မှာ ရှင်းပြခဲ့ပြီးဖြစ်ပါတယ်။

        နောက်ဆက်တွဲအနေဖြင့် လေ့ကျင့်ခန်းများကို ဖြေကြည့်ပါ။

        Defining Relative Clauses Exercise 1

        Make one sentence from the two short ones. The sentence in italics should become the relative clause. The relative pronoun is the subject of the relative clause.
        1. She worked for a man. The man used to be an athlete. _______________________________________________________________
        2. They called a lawyer. The lawyer lived nearby. _______________________________________________________________
        3. I sent an email to my brother. My brother lives in Australia. _______________________________________________________________
        4. The customer liked the waitress. The waitress was very friendly. _______________________________________________________________
        5. We broke the computer. The computer belonged to my father. _______________________________________________________________
        6. I dropped a glass. The glass was new. _______________________________________________________________
        7. She loves books. The books have happy endings. _______________________________________________________________

        Saturday, July 9, 2016

        IELTS Speaking: Speaking PART 3 အသုံးဝင်သော Vocabulary များ




        IELTS Speaking: PART 3 အတွက် Tips and Strategies ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီပို့စ်မှာ ရေးသားခဲ့ပြီးဖြစ်ပါတယ်။ အခုရေးတဲ့ပို့စ်ကတော့ Part 3 အတွက် အသုံးဝင်တဲ့ Vocabulary and Linking Phrase များပဲ ဖြစ်ပါတယ်။


        IELTS Part 3 မှာ မိမိအနေဖြင့် Topic နဲ့ပတ်သက်တဲ့ စိတ်ကူးစိတ်သန်းတွေ၊ အကြံဥာဏ်တွေကိုဖော်ပြရာမှာ သွက်သွက်လက်လက် ဖြေဆိုပြောပြနိုင်ဖို့ လိုအပ်ပါတယ်။ စာစစ်သူနဲ့အပြန်အလှန်ဆွေးနွေးပြောဆိုနေစဉ်မှာ Vocabulary များကို ပိုင်နိုင်ကျွမ်းကျင်စွာအသုံးပြုပြီး၊ Linking Phrase များ ဝေဝေဆာဆာ သုံးနိုင်မယ်ဆိုရင် မိမိအတွက် အကောင်းဆုံးဖြစ်မှာပါ။ 

        ဒါကြောင့် Part 3 အတွက် အထောက်အကူဖြစ်စေနိုင်တဲ့အောက်ပါ Vocabulary များ၊ Linking Phrase များဆက်လက်လေ့လာကြည့်ပါ။
        Let’s see some phrases you can use when you state your opinion:
        • In my opinion,
        • I firmly believe that…

        စာဖတ်စွမ်းရည်တိုးတက်စေရန်လေ့လာစရာများ (၈)- Baby warthogs

        • Reading Skill မြင့်တက်လာစေရန် ရည်ရွယ်သောကြောင့် မြန်မာလို ဘာသာပြန်ဆိုပေးခြင်းမလုပ်တော့ပါ။
        • ဒီပို့စ်မှာ အကြောင်းအရာအားဖြင့် တစ်ခုတည်းကိုပဲ Level-1, Level-2, Level-3 ဆိုပြီး Level အလိုက်ဖတ်နိုင်စေရန် ရည်ရွယ်ပါတယ်။ မူရင်း Story ကတော့ Level-3 ပါ။
        • Level တစ်ခုချင်းစီမှာ သက်ဆိုင်ရာ Glossary များကို ခွဲထုတ်ရှင်းလင်းပေးထားပါတယ်။ 
        • မိုင်တစ်ထောင်ခရီးရဲ့ အစဟာ ပထမဆုံးခြေလှမ်းကနေ စတာပါ။ ကဲဗျာ ...အခု စတင်လေ့လာကြည့်ရအောင်....   
        • Level 3 ကိုဖတ်ရင်း အောက်ပါဗီဒီယိုကိုကြည့်နိုင်ပါတယ်။ 

        Baby warthogs – level 1


        Chester Zoo is in England. It has three new animals: warthog babies. Their names are Hedwig, Nagini and Aragog. These are names from the “Harry Potter” books. There are two girls and a boy. They are just 20 centimetres tall.

