- Speaking Part 2 မှာတော့ အကြောင်းအရာတစ်ခုခု (Topic) နဲ့ပတ်သက်ပြီး ၂ မိနစ်ခန့်ဆက်တိုက်ပြောဆိုပြီး ဖြေရမယ့်အပိုင်းပါ။ ပြောဆိုရမယ့်အကြောင်းအရာမေးခွန်းပါတဲ့ ကဒ် (card) ကို ပေးပြီးတော့ မှတ်စုတို (Note) ထုတ်ရန် ခဲတံ သို့မဟုတ် ဘောပင်နဲ့ စာရွက်အနည်းငယ်ပေးပါလိမ့်မယ်။ မေးထားတဲ့အကြောင်းအရာအတွက် ပြင်ဆင်ချိန် အနည်းငယ်လည်း ပေးထားပါတယ်။
- စာစစ်သူရှေ့မှာ တစ်ဦးတည်းဆက်တိုက်ပြောဆိုရတဲ့အနေအထားဖြင့် ၂ မိနစ်ခန့် ပြောဆိုရမှာပါ။ သွက်သွက်လက်လက် ပြောဆိုနိုင်တဲ့ မိမိရဲ့ အရည်အချင်းနဲ့စွမ်းရည်ကို ပြသနိုင်ဖို့လိုအပ်ပါတယ်။ နောက်တစ်ချက်က မေးထားတဲ့အကြောင်းအရာနဲ့ပတ်သက်တဲ့ မိမိရဲ့ စိတ်ကူးစိတ်သန်းတွေ၊ အတွေးအခေါ်တွေကိုလည်း စနစ်တကျ ဟန်ချက်ညီညီ စုစည်းပြောဆိုနိုင်တဲ့ စွမ်းရည်ကိုလည်း ပြသနိုင်ရပါမယ်။
Describe a book that you read recently.
You should say:
- what the book is about
- what you liked or disliked about it
- would you recommend it to anyone else and what kind of person would that be.
မေးခွန်းသိရပြီးဆိုတာနဲ့ ချက်ချင်းဘာလုပ်သင့်လဲ
- မေးခွန်းကိုသိပြီဆိုတော့ ဘယ်ကဘယ်လို စလုပ်ရမလဲ.. အချိန်ကြာကြာစဉ်းစားချိန်မရပါဘူး။ ဒါကြောင့်-
- ပေးထားတဲ့ card ကို ဖတ်ပြီး စဉ်းစားဖို့လိုအပ်တဲ့ အရေးကြီးဆုံးအရာတွေကို မြန်မြန် underline လုပ်လိုက်ပါ။ အထက်ကဥပမာမှာ နမူနာအနေဖြင့် underline လုပ်ပေးထားပါတယ်။ (book, what, liked, disliked, recommend, person)
- မေးထားတဲ့အကြောင်းအရာဆိုင်ရာ မေးခွန်းတစ်ခုချင်းနဲ့ပတ်သက်ပြီး Note စတင်လုပ်ဆောင်ရမယ့် “အချိန်” ဖြစ်ပြီးတော့ ပြောဆိုရမယ့်စကားလုံးများကို စုစည်းရမယ့် “အချိန်” လည်းဖြစ်ပါတယ်။
- စာစစ်သူက ဘယ်အချိန်မှာ စပြီးပြောရမလဲဆိုတာကို အချက်ပြပါလိမ့်မယ်။ ဒါကြောင့် (၂) မှာလုပ်စရာရှိတာတွေကို စိတ်ပူပန်မှုမရှိဘဲ လုပ်ဆောင်ပါ။ မိမိစဉ်ထားတဲ့အကြောင်းအရာများကို မပြောခင်နဲ့ ပြောနေစဉ်မှာ စာစစ်သူက ရပ်ခိုင်းမယ်ဆိုရင်လည်း ဒါဟာဆိုးဝါးတဲ့ အချက်ပြမှုတစ်ခုမဟုတ်ဘူးဆိုတာ နားလည်ထားရပါမယ်။ မိမိပြောဆိုနေစဉ်မှာ ကြားဖြတ်မေးခွန်းများ မေးလာခဲ့ရင်လည်း ဖြေလိုက်ပါ။ ပြီးရင် မိမိပြောဆိုဖို့ စဉ်ထားတဲ့အရာများကို “Linking Phrase” လို့ စကားဆက်များအသုံးပြုပြီးတော့ ဆက်ပြောပါ။ Linking Phrase များကို နမူနာပေးလိုက်ပါတယ်။
- - As I was saying
- - Also, I would like to add that…”,
- - To get back to my previous idea/point/suggestion…”, etc).
