Tuesday, July 5, 2016

IELTS Speaking: အခြေခံသဘောတရားများ



  • ဒီပို့စ်ကတော့ IELTS speaking မိတ်ဆက်ဖြစ်တဲ့အတွက် Speaking ပိုင်းမှာ မေးလေ့မေးထရှိတဲ့ အခြေခံသဘောတရားများကို ရှင်းပြပေးမှာဖြစ်ပါတယ်။ အသေးစိတ်ကို IELTS speaking Park -1 , Part – 2, Part -3 ဆိုပြီး ဆက်လက်ရှင်းပြပေးမယ့်အပြင် Speaking ပိုင်းမှာမေးတဲ့ အပိုင်းသုံးပိုင်းစလုံအတွက် လေ့လာရမဲ့ Vocabulary များ၊ ဆောင်ရန်၊ ရှောင်ရန်များကိုလည်း ရှင်းလင်းတင်ပြပေးသွားမှာဖြစ်ပါတယ်။

  • IELTS Speaking အပိုင်းက Academic module ပိုင်းမှာရော၊ General module ပိုင်းမှာပါ အတူတူပဲဖြစ်ပါတယ်။ IELTS Speaking ပိုင်းအတွက် ဖြေဆိုချိန်ကတော့ ၁၁ မိနစ်မှ ၁၄ မိနစ်ခန့်အတွင်း ကြာပါတယ်။

  • Speaking မှာ အပိုင်းအားဖြင့် ၃ ပိုင်းပါဝင်ပါတယ်။ ဖြေဆိုတဲ့သူဟာ အခြားဖြေဆိုသူတွေမပါဘဲ စာမေးပွဲစစ်ဆေးသူနဲ့ တစ်ဦးချင်း interview ဖြေရမဲ့ပုံစံပါ။ အပိုင်းသုံးပိုင်းဖြေရမှာဖြစ်ပေမဲ့ သုံးခုစလုံးအတွက် တစ်ခုချင်းစီသီးခြားခွဲပြီး အမှတ်ပေးမှာမဟုတ်ပါဘူး။

  • အခု တစ်ပိုင်းချင်းစီကိုလေ့လာကြည့်ရအောင်ပါ။

The first part (4-5 minutes)


  • ပထမဆုံးအပိုင်းက ဖြေဆိုသူအတွက် ၄ မိနစ်၊ ၅ မိနစ်ပဲရမှာပါ။ အဲဒီအချိန်အတောအတွင်းမှာ စာမေးပွဲစစ်ဆေးသူက ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များ၊ နေ့စဉ်ကြုံတွေ့ရတဲ့အခြေအနေများပေါ် အခြေခံထားတဲ့ မေးခွန်းတွေ မေးပါလိမ့်မယ်။ ဘယ်လိုအကြောင်းအရာမျိုးလည်းဆိုရင် -

  • -      Your hometown,
  • -      The area you live in,
  • -      Travelling,
  • -      Studies,
  • -      Work,
  • -      Job experience,
  • -      Spare time,
  • -      Activities,
  • -      Family and friends စသည်အကြောင်းအရာများကို မေးနိုင်ပါတယ်။ ဒါကြောင့် ကောင်းစွာ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

  • အဲဒီအခြေအနေကာလမှာ ဖြေဆိုသူအနေဖြင့် မေးခွန်းတွေကိုနားလည်ကြောင်း၊ ကောင်းကောင်းဖြေဆိုနိုင်ကြောင်းနဲ့အကြောင်းအရာအလိုက်အဆင်ပြေပြေဖြေဆိုနိုင်ပုံတို့ကိုသက်သေပြနိုင်ရပါမယ်။ အဓိကအားဖြင့် မိမိကိုယ်ကိုယုံကြည်မှုအပြည့်ရှိတဲ့ပုံစံမျိုးပါ။ ဒါကြောင့် Speaking ရဲ့ပထမပိုင်းကို စိတ်ပူစရာမလိုတော့ပါဘူး။ (Don’t worry about Part 1!)

The Second Part (Card preparation)