        Friday, July 8, 2016

        Conditional Sentence များအကြောင်းသိကောင်းစရာ (Third Conditionals)

        • Zero ConditionalsFirst Conditional နဲ့ Second Conditionals များအကြောင်းကို တင်ပြခဲ့ပြီးဖြစ်ပါတယ်။
        • အခုဆိုရင် Conditional sentence များကို တင်ပြလာတာ နောက်ဆုံးအပိုင်းဖြစ်တဲ့ Third Conditionals အပိုင်းကို ရောက်လာပါပြီ။ Second Conditionals နဲ့ အခုတင်ပြမယ့် Third Conditionals များဟာ Unreal Conditionals  များဖြစ်ကြပါတယ်။ အခု Third Conditionals များအကြောင်းစတင်လေ့လာကြည့်ရအောင်ပါ။
        • Third Conditionals က ဘာကို ဖော်ပြပေးသလဲဆိုတော့ "စိတ်ကူးယဉ်ဆန်တဲ့ မဖြစ်နိုင်မှုတွေကို အတိတ်မှာဖြစ်ခဲ့ချင်တာမျိုး"ကို ဖော်ပြချင်ရင် သုံးတာပါ။ ဒါကြောင့် Second Conditionals လိုပဲ Unreal Conditionals အမျိုးအစားပဲဖြစ်ပါတယ်။ 
        • မဖြစ်နိုင်ခဲ့တဲ့အရာတွေနဲ့ပတ်သက်ပြီး ရလဒ်ကောင်းလိုချင်ခဲ့မိတာကို လက်ရှိအချိန်မှာ စိတ်ကူးယဉ်တာမျိုးအတွက်ပါ။ ဥပမာ-
        (Yesterday, you played the lottery. But you did not win. )ဆိုတဲ့အတိတ်ကာလက မဖြစ်ခဲ့တာကို အခုလက်ရှိမှာ စိတ်ကူးယဉ်နေတယ် ဆိုတဲ့အဓိပ္ပာယ်မျိုးပါ။ အဲဒါကို Third Conditionals နဲ့ စိတ်ကူးယဉ်မျှော်လင့်မှုကို ဒီလိုရေးပါမယ်။

        IELTS Speaking: Speaking PART 2 အတွက်အသုံးဝင်သော Vocabulary များ

        • IELTS Speaking: PART 2 အတွက် Tips and Strategies များကို ဒီလင့်မှာ ဖတ်နိုင်ပါတယ်။
        • Speaking Part 2 မှာ ဖြေဆိုခဲ့သလို အကြောင်းအရာ (Topic) တစ်ခုခုနဲ့ပတ်သက်ပြီး တစ်ဦးတည်းပြောဆိုရတဲ့ Short monologue speaking ပုံစံသည် တစ်နည်းအားဖြင့် Writing ကို နှုတ်တိုက်ဖြေဆိုရတာနဲ့ ပုံစံတူတယ်ဆိုတာ သိထားသင့်ပါတယ်။
        • မိမိစတင်ပြောဆိုပြီးဆိုတာနဲ့ ပြောမယ့်အကြောင်းအရာဆိုင်ရာ နိဒါန်း(introduction) ကိုပြောရတော့မှာဖြစ်ပါတယ်။ Introduction ကို စပြောမယ်ဆိုရင် အဖွင့်စာကြောင်း (opening sentence ကို စတင်မိတ်ဆက်ပြောပြရတော့မှာပါ။ ပြီးရင် စာကိုယ်ပိုင်း (main body)လာပါမယ်။ Main body က မိမိအမေးခံရဖွယ်ရှိတဲ့ အချက်အလက်အားလုံးကို ခြုံငုံမိဖို့ (cover all the points of main body) လိုအပ်ပါတယ်။ အနည်းဆုံးတော့ အခွင့်အရေးရမယ်ဆိုရင်

