Thursday, July 14, 2016

IELTS Listening - Note-completion tasks & Form-completion tasks



Note-completion tasks


  • IELTS Listening ပိုင်းရဲ့ Section(1-4) လေးပိုင်းစလုံးမှာ “Note-completion tasks” အပိုင်း ပါဝင်ပါတယ်။ မိမိဖြေဆိုရမယ့်အရာတွေကတော့ အသံဖိုင်မှာ မိမိကြားလိုက်တဲ့အထဲမှ အဖြေမှန်တွေကို ကွက်လပ်ဖြည့်ပေးရမှာဖြစ်ပါတယ်။ IELTS ရဲ့ Task-type မေးခွန်းတိုင်းမှာ မိမိတို့လိုက်နာသင့်တဲ့ “Strategy” တစ်မျိုးမျိုးတော့ အမြဲရှိပါတယ်။ အခုရေးသားရှင်းပြပေးမယ့် “Note-completion task” နဲ့ "Form-completion tasks" ရဲ့ Strategy ကတော့ ရိုးရှင်းပါတယ်။ ဒါပေမဲ့ လေ့လာထားရမယ့်အပိုင်းလည်း ဖြစ်ပါတယ်။

  • မိမိတို့အနေဖြင့် Task တွေရဲ့ ညွှန်ကြားချက်တွေ၊ လမ်းညွှန်ချက်တွေကို သေသေချာချာဂရုစိုက်ဖတ်သင့်ပါတယ်။ Instruction တိုင်းမှာ “word Limit” လို့ခေါ်တဲ့ စကားလုံးသန့်ချက် ရှိပြီးတော့ Instruction ကို သေချာမဖတ်မိဘဲ ဖြေလိုက်မယ်ဆိုရင်အဖြေမှန်ဖို့နဲ့ အမှတ်ကောင်းကောင်းရရှိဖို့ ခက်ခဲသွားပါလိမ့်မယ်။

  • အောက်ပါဥပမာကိုလေ့လာကြည့်ပါ။ ဒီအပိုင်းမှာ အဖြေတစ်ခုစီအတွက် instruction က “NO MORE THAN TWO WORDS AND/OR A NUMBER” ပဲ ဖြေဆိုရမယ်လို့ ညွှန်ကြားထားတာပါ။ မိမိတို့ကို Note ထုတ်ဖို့ စာရွက်နဲ့ဘောပင် (သို့မဟုတ်) ခဲတံ ပေးထားပါမယ်။ Word limit ကို Underline လုပ်ထားပါ။ အသံဖိုင်ကို စဖွင့်လိုက်ပြီးဆိုကတည်းက တစ်ချိန်တည်းမှာပဲ နားထောင်ပါ၊ စဉ်းစားပါ၊ ရေးမှတ်ပါ။ အခုနမူနာပုံစံကို လေ့လာကြည့်ပါ။

Complete the notes below.
Write NO MORE THAN TWO WORDS AND/OR A NUMBER for each answer.
Listening Section 1
Questions 1-10
Complete the notes below.
Write NO MORE THAN TWO WORDS AND/OR A NUMBER for each answer.
NOTES: London by plane
Example Answer
Time of travel: October
Dates available from Athens to London:
1. …………………………………………………………………….
2. ……………………………………………………………………..
3. in case there is ……………………………… 25th of October
Economy class:
5 o’clock in the morning: 4 …………………………. Euros
12 o’clock in the morning 5 …………………………. Euros
The flight lasts for about 6……………………………………..
There is a 7…………………………………………………………
The fee for that is 8………………………………………………
The return tickets from London to Athens are 9………………………………….
The time of return is 10…………………………………………

