Sunday, July 3, 2016

Relative Clauses များအကြောင်းသိကောင်းစရာ - Defining Relative Clauses





  • အခုဒီပို့စ်မှာတော့ Spoken English နဲ့ Written English မှာ အလွန်အသုံးဝင်သော Relative Clauses များအကြောင်းကို ရှင်းလင်းတင်ပြပေးသွားမှာပါ။

  • Noun နဲ့ Relative clause ကို ဆက်စပ်ရန် Relative Pronouns (who, whom, whose, which, that) များကို သိထားရမှာဖြစ်ပါတယ်။

  • ပုံမှန်အားဖြင့် Relative Clauses ကို Defining Relative Clauses နှင့် Non-defining Clauses ဆိုပြီး နှစ်မျိုးနှစ်စားခွဲခြားထားပါတယ်။ ဒီပို့စ်မှာတော့ Defining Relative Clauses အကြောင်းကို တင်ပြပေးမှာဖြစ်ပြီး နောက်ရေးသားမဲ့ ပို့စ်မှာတော့ Non-defining Relative Clauses အကြောင်းကို တင်ပြပေးမှာဖြစ်ပါတယ်။

  • အခု Defining Relative Clauses အကြောင်းကို စတင် လေ့လာကြည့်ရအောင်ပါ။

Introduction


  • Defining relative clauses ကို မိမိတို့ရည်ညွှန်းပြောဆိုတဲ့ လူပုဂ္ဂိုလ်၊ အရာဝတ္ထု၊ တိရိစ္ဆာန်တစ်ကောင်ကောင်အတွက် ပိုပြီးတော့ရှင်