        စာဖတ်စွမ်းရည်တိုးတက်စေရန်လေ့လာစရာများ (၇) - Body on Copacabana

        • Reading Skill မြင့်တက်လာစေရန် ရည်ရွယ်သောကြောင့် မြန်မာလို ဘာသာပြန်ဆိုပေးခြင်းမလုပ်တော့ပါ။
        • ဒီပို့စ်မှာ အကြောင်းအရာအားဖြင့် တစ်ခုတည်းကိုပဲ Level-1, Level-2, Level-3 ဆိုပြီး Level အလိုက်ဖတ်နိုင်စေရန် ရည်ရွယ်ပါတယ်။ မူရင်း Story ကတော့ Level-3 ပါ။
        • Level တစ်ခုချင်းစီမှာ သက်ဆိုင်ရာ Glossary များကို ခွဲထုတ်ရှင်းလင်းပေးထားပါတယ်။ 
        • မိုင်တစ်ထောင်ခရီးရဲ့ အစဟာ ပထမဆုံးခြေလှမ်းကနေ စတာပါ။ ကဲဗျာ ...အခု စတင်လေ့လာကြည့်ရအောင်....   
        • Level 3 ကိုဖတ်ရင်း အောက်ပါဗီဒီယိုကိုကြည့်နိုင်ပါတယ်။

        Body on Copacabana – level 1

        Thursday, July 7, 2016

        IELTS Speaking: PART 3 အတွက် Tips and Strategies




        • IELTS Speaking part 3 ကတော့ Part 2 မှာ ဖြေဆိုခဲ့တဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး မေးခွန်းများကို စာစစ်သူက မေးမြန်ပါလိမ့်မယ်။ ဒါပေမဲ့ မေးခွန်းတွေဟာ ပိုပြီးတော့ ယေဘုယျသဘောဆန်တဲ့၊ ကောက်နှုတ်ချက်ဆန်တဲ့ မေးခွန်းများကို ဖြစ်လေ့ရှိပါတယ်။ ဒီအပိုင်းမှာတော့ Part 2 မှာဖြေဆိုခဲ့တဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ပြောဆိုရှင်းပြဖြေဆိုပေးရရုံတင်မက ၄င်းအကြောင်းအရာနဲ့ ပတ်သက်တာတွေကို ခွဲခြမ်းစိတ်ဖြာပြီး စာစစ်သူနဲ့ အပြန်အလှန်ဆွေးနွေးပြောဆိုရမယ့် အပိုင်းလည်းဖြစ်ပါတယ်။

        စာဖတ်စွမ်းရည်တိုးတက်စေရန်လေ့လာစရာများ (၆) - Attack in Saudi Arabia

        • လက်တလော ဖတ်မိတဲ့ Breaking News သတင်းတစ်ခု ဖတ်နေရင်းနဲ့ သတင်းကိုလည်း စိတ်ဝင်စားသူများ၊ အင်္ဂလိပ်စာဖတ်စွမ်းရည် မြှင့်လာစေရန် update ဖြစ်တဲ့ ဒီသတင်းကို တင်ပေးလိုက်ပါတယ်။
        • Reading Skill မြင့်တက်လာစေရန် ရည်ရွယ်သောကြောင့် မြန်မာလို ဘာသာပြန်ဆိုပေးခြင်းမလုပ်တော့ပါ။
        • ဒီပို့စ်မှာ အကြောင်းအရာအားဖြင့် တစ်ခုတည်းကိုပဲ Level-1, Level-2, Level-3 ဆိုပြီး Level အလိုက်ဖတ်နိုင်စေရန် ရည်ရွယ်ပါတယ်။ မူရင်း Story ကတော့ Level-3 ပါ။

        Attack in Saudi Arabia – level 1


        There are suicide bombings in Saudi Arabia.

        ပုံပြင်တွေကိုနားထောင်ရင်း အင်္ဂလိပ်စာလေ့လာမယ် - White Death (Level 1)

        • အခု "Listening Level 1" အတွက် Story တစ်ပုဒ်ကို ဆက်လက် နားထောင်လေ့လာကြည့်ကြပါမယ်။
        • "Level 0" မှာထက် ဇာတ်လမ်းပြောပြသူ (Storyteller) ရဲ့ Speed ဟာ မသိမသာလေး မြန်လာပါမယ်။ ဇာတ်လမ်းကလည်း နည်းနည်းပိုရှည်ကြာလာပါမယ်။ ပထမဆုံးအကြိမ် နားထောင်တဲ့အခါ ရုတ်တရက် နားမလည်နိုင် ဖြစ်နိုင်ပါတယ်။ စိတ်မပျက်ဘဲ ထပ်ခါထပ်ခါ အကြိမ်ကြိမ် နားလည်အောင်ကြိုးစားပါ။
        • "White Death" ဆိုတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ 
        • Listening Skill အတွက် (Level 1) ဖြစ်ပါတယ်။ နောက်ပိုင်းမှာ Level တွေကို တစ်ဆင့်ချင်းမြှင့်မြှင့်ပြီး တင်ပေးသွားပါမယ်။
        • ဒီဇာတ်လမ်းထဲမှ အနည်းငယ်ဖော်ပြပေးလိုက်ပါတယ်......"  
        Short description:
        Sarah Harland is nineteen, and she is in prison. At the airport, they find heroin in her bag. So, now she is waiting to go to court. If the court decides that it was her heroin, then she must die.