  • အသံဖိုင်ကို မဖွင့်ပေးခင်မှာ မိမိအနေဖြင့် ကြိုတင်ပြင်ဆင်ထားသင့်တာတွေကတော့ Task, Title, ဘာအကြောင်းပြောတာလဲ၊ ပြီးတော့ ဖြေဆိုရမယ့်  Note တွေကို စစ်ဆေးထားရပါမယ်။ အထူးသဖြင့် Section 1 မှာ ပထမဆုံးမေးခွန်းတစ်ခုကို Example အနေနဲ့ ပေးထားတဲ့အတွက် အချိန်ပို အနည်းငယ်ရတယ်လို့ဆိုနိုင်ပါတယ်။ အဲဒီရရှိတဲ့အချိန်ကို အကျိုးရှိရှိအသုံးပြုလိုက်ပြီးတော့ ကွက်လပ်အသီးသီးမှာ ဖြည့်စွက်ပေးရမယ့် စကားလုံးအမျိုးအစားကို ကြိုတင်ခန့်မှန်းစဉ်းစားပါ။
  • မိမိအနေဖြင့် စဉ်းစားသုံးသပ်ရမှာက ကွက်လပ်မှာ လိုအပ်နေတဲ့ စကားလုံးက ဘာလဲ - ဥပမာ- “A name? A number? An address? A Verb? စသည်ဖြင့် သုံးသပ်ပါ။ ဒီနည်းနဲ့ မိမိတို့ဟာ အသံဖိုင် မဖွင့်သေးခင်မှာ ကြိုတင်စဉ်းစားချိန်၊ ပြင်ဆင်ချိန်ရရှိပါမယ်။
  • အထက်မှာ ပေးထားတဲ့ “Note-completion task” မှာဆိုရင် Q-1, Q-2 အတွက်ဖြည့်ပေးရမယ့်ကွက်လပ်က “Date” ဆိုင်ပါတယ်။ Q-4,5,6,8 နဲ့ Q-10 က “Numbers” နဲ့သက်ဆိုင်တယ်ဆိုတာ အသံဖိုင်မဖွင့်ပြသေးခင် ကြိုတင်ခန့်မှန်းနိုင်ရပါမယ်။
  • နောက် အသံဖိုင်စဖွင့်ပြပြီဆိုကတည်းက သေသေချာချာဂရုစိုက်နားထောင်ပါ။ အသံဖိုင်က ဆက်တိုက် ပြောဆိုသွားမှာ ဖြစ်တဲ့အတွက် ပထမမေးခွန်းတစ်ခုကို မဖြေနိုင်သေးဘူးဆိုရင် နောက်တစ်ခုကို ဆက်ဖြေဖို့ကြိုးစားပါ။ အဖြေမရသေးတဲ့ တစ်ခုကိုပဲ ကြိတ်မှိတ်ပြီး စဉ်းစားမနေပါနဲ့။ အသံဖိုင် စောင့်နေမှာ မဟုတ်ပါဘူး။
  • အသံဖိုင်ကို နားထောင်ရတဲ့အပိုင်းပြီးတာနဲ့ Note ထားတဲ့အဖြေတွေကို သီးခြားအဖြေလွှာစာရွက် (Answer Sheet) ပေါ်မှာ ဖြေဆိုဖို့ ၁၀ မိနစ်ခန့် အချိန်ရပါတယ်။ ကွက်လပ်တစ်ခုခုအတွက် အဖြေမရဘူးဆိုရင်တောင် အဖြေကို မှန်းဆပြီး ဖြေဆိုခဲ့ပါ။ မေးခွန်းပါ ကွက်လပ်အတိုင်း မချန်ထားခဲ့ပါနဲ့။ အထက်မှာ ပြောခဲ့သလိုပါပဲ- မေးခွန်းမှာ လိုအပ်တာတွေက “A noun? A verb? An Adjective? သေသေချာချာ ဆုံးဖြတ်နိုင်ပါစေ။
============================================

Form-completion tasks


  • Form-completion task ကလည်း “Logic and strategy” မှာ “note-completion task” နဲ့ ပုံစံအတူတူပါပဲ။ ဒါကြောင့် အောက်ပါနမူနာပုံစံကို လေ့လာကြည့်လိုက်ပါ။

LISTENING
SECTION 1
Questions 1 – 10
Complete the form below.
Write NO MORE THAN TWO WORDS AND/OR A NUMBER for each answer.
PLUMBING REPAIRS
Plumbing Company Details Form
Example Answer:
Date: Monday 10 February
Plumbing problem: …………drain trap blocked…………
Causes: the bathroom 1 ……………………………..
every time the 2 ………………………………………………..
and the 3……………………………………………..
Customer’s information:
The customer has already:
4…………………………………………
5…………………………………………
But the problem still remains.
Possible cause: Sinter
Solution: Must unblock the drain trap externally
Appointment
Customer Name: James 6……………………….
Location: 7……………………………………..
Time of visit: 8…………………………………..
Address: 9………………………………..
Fee: 10…………………………………., unless we need a machine.
  • ဒီအပိုင်းမှာလည်း “word limit” ကိုသေသေချာချာစစ်ပါ။ Word limit ထက်ကျော်သွားရင် အမှတ်မရတော့ပါဘူး။
  • မေးခွန်းတွေကို ခန့်မှန်းကြည့်ပါ။ Q-6 က Surname (Last Name) တစ်ခုခုဖြစ်နိုင်ပါတယ်။ Q-7 ကတော့ “place” ဖြစ်နိုင်ပြီး Q-9 ကတော့ “address” တစ်ခုဖြစ်နိုင်ပါတယ်။ Q-8 နဲ့ Q-10 ကတော့ “Numbers” ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကွက်လပ်အများစုမှာ လိုအပ်နေတဲ့အဖြေကို အလွယ်ကူဆုံးခန့်မှန်းနိုင်ပြီးတော့ အသံဖိုင်ကို ကောင်းကောင်းနားထောင်နိုင်ဆိုရင် အဖြေဟာ လွဲမှားစရာ မရှိနိုင်တော့ပါဘူး။
  • တခါတလေမှာ အသံဖိုင်မှာ မိမိကြားရနိုင်တာက “phrase” များလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။ ဒီလောက်ဆိုရင် IELTS Listening ပိုင်းရဲ့ “Note-completion tasks & Form-completion tasks” တွေရဲ့ အခြေခံသဘောသဘာဝတွေကို နားလည်လောက်ပြီလို့ ယူဆပါတယ်။ နောက်ပို့စ်များကို ဆက်လက်ဖတ်ရှုလေ့လာကြည့်ပါ။ ကျေးဇူးတင်ပါတယ်။

 

No comments:

Post a Comment