Note ထုတ်ရခြင်းအကြောင်း
- Card ထဲမှာ မေးထားတဲ့အကြောင်းအရာကို သိပ်ပြီးအာရုံစိုက်မဖတ်ပါနဲ့။ အရေးပါတဲ့ စကားလုံးများကို စနစ်တကျ စုစည်းလိုက်ခြင်းက လုံးဝကို မိမိအတွက် အရေးကြီးပါတယ်။ မိမိဟာ အင်္ဂလိပ်လိုပြောဆိုရာမှာ အတွေ့အကြုံများခဲ့ရင်တောင် မဖြစ်မနေ Note ထုတ်ဖို့လိုအပ်ပါတယ်။ မိမိထုတ်လိုက်တဲ့ Note က စနစ်ကျမယ်၊ ဟန်ချက်ညီမယ်ဆိုရင် မိမိအတွက် Note ဟာ အလွန်အရေးပါအရာရောက်ပါတယ်။ မေးခွန်းအတွက် ပြောဆိုဖြေကြားနေစဉ် စကားလုံးသော်လည်းကောင်း၊ အကြောင်းအရာသော်လည်းကောင်း မေ့သွားခဲ့ရင် Note ကိုကြည့်ပြီးဆက်လက်ပြောဆိုနိုင်သလို၊ မိမိရဲ့ စိတ်ကူးစိတ်သန်း၊ အတွေးအခေါ်တွေကို ရှင်းရှင်း ပြောဆိုနိုင်ဖို့ Note ကကူညီပါလိမ့်မယ်။
Speaking Part 2 ကို ဖြေဆိုဖို့ ဘာတွေပြင်ဆင်ထားသင့်သလဲ
- (၁)မိနစ်အတွင်း Part 2 tasks ကို ဖြေဆိုနိုင်ဖို့ Note ထုတ်တာကို လေ့လာပါ။ အချိန်အများကြီးမရတဲ့အတွက် Note မှာ စာကြောင်းအပြည့်အစုံမရေးသင့်ပါ။ Note ပုံစံနဲ့ အရေးကြီးတဲ့ စကားစုများ Key word များကို ချရေးပါ။
- မိမိသိထားတဲ့ အရာတွေနဲ့ ပတ်သက်ပြီးပဲ ပြောဆိုပါ။ သေသေချာချာ ဂဃနဏ မသိတဲ့အပိုင်းတွေကို မဖြေဆိုမိ၊ မပြောဆိုမိပါစေနဲ့။ သေချာမသိတာကို ပြောဆိုရင်း ရုတ်တရက် “တေမိမင်းသား” ဖြစ်သွားတတ်လို့ပါ။ :P :P
- ဥပမာများ၊ နမူနာများ၊ အကြောင်းအကျိုးခိုင်လုံစွာနဲ့ ပြောဆိုပါ။ မေးထားတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး အနည်းငယ်မျှ ရှင်းလင်းပြခြင်းမရှိဘဲ စကားစုအတိုအထွားများနဲ့ မိမိရဲ့စိတ်ကူးစိတ်သန်းတွေ၊ အတွေးအခေါ်တွေကို မထုတ်ဖော်မိပါစေနဲ့။
- Card မှာမေးထားတဲ့မေးခွန်းအစဉ်အတိုင်း Note ထုတ်ထားနိုင်မယ်ဆိုရင် မိမိအတွက် ပိုကောင်းပါတယ်။ အဲဒီလိုလုပ်ဆောင်ထားခြင်းက မေးထားတဲ့အကြောင်းအရာကို ပြောဆိုနေစဉ် အရေးကြီးတဲ့ အကြောင်းအရာများ မေ့သွားခြေ နဲပါတယ်။
- မေးထားတဲ့မေးခွန်းနဲ့ကိုက်ညီတဲ့ Note ထုတ်ပုံနမူနာကိုလေ့လာကြည့်ပါ။
No comments:
Post a Comment