        စာဖတ်စွမ်းရည်တိုးတက်စေရန်လေ့လာစရာများ (၅) - Asteroid with rings

        • Reading Skill မြင့်တက်လာစေရန် ရည်ရွယ်သောကြောင့် မြန်မာလို ဘာသာပြန်ဆိုပေးခြင်းမလုပ်တော့ပါ။
        • ဒီပို့စ်မှာ အကြောင်းအရာအားဖြင့် တစ်ခုတည်းကိုပဲ Level-1, Level-2, Level-3 ဆိုပြီး Level အလိုက်ဖတ်နိုင်စေရန် ရည်ရွယ်ပါတယ်။ မူရင်း Story ကတော့ Level-3 ပါ။
        • Level တစ်ခုချင်းစီမှာ သက်ဆိုင်ရာ Glossary များကို ခွဲထုတ်ရှင်းလင်းပေးထားပါတယ်။ 
        • မိုင်တစ်ထောင်ခရီးရဲ့ အစဟာ ပထမဆုံးခြေလှမ်းကနေ စတာပါ။ ကဲဗျာ ...အခု စတင်လေ့လာကြည့်ရအောင်....   
        • Level 3 ကိုဖတ်ရင်း အောက်ပါဗီဒီယိုကိုကြည့်နိုင်ပါတယ်။

        Asteroid with rings - level 1

        Scientists find a special asteroid.

        Wednesday, July 6, 2016

        IELTS Speaking: PART 2 အတွက် Tips and Strategies



        • Speaking Part 2 မှာတော့ အကြောင်းအရာတစ်ခုခု (Topic) နဲ့ပတ်သက်ပြီး ၂ မိနစ်ခန့်ဆက်တိုက်ပြောဆိုပြီး ဖြေရမယ့်အပိုင်းပါ။ ပြောဆိုရမယ့်အကြောင်းအရာမေးခွန်းပါတဲ့ ကဒ် (card) ကို ပေးပြီးတော့ မှတ်စုတို (Note) ထုတ်ရန် ခဲတံ သို့မဟုတ် ဘောပင်နဲ့ စာရွက်အနည်းငယ်ပေးပါလိမ့်မယ်။ မေးထားတဲ့အကြောင်းအရာအတွက် ပြင်ဆင်ချိန် အနည်းငယ်လည်း ပေးထားပါတယ်။

        • စာစစ်သူရှေ့မှာ တစ်ဦးတည်းဆက်တိုက်ပြောဆိုရတဲ့အနေအထားဖြင့် ၂ မိနစ်ခန့် ပြောဆိုရမှာပါ။ သွက်သွက်လက်လက် ပြောဆိုနိုင်တဲ့ မိမိရဲ့ အရည်အချင်းနဲ့စွမ်းရည်ကို ပြသနိုင်ဖို့လိုအပ်ပါတယ်။ နောက်တစ်ချက်က မေးထားတဲ့အကြောင်းအရာနဲ့ပတ်သက်တဲ့ မိမိရဲ့ စိတ်ကူးစိတ်သန်းတွေ၊ အတွေးအခေါ်တွေကိုလည်း စနစ်တကျ ဟန်ချက်ညီညီ စုစည်းပြောဆိုနိုင်တဲ့ စွမ်းရည်ကိုလည်း ပြသနိုင်ရပါမယ်။

