Showing posts with label IELTS Listening. Show all posts
Showing posts with label IELTS Listening. Show all posts

Thursday, July 14, 2016

IELTS Listening - Note-completion tasks & Form-completion tasks



Note-completion tasks


  • IELTS Listening ပိုင်းရဲ့ Section(1-4) လေးပိုင်းစလုံးမှာ “Note-completion tasks” အပိုင်း ပါဝင်ပါတယ်။ မိမိဖြေဆိုရမယ့်အရာတွေကတော့ အသံဖိုင်မှာ မိမိကြားလိုက်တဲ့အထဲမှ အဖြေမှန်တွေကို ကွက်လပ်ဖြည့်ပေးရမှာဖြစ်ပါတယ်။ IELTS ရဲ့ Task-type မေးခွန်းတိုင်းမှာ မိမိတို့လိုက်နာသင့်တဲ့ “Strategy” တစ်မျိုးမျိုးတော့ အမြဲရှိပါတယ်။ အခုရေးသားရှင်းပြပေးမယ့် “Note-completion task” နဲ့ "Form-completion tasks" ရဲ့ Strategy ကတော့ ရိုးရှင်းပါတယ်။ ဒါပေမဲ့ လေ့လာထားရမယ့်အပိုင်းလည်း ဖြစ်ပါတယ်။

  • မိမိတို့အနေဖြင့် Task တွေရဲ့ ညွှန်ကြားချက်တွေ၊ လမ်းညွှန်ချက်တွေကို သေသေချာချာဂရုစိုက်ဖတ်သင့်ပါတယ်။ Instruction တိုင်းမှာ “word Limit” လို့ခေါ်တဲ့ စကားလုံးသန့်ချက် ရှိပြီးတော့ Instruction ကို သေချာမဖတ်မိဘဲ ဖြေလိုက်မယ်ဆိုရင်အဖြေမှန်ဖို့နဲ့ အမှတ်ကောင်းကောင်းရရှိဖို့ ခက်ခဲသွားပါလိမ့်မယ်။

  • အောက်ပါဥပမာကိုလေ့လာကြည့်ပါ။ ဒီအပိုင်းမှာ အဖြေတစ်ခုစီအတွက် instruction က “NO MORE THAN TWO WORDS AND/OR A NUMBER”

Wednesday, July 13, 2016

IELTS Listening: Section-1 အတွက် လေ့လာထားသင့်သည်များ





  • IELTS Listening အပိုင်းအရေးကြီးဆုံးက “Spelling” (စာလုံးပေါင်း) ဖြစ်ပါတယ်။ အထူးသဖြင့် Section 1 မှာ “name, an address, a telephone number နဲ့ သက်ဆိုင်ရာအချက်အလက်များကို ရေးပြခိုင်းမှာပါဖြစ်ပါတယ်။
  • “Gloucester Street” ကိုစာလုံးပေါင်းပြရမယ် ဥပမာဆိုပါစို့။ အသံဖိုင်မှာ ကြားလိုက်ရတာက “I live at Gloucester Street. G – L – O – U – C – E – S – T – E – R” လိုဖြစ်နိုင်ပါတယ်။ အဲဒီလိုဆို နားကြားမှားနိုင်တာက “G” နဲ့ “J”အသံဖြစ်နိုင်ပါတယ်။ ဒါကြောင့်ဒီလို “Street Name” မျိုးအလားတူဖြေဆိုရမယ့်အပိုင်းများအတွက် “English alphabet” တွေကို တစ်လုံးချင်းစီ အသံထွက်မှန်ကန်အောင် လေ့ကျင့်ထားမှာ အဆင်ပြေမှာပါ။

  • ကျွန်တော်တို့မြန်မာတွေအတွက် အချို့သော အင်္ဂလိပ်အက္ခရာစကားလုံးတွေကို အသံထွက်က British, American, Australian အသံထွက်တွေနဲ့ အနည်းငယ်ကွဲပြားနေတတ်ပါတယ်။ ဥပမာ “P”

Monday, July 11, 2016

Day, Date, Month, Year တို့ကို ဘယ်လိုပြောမလဲ...



  • ဒီပို့စ်လေးအကြောင်းမရှင်းပြခင် မေးခွန်းလေးတစ်ခု မေးကြည့်ပါရစေ။

-      When is your birthday? ဖြေကြည့်ပေးပါ။

  • မေးခွန်းက ရိုးရိုးရှင်းရှင်းလေးပါပဲ။ ဒါပေမဲ့ အင်္ဂလိပ်ဘာသာစကားကိုလေ့လာနေသူအများစု ရုတ်တရက်မဖြေတတ်ဘဲ ကြောင်သွားလေ့ရှိတတ်ကြပါတယ်။ တနည်းအားဖြင့်တော့ ဒီရိုးရှင်းတဲ့မေးခွန်းကို မှန်မှန်ကန်ကန်မဖြေတတ်ကြတာ များပါတယ်။

  • ဒါကြောင့် ဒီပို့စ်မှာ Day, Date, Month, Year တို့ကို ဘယ်လိုပြောမလဲ ဆိုတာကို လေ့လာကြရမှာဖြစ်ပါတယ်။ ဒီအပိုင်းက IELTS လေ့လာနေသူတွေပါ အကြုံးဝင်ပါတယ်။ IELTS Listening ပိုင်း Section 1 မှာ မေးလေ့ရှိပါတယ်။ အခု စတင်လေ့လာကြည့်ရအောင်ပါ။
  • စာနဲ့ရေးသားထားတာမျိုးကို ဘယ်လိုဖတ်ရမလဲဆိုတာကနေ စတင်ကြည့်ရအောင်ပါ။ ဥပမာအနေဖြင့်-

IELTS Listening အကြောင်းသိကောင်းစရာများ






  • IELTS Listening ပိုင်းကလည်း Speaking ပိုင်းမှာလိုပဲ Academic ပိုင်းမှာရော၊ General ပိုင်းမှာရော Test ပိုင်းက အတူတူပါပဲ။ စုစုပေါင်းဖြေဆိုချိန်က မိနစ် ၄၀ ကြာပါမယ်။ မေးခွန်းပေါင်း ၄၀ ဖြေဆိုရပါမယ်။ အပိုင်းအားဖြင့် ၄ ပိုင်းပါဝင်ပြီးတော့ အပိုင်းတစ်ပိုင်းချင်းစီအတွက် ၁၀ မိနစ်အချိန်ရပါတယ်။ သေသေချာချာလေ့လာထားမယ်ဆိုရင် အချိန်တွေပိုနိုင်တဲ့အတွက် စိတ်ပူစရာတော့မလိုအပ်ပါဘူး။
  • Listening ပိုင်းမှာ Section 1 မှစပြီး Section 4 အထိ တဖြည်းဖြည်း ပိုပိုခက်ခဲလာပါမယ်။ အပိုင်းတစ်ပိုင်းမှာ မေးခွန်း ၁၀ခုအတွက် ၁၀ မှတ်ပေးထားပြီးတော့ အပိုင်းအားဖြင့် ၄ပိုင်း မေးခွန်းအားဖြင့် ၄၀ခု၊ အမှတ်အားဖြင့် မေးခွန်းတစ်ခုအတွက် တစ်မှတ်၊ စုစုပေါင်း အမှတ် ၄၀ ဖြစ်ပါတယ်။