  • ပထမပိုင်းအတွက် ဘာတွေပြင်ဆင်ထားရမယ်ဆိုတာ ရှင်းသွားပြီဆိုရင် အခု ဒုတိယပိုင်းကို ဆက်ပြီးလေ့လာကြည့်ရအောင်ပါ။ စာစစ်သူက အကြောင်းတစ်ခုကို မေးထားတဲ့ Task တစ်ခုပါတဲ့ Card ကိုပေးပါလိမ့်မယ်။ အောက်ပါ နမူနာပုံပါ card မျိုးဖြစ်ပါတယ်။
  • ဖြေဆိုတဲ့သူအတွက် Card မှာမေးလိုက်တဲ့ ခေါင်းစဉ် သို့မဟုတ် မေးခွန်းနဲ့ ပတ်သက်ပြီး စဉ်းစားချိန် ၁ မိနစ်ခန့်သာ ရရှိမှာဖြစ်ပါတယ်။ စာစစ်တဲ့သူက အဲဒီ ၁မိနစ်အတွင်း note ထုတ်နိုင်ဖို့ ဘောပင်နဲ့ စာရွက်အလွတ် တွေ ပေးပါလိမ့်မယ်။ မိမိက ဘယ်အချိန်မှာ စပြီးပြောရမလဲဆိုတာကို စာစစ်သူက အချက်ပြပေးပါလိမ့်မယ်။ သိပ်တော့ စိတ်မပူပါနဲ့၊ စာစစ်သူကို မေတ္တာများများပို့ပေးလိုက်ပေါ့…:P :P စတာပါ…မေတ္တာပို့ချိန်မရဘူးနော်.. :P)
  • Card ထဲမှာ မေးထားတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး မိမိက စပြောပြီဆိုတာနဲ့ ၂မိနစ်လောက်ဆက်တိုက်မရပ်မနားပြောပေတော့။ ဒီအပိုင်းက သက်ဆိုင်ရာအကြောင်းအရာနဲ့ပတ်သက်ပြီး မိမိအနေဖြင့် သိုက်သိုက်ဝန်းဝန်း ခန့်ခန့်ညားညား သွက်သွက်လက်လက် ပြောဆိုနိုင်တဲ့စွမ်းရည်ကို စစ်ဆေးတဲ့ အပိုင်းဖြစ်ပါတယ်။ မိမိပြောဆိုနေစဉ် ကြားဖြတ်၍သော်လည်းကောင်း သို့မဟုတ် ပြောပြီးတဲ့အချိန်မှာသော်လည်းကောင်း စာစစ်သူက မိမိပြောနေတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး မေးခွန်းတွေ ဖြတ်ပြီးမေးတတ်ပါတယ်။ ဒါကိုလည်း ကြိုတင်ပြင်ဆင်ထားရမဲ့အပိုင်း၊ သတိပြုရမဲ့အပိုင်းဖြစ်ပါတယ်။

The Third Part (General Questions)

  • အပိုင်းသုံးမှာတော့ အပိုင်းနှစ်မှာ မေးထားတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး စာစစ်သူက ကျယ်ကျယ်ပြန့်ပြန့်မေးခွန်းတွေ မေးတော့မှာ ဖြစ်ပါတယ်။ စိတ်ကူးယဉ်ဆန်တဲ့မေးခွန်းတွေ၊ ယေဘုယျမေးခွန်းတွေ မေးလေ့မေးထရှိတတ်ပါတယ်။ ယေဘုယျမေးခွန်းတွေက ဘယ်လိုမေးခွန်းမျိုးဖြစ်မလဲဆို အောက်ပါမေးခွန်းလိုမျိုး နမူနာလေ့လာကြည့်ပါ။ Writing Task 2 မှာလည်း အလားတူမေးခွန်းမျိုးပါပဲ။
 “Do you think that the development of technology will obliterate traditional books and reading?”
“Do you think that tablets will eventually replace traditional books?”
“Do you think that reading books is still popular among young people?”
  • မေးလာတဲ့မေးခွန်းကို မိမိနားလည်းသလောက် ဝေါဟာရကြွယ်ဝစွာနဲ့ သွက်သွက်လက်လက်မြန်မြန်ဆန်ဆန်၊ မှန်မှန်ကန်ကန် ဖြေဆိုပေးနိုင်ရပါမယ်။
  • IELTS Speaking အပိုင်းက မိမိအနေဖြင့် ဖြေဆိုသူဖြစ်ပေမဲ့ မိမိနဲ့စာစစ်သူကြား အပြန်အလှန်ဆွေးနွေးပြောဆိုမှုဟာ မိမိအတွက် ရလဒ်ကောင်းပါ။ ပြီးတော့ မိမိအနေဖြင့် မေးတဲ့မေးခွန်းနဲ့သက်ဆိုင်ရာအပိုင်းအလိုက်ဘယ်လိုစိတ်ကူးစိတ်သန်းမျိုးရှိတယ်၊ မိမိပြောဆိုတဲ့ အဆိုပြုချက်၊ ပြန်လည်ဖြေကြားမှုတွေပေါ်မှာ ဘယ်လောက် အာရုံစူးစိုက်ပြောဆိုနိုင်မှု၊ ဘယ်လောက်ခိုင်မာစွာရပ်တည်နိုင်စွမ်းအားတွေကို စာစစ်သူအား တွေ့မြင်နိုင်စေပါတယ်။
  • အထက်မှာပြောပြခဲ့တာတွေကတော့ IELTS Speaking ရဲ့ အပိုင်းသုံးပိုင်းမှာ ဘာတွေမေးတတ်တယ်၊ ဘာတွေပြင်ဆင်ထားရမလဲဆိုတာတွေကို အကြမ်းဖျင်းရှင်းပြထားတဲ့ အခြေခံသဘောတရားတွေဖြစ်ပါတယ်။
  • IELTS speaking Park -1 , Part – 2, Part -3 များကို နောက်ပို့စ်များမှာ အသေးစိတ် ရှင်းလင်းပြောပြပေးသွားပါမယ်။ ဒီပို့စ်မှာတော့ ဒီလောက်နဲ့ ရပ်နားလိုက်ပါပြီ။

တင်ထားသမျှ ပို့စ်တွေကို
Android Phone များမှ ဖတ်ရန် Apk ဒေါင်းယူလေ့လာနိုင်ပါပြီ....
http://www.mediafire.com/download/ldbd5aq1jcv7d1a/Pioneer+English+Lessons.apk

No comments:

Post a Comment