        • အောက်ပါ မေးခွန်းနမူနာကိုလေ့လာကြည့်ရအောင်ပါ။

        IELTS Speaking: Part 1 အတွက် Tips and Strategies



        • IELTS Speaking ပိုင်းအတွက် အရင်ပို့စ်မှာ အခြေခံသဘောတရားများကို ရှင်းပြခဲ့ပြီးဖြစ်ပါတယ်။ Speaking ပိုင်းမှာ အပိုင်း ၃ ပိုင်းဖြေဆိုရမယ်ဆိုတာလည်း ရှင်းပြခဲ့ပြီးဖြစ်တာကြောင့် အခုဒီပို့စ်မှာတော့ IELTS speaking အပိုင်း ၁ မှာ ဖြေရမယ့် Tips and Strategies တွေကိုရှင်းပြမှာဖြစ်ပါတယ်။ ကျွန်တော့်အနေဖြင့် ပို့စ်မှာ ရေးသားတဲ့ပုံစံက စာပုံစံထက် သင်တန်းမှာ သင်တဲ့ စကားပြောဟန်နဲ့ ရေးသားရှင်းပြနေတာကိုတော့ နားလည်ပေးပါ။ အခု Speaking Part 1 ကို စတင်လေ့လာကြည့်ရအောင်ပါ။

        ပုံပြင်တွေကိုနားထောင်ရင်း အင်္ဂလိပ်စာလေ့လာမယ် - Aladdin and the Enchanted Lamp (Level 1)

        • Level 0 မှာ Listening အတွက် Post သုံးခု တင်ပေးထားပါတယ်။ အခု "Listening Level 1" အတွက် ပထမဆုံး Story တစ်ပုဒ်ကို စတင် နားထောင်လေ့လာကြည့်ကြပါမယ်။
        • "Level 0" မှာထက် ဇာတ်လမ်းပြောပြသူ (Storyteller) ရဲ့ Speed ဟာ မသိမသာလေး မြန်လာပါမယ်။ ဇာတ်လမ်းကလည်း နည်းနည်းပိုရှည်ကြာလာပါမယ်။ ပထမဆုံးအကြိမ် နားထောင်တဲ့အခါ ရုတ်တရက် နားမလည်နိုင် ဖြစ်နိုင်ပါတယ်။ စိတ်မပျက်ဘဲ ထပ်ခါထပ်ခါ အကြိမ်ကြိမ် နားလည်အောင်ကြိုးစားပါ။
        • "Aladdin and the Enchanted Lamp" ဆိုတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ 
        • Listening Skill အတွက် (Level 1) ဖြစ်ပါတယ်။ နောက်ပိုင်းမှာ Level တွေကို တစ်ဆင့်ချင်းမြှင့်မြှင့်ပြီး တင်ပေးသွားပါမယ်။
        • ဒီဇာတ်လမ်းထဲမှ အနည်းငယ်ဖော်ပြပေးလိုက်ပါတယ်......" 

        စာဖတ်စွမ်းရည်တိုးတက်စေရန်လေ့လာစရာများ (၄) - Glass bridge in China

        • Reading Skill မြင့်တက်လာစေရန် ရည်ရွယ်သောကြောင့် မြန်မာလို ဘာသာပြန်ဆိုပေးခြင်းမလုပ်တော့ပါ။
        • ဒီပို့စ်မှာ အကြောင်းအရာအားဖြင့် တစ်ခုတည်းကိုပဲ Level-1, Level-2, Level-3 ဆိုပြီး Level အလိုက်ဖတ်နိုင်စေရန် ရည်ရွယ်ပါတယ်။ မူရင်း Story ကတော့ Level-3 ပါ။
        • Level တစ်ခုချင်းစီမှာ သက်ဆိုင်ရာ Glossary များကို ခွဲထုတ်ရှင်းလင်းပေးထားပါတယ်။ 
        • မိုင်တစ်ထောင်ခရီးရဲ့ အစဟာ ပထမဆုံးခြေလှမ်းကနေ စတာပါ။ ကဲဗျာ ...အခု စတင်လေ့လာကြည့်ရအောင်....   
        • Level 3 ကိုဖတ်ရင်း အောက်ပါဗီဒီယိုကိုကြည့်နိုင်ပါတယ်။ 

        Glass bridge in China - 1

        Tuesday, July 5, 2016

        IELTS Speaking: အခြေခံသဘောတရားများ



        • ဒီပို့စ်ကတော့ IELTS speaking မိတ်ဆက်ဖြစ်တဲ့အတွက် Speaking ပိုင်းမှာ မေးလေ့မေးထရှိတဲ့ အခြေခံသဘောတရားများကို ရှင်းပြပေးမှာဖြစ်ပါတယ်။ အသေးစိတ်ကို IELTS speaking Park -1 , Part – 2, Part -3 ဆိုပြီး ဆက်လက်ရှင်းပြပေးမယ့်အပြင် Speaking ပိုင်းမှာမေးတဲ့ အပိုင်းသုံးပိုင်းစလုံအတွက် လေ့လာရမဲ့ Vocabulary များ၊ ဆောင်ရန်၊ ရှောင်ရန်များကိုလည်း ရှင်းလင်းတင်ပြပေးသွားမှာဖြစ်ပါတယ်။

        • IELTS Speaking အပိုင်းက Academic module ပိုင်းမှာရော၊ General module ပိုင်းမှာပါ အတူတူပဲဖြစ်ပါတယ်။ IELTS Speaking ပိုင်းအတွက် ဖြေဆိုချိန်ကတော့ ၁၁ မိနစ်မှ ၁၄ မိနစ်ခန့်အတွင်း ကြာပါတယ်။

        • Speaking မှာ အပိုင်းအားဖြင့် ၃ ပိုင်းပါဝင်ပါတယ်။ ဖြေဆိုတဲ့သူဟာ အခြားဖြေဆိုသူတွေမပါဘဲ စာမေးပွဲစစ်ဆေးသူနဲ့ တစ်ဦးချင်း interview ဖြေရမဲ့ပုံစံပါ။ အပိုင်းသုံးပိုင်းဖြေရမှာဖြစ်ပေမဲ့ သုံးခုစလုံးအတွက် တစ်ခုချင်းစီသီးခြားခွဲပြီး အမှတ်ပေးမှာမဟုတ်ပါဘူး။

        • အခု တစ်ပိုင်းချင်းစီကိုလေ့လာကြည့်ရအောင်ပါ။

        IELTS ဆိုတာဘာလဲ…



        • IELTS နဲ့ပတ်သက်ပြီး ပထမဆုံးစတင်ရေးသားတဲ့ ပို့စ်တဲ့အတွက် IELTS ကို စတင်လေ့လာသူတွေအတွက် ရည်ရွယ်ပြီး “What’s IELTS?” ဆိုပြီး အခြေခံကနေ စတင် ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ သိပြီးသူများအတွက် ဒီပို့စ်ကို ကျော်ဖတ်သွားနိုင်ပါတယ်။
        • ဒီပို့စ်မှာတော့ "IELTS" ဆိုတာဘာလဲ ဆိုတာကို ရှင်းပြပြီး နောက်ပို့စ်တွေမှာတော့ Speaking အပိုင်းကနေ စတင်ရေးသား ရှင်းလင်းပေးမှာဖြစ်ပြီး Listening, Reading နဲ့ Writing အပိုင်းများကို အဆင်ပြေသလို ခြုံငုံလေ့လာနိုင်အောင် တင်ပြပေးသွားမှာပါ။ 
        • IELTS ဆိုတာက International English Language Testing System ကို အတိုကောက်ခေါ်တာပါ။ တကယ်တော့ IELTS ဆိုတာက "အင်္ဂလိပ်ဘာသာစကားကို ဘယ်လောက် ကျွမ်းကျင်ပိုင်နိုင်မှု ရှိသလဲ" ဆိုတာ  စမ်းသပ်စစ်ဆေးအကဲဖြတ်ပေးတဲ့ Test တစ်ခုသာဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာစကားကို လူအချင်းချင်းကြား ဆက်ဆံပြောဆိုတဲ့အခါ ဘုံဘာသာစကားတစ်ခုအနေဖြင့် အသုံးပြုနေတဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်နေသူတွေ၊ ပညာရပ်တွေကိုလေ့လာနေသူတွေရဲ့ ဘာသာစကားကျွမ်းကျင်ပိုင်နိုင်မှုကို တိုင်းတာတဲ့ စမ်းသပ်မှုတစ်ခု၊ စစ်ဆေးမှုတစ်ခုသာဖြစ်ပါတယ်။ ခြုံပြီးပြောရမယ်ဆိုရင် IELTS ဆိုတာက ကျွန်တော်တို့ရဲ့ အင်္ဂလိပ်စာဘာသာစကားနဲ့ဆိုင်တဲ့ အရေး၊ အဖတ်၊ အပြော၊ နားထောင်မှုစွမ်းတွေနဲ့ အထွေအထွေဗဟုသုတကြွယ်ဝမှုကို စစ်ဆေးတဲ့ စနစ်သာဖြစ်ပါတယ်။ IELTS ကျွမ်းကျင်မှုအဆင့်တွေကိုတော့ စတင်လေ့လာတဲ့သူတွေအတွက် အဆင့်သုည(၀) ကနေ ကျွမ်းကျင်ပိုင်နိုင်မှုအမြင့်ဆုံးအဆင့် ၉ ထိသတ်မှတ်ထားပါတယ်။ တစ်နည်းအားဖြင့် Level 0 to 9 အတွင်းသတ်မှတ်ပေးတာပါ။ တစ်ချို့တော့ Level 1 ကနေစတင်သတ်မှတ်ပြီး Level 1 to Level 9 ဆိုပြီးသတ်မှတ်ပါတယ်။ Level 0 ဆိုတာကတော့ စာမေးပွဲခန်းထဲ ဝင်ထိုင်ပြီး လုံးဝမဖြေတဲ့သူအတွက်ပါ။ ဥပမာ ကျွန်တော့်လိုမျိုး… :P :P

