Tuesday, October 4, 2016

Another နဲ့ Other သုံးမယ်ဆိုရင် သိထားသင့်တဲ့ ကွဲလွဲချက်များ


- ပထမဆုံးမှတ်သားထားရမှာက "another" ဆိုတာ "an" နဲ့ "other" ပေါင်းစပ်ထားတာဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ ဒီတော့ သူ့မှာ "an" ဆိုတဲ့ "article" ပါနေမှတော့ ဘယ်အခြား "article" မှ တွဲလို့ရတော့မလဲ။ "The a boy" လို့ သုံးမရသလိုပါပဲ။ The boy ဆို The boy ၊ a boy ဆိုလည်း a boy ပေါ့။ တစ်ခုပဲ သုံးလို့ ရပေလိမ့်မယ်။
- Other ကိုတော့ "noun" အနေနဲ့ရော"adjective" အနေနဲ့ပါ သုံးနိုင်ပါတယ်။ Noun အနေနဲ့ သုံးရင် "definite" ပေါင်းလိုက်ရင် အဓိပ္ပာယ်မှာ "the" ထည့်ပြီး "the other" ဖြစ်သွားမယ်။ "indefinite" ပေါင်းလိုက်ရင် အဓိပ္ပာယ်မှာ "an" ထည့်ပြီး "another" ဖြစ်သွားမယ်။
  • The bicycle is mine. The other is my brother's. ဒီစက်ဘီးက ငါ့စက်ဘီး။ ဟိုစက်ဘီးက ငါ့ညီရဲ့စက်ဘီး။
  • I don't like this pen. Show me another. ဒီဖောင်တိန် မကြိုက်ဘူး။ နောက်တစ်ခု ပြပေးပါ။
- Others က "Noun Plural" ဖြစ်တယ်။ "indefinite" မှာ "article" မပါဘဲ သုံးပြီး "definite" မှာ "the" ထည့်သုံးရပါတယ်။
  • Some people are honest; others are not. အချို့လူများ ရိုးသားတယ်။ အချို့ မရိုးသားဘူး။
  • I will take these two books. You can take the others. ငါ ဒီစာအုပ်နှစ်အုပ် ယူမယ်။ ကျန်တဲ့စာအုပ်တွေကို မင်းယူနိုင်တယ်။
- "Adjective" လိုသုံးရာမှာတော့ "singular" ရော "plural" မှာပါ "other" ပဲ ရှိပါတယ်။ Singular indefinite မှာတော့ "another" ပေါ့လေ။
- "others" ကို Adjective အနေဖြင့် မသုံးမိပါစေနဲ့။
  • The other boy is my friend.
  • The other boys are my friends.
  • We must find another boy to join us.
  • Watch what other people do.
Ref: ဆရာဦးသာနိုး (အင်္ဂလိပ်သဒ္ဒါ အောက်ခြေသိမ်း)

No comments:

Post a Comment