Monday, October 3, 2016

Poem/ Poetry/ Poet/ Verse/ Stanza အသုံးအနှုန်းအကြောင်းသိကောင်းစရာ

- Poem, Poetry, Poet, Verse နဲ့ Stanza ဆိုတဲ့ စကားတွေဟာ ကဗျာအတွက် သုံးတဲ့ စကားလုံးများ ဖြစ်ပါတယ်။
- ဒီစကားလုံးတွေကို သုံးတဲ့အခါ ရောထွေးမှားယွင်းတတ်တဲ့အတွက် သေသေချာချာ လေ့လာထားသင့်ပါကြောင်း။
- Poem အဓိပ္ပာယ်ကို Oxford အဘိဓါန်က ဖွင့်ထားတာက "A piece of writing in which the expression of feelings and ideas is given intensity by particular attention to diction (sometimes involving rhyme), rhythm, and imagery." ဖြစ်ပါတယ်။ မြန်မာလိုဆိုရင်တော့ "ကဗျာ"ပေါ့။ 
- ကဗျာတစ်ပုဒ်ချင်းစီကို "Poem" လို့ သုံးတာပါ။ ဥပမာ "မဲဇာတောင်ခြေ" ဟာ Poem တစ်ပုဒ်၊ "ပျဉ်းမငုတ်တို" ဟာ Poem တစ်ပုဒ်၊ "အလှကိုယ်စီ"ဟာ Poem တစ်ပုဒ် ဖြစ်ပါတယ်။
  • I like this poem.
  • This is a poem by Min Thuwun.
  • Learn these poems by heart. 
- ကဗျာ တွေကိုစုပေါင်း ပြောချင်ရင်တော့ "Poetry" ကိုပဲ သုံးရပါတယ်။ 

- Oxford အဘိဓါန်က ဖွင့်ဆိုထားတာက "Literary work in which the expression of feelings and ideas is given intensity by the use of distinctive style and rhythm; poems collectively or as a genre of literature." ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာစကားမှာ "Poetry" လို့ သုံးပေမဲ့ မြန်မာမှာ ဒီလို "အစုအပေါင်း" ကိုခေါ်ဝေါ်တာမျိုး မရှိတဲ့အတွက် သတိထားပြီး သုံးတတ်အောင် ကျင့်ရပါမယ်။ ဥပမာ ကျောင်းမှာ ကဗျာသင်တယ်လို့ပဲ မြန်မာစကားက ဆိုတယ်။ ဒါကို အင်္ဂလိပ်လိုပြောတော့ "Poem" လား၊ "Poetry" လား စဉ်းစားတတ်ရပါမယ်။ ကျောင်းမှာ ကဗျာ တစ်ပုဒ်တည်း သင်နေတာ မဖြစ်နိုင်ဘူး။ အတော်များများ သင်တာ ဖြစ်ရမယ်။ ဒီတော့-
  • We study poetry at school. လို့ ပြောတတ်ရမယ်။ (Poem လို့ သုံးရင် မှားပါတယ်)
- အလားတူပဲ အင်္ဂလိပ်ကဗျာ English poetry (အင်္ဂလိပ်စာပေမှာ တွေ့ရတဲ့ ကဗျာအပေါင်း)
- တရုတ် ကဗျာ Chinese Poetry (တရုတ်စာပေမှာတွေ့ရတဲ့ ကဗျာအပေါင်း)
- ဂျပန်ကဗျာ Japanese Poetry (ဂျပန်စာပေမှာ တွေ့ရတဲ့ ကဗျာအပေါင်း)
- ရှိတ်စပီးယား ရဲ့ ကဗျာ ဆိုရင်လည်း Shakespeare's Poetry  
- ဇော်ဂျီရဲ့ ကဗျာ ဆိုရင်လည်း Zawgyi's Poetry စသည်ဖြင့် သုံးနှုန်းတတ်ရပါမယ်။

- Verse ဆိုတာက "A group of lines that form a unit in a poem or song; a stanza." ဖြစ်ပါတယ်။ အဓိပ္ပာယ်နှစ်မျိုး ရှိပါတယ်။ တစ်မျိုးက "Poem" နဲ့ အတူတူပါ၊ ကဗျာ ဖြစ်ပါတယ်။ နောက်တစ်မျိုးက ကဗျာ အပိုဒ်ကို ပြောတာပါ။ "Stanza" နဲ့ အတူတူပါ။
- Verse ကို Poetry (ကဗျာအစုအပေါင်း) အဓိပ္ပာယ်နဲ့လည်း သုံးလေ့ရှိပါသေးတယ်။ ဒီနမူနာများ ကြည့်ပါ။
  • Maung Pyu writes verses for children. (Poem အဓိပ္ပာယ်)
  • An English verse usually consists of four lines. ( Stanza အဓိပ္ပာယ်)
  • I am now reading Japanese verse. ( Poetry အဓိပ္ပာယ်)
- တစ်ခုမှတ်သားနားလည်ထားရမှာက ကဗျာစပ်နည်းအရ ဖွဲ့စပ်ထားတဲ့ စာတိုင်းကို "Verse" လို့ ခေါ်လို့ရပြီး အဲဒီစာဟာ တော်တော်ကို အဆင့်မြင့်မြင့် ပြောင်မြောက်ပါမှ "Poem" လို့ ခေါ်တတ်ကြတယ် ဆိုတာပါပဲ။ 
- ကဗျာစပ်တာကို Versify
- ကဗျာစပ်နည်းကို Versification
- ကဗျာပုံသဏ္ဌာန်ကို Verse
- Stanza ဆိုတာ အထက်က Verse ရဲ့ ဒုတိယအဓိပ္ပာယ် (ကဗျာရဲ့ အပိုဒ်) ဖြစ်တယ်။ Stanza တစ်ခုမှာ ကြောင်းရေလေးကြောင်း၊ ခြောက်ကြောင်း စသည်ဖြင့် ပါဝင်တယ်။
- တစ်ကြောင်းကို "Line" ၊ မြန်မာလို "ပါဒ" လို့ ခေါ်ပါတယ်။ 
- ကဗျာဆရာကိုတော့ "Poet" လို့ ခေါ်ပါတယ်။ 
===========================
Ref: ဆရာဦးသာနိုး (အင်္ဂလိပ် သဒ္ဒါအောက်ခြေသိမ်း) 

No comments:

Post a Comment