        Monday, July 4, 2016

        Relative Clauses များအကြောင်းသိကောင်းစရာ - Non-Defining Relative Clauses





        • Non-defining relative clauses က သူရည်ညွှန်းလိုက်တဲ့ Noun ကိုအဓိပ္ပာယ်သတ်မှတ်ပေးတာမျိုး မဟုတ်ဘဲ ၄င်း Noun နဲ့ပတ်သက်ပြီး အချက်အလက်များကို ပိုမိုပြည့်စုံအော်ဖြည့်ဆည်းပေးတာမျိုးပဲ ဖြစ်ပါတယ်။
        • Defining Relative Clauses အကြောင်းလေ့လာချင်ပါက ဒီလင့်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 
        • Noun နဲ့ Relative clause ကို ဆက်စပ်ရန် Relative Pronouns (who, whom, whose, which, that) များကို သိထားရမှာဖြစ်ပါတယ်။

        • Non-defining relative clauses ကို Spoken English မှာ သုံးလေ့သုံးထမရှိဘဲ Written English မှာပဲ အဓိက အသုံးပြုကြပါတယ်။

        • -      We visited Maha Bandula Park, which is close to Sule Pagoda.

        • (which is close to Sule Pagoda) က Non-defining relative clause ဖြစ်ပါတယ်။

        မဟာဗန္ဓုလပန်းခြံဟာ ရန်ကုန်မြို့မှာ တစ်ခုတည်း ရှိတဲ့အတွက်ကြောင့် ၄င်းပန်းခြံကို အမျိုးအမည်ခွဲခြားသတ်မှတ်တာမျိုး၊ အဓိပ္ပာယ်သတ်မှတ်တာမျိုးလုပ်ဖို့ မလိုအပ်တော့ပါ။

        Sunday, July 3, 2016

        စာဖတ်စွမ်းရည်တိုးတက်စေရန်လေ့လာစရာများ (၃) - Glass slide in the air

        • Reading Skill မြင့်တက်လာစေရန် ရည်ရွယ်သောကြောင့် မြန်မာလို ဘာသာပြန်ဆိုပေးခြင်းမလုပ်တော့ပါ။
        • ဒီပို့စ်မှာ အကြောင်းအရာအားဖြင့် တစ်ခုတည်းကိုပဲ Level-1, Level-2, Level-3 ဆိုပြီး Level အလိုက်ဖတ်နိုင်စေရန် ရည်ရွယ်ပါတယ်။ မူရင်း Story ကတော့ Level-3 ပါ။
        • Level တစ်ခုချင်းစီမှာ သက်ဆိုင်ရာ Glossary များကို ခွဲထုတ်ရှင်းလင်းပေးထားပါတယ်။ 
        • မိုင်တစ်ထောင်ခရီးရဲ့ အစဟာ ပထမဆုံးခြေလှမ်းကနေ စတာပါ။ ကဲဗျာ ...အခု စတင်လေ့လာကြည့်ရအောင်....   
        • Level 3 ကိုဖတ်ရင်း အောက်ပါဗီဒီယိုကိုကြည့်နိုင်ပါတယ်။

        Relative Clauses များအကြောင်းသိကောင်းစရာ - Defining Relative Clauses





        • အခုဒီပို့စ်မှာတော့ Spoken English နဲ့ Written English မှာ အလွန်အသုံးဝင်သော Relative Clauses များအကြောင်းကို ရှင်းလင်းတင်ပြပေးသွားမှာပါ။

        • Noun နဲ့ Relative clause ကို ဆက်စပ်ရန် Relative Pronouns (who, whom, whose, which, that) များကို သိထားရမှာဖြစ်ပါတယ်။

        • ပုံမှန်အားဖြင့် Relative Clauses ကို Defining Relative Clauses နှင့် Non-defining Clauses ဆိုပြီး နှစ်မျိုးနှစ်စားခွဲခြားထားပါတယ်။ ဒီပို့စ်မှာတော့ Defining Relative Clauses အကြောင်းကို တင်ပြပေးမှာဖြစ်ပြီး နောက်ရေးသားမဲ့ ပို့စ်မှာတော့ Non-defining Relative Clauses အကြောင်းကို တင်ပြပေးမှာဖြစ်ပါတယ်။

        • အခု Defining Relative Clauses အကြောင်းကို စတင် လေ့လာကြည့်ရအောင်ပါ။

        Saturday, July 2, 2016

        ပုံပြင်တွေကိုနားထောင်ရင်း အင်္ဂလိပ်စာလေ့လာမယ် - Mr Bean in Town (Level 1)

        • Level 0 မှာ Listening အတွက် Post သုံးခု တင်ပေးထားပါတယ်။ အခု "Listening Level 1" အတွက် ပထမဆုံး Story တစ်ပုဒ်ကို စတင် နားထောင်လေ့လာကြည့်ကြပါမယ်။
        • "Level 0" မှာထက် ဇာတ်လမ်းပြောပြသူ (Storyteller) ရဲ့ Speed ဟာ မသိမသာလေး မြန်လာပါမယ်။ ဇာတ်လမ်းကလည်း နည်းနည်းပိုရှည်ကြာလာပါမယ်။ ပထမဆုံးအကြိမ် နားထောင်တဲ့အခါ ရုတ်တရက် နားမလည်နိုင် ဖြစ်နိုင်ပါတယ်။ စိတ်မပျက်ဘဲ ထပ်ခါထပ်ခါ အကြိမ်ကြိမ် နားလည်အောင်ကြိုးစားပါ။
        • "Mr Bean in Town " ဆိုတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ 
        • Listening Skill အတွက် (Level 1) ဖြစ်ပါတယ်။ နောက်ပိုင်းမှာ Level တွေကို တစ်ဆင့်ချင်းမြှင့်မြှင့်ပြီး တင်ပေးသွားပါမယ်။
        • ဒီဇာတ်လမ်းထဲမှ အနည်းငယ်ဖော်ပြပေးလိုက်ပါတယ်......"

          Short description:

          "Mr. Bean decided to go to the restaurant on his Birthday, because he wanted to enjoy his celebration. But to be at the restaurants was unusual situation for him.

        Friday, July 1, 2016

        အင်္ဂလိပ်ဘာသာစကားဆိုင်ရာ မိမိတို့ ရောက်ရှိနေသော လှေခါးထစ် (သို့) စွမ်းရည်

        • ကျွန်တော်တို့လေ့လာနေတဲ့ ဒုတိယဘာသာစကားဖြစ်သော English ဘာသာစကားနှင့်ပတ်သက်ပြီး သိသင့်သိထိုက်သော၊ Native Speaker ပညာရှင်တွေ သတ်မှတ်ထားသော English ဘာသာဆိုင်ရာ စွမ်းရည်အဆင့် သတ်မှတ်ချက်များကို လေ့လာနိုင်ရန် ဗဟုသုတအဖြစ် တင်ပြပေးလိုက်ပါတယ်။
        • အောက်မှာ ဖော်ပြပေးလိုက်သော Level များအနက် မိမိတို့ ကိုယ်တိုင် ဘယ် Level ရောက်နေပြီလဲဆိုတာကို လေ့လာသုံးသပ်နိုင်ပြီးတော့ Level တွေမြှင့်လာအောင် ဘယ်လိုကြိုးစားလုပ်ဆောင်ကြမလဲ နည်းလမ်းတွေကို ထပ်မံရှာဖွေဆည်းပူးနိုင်ပါတယ်။

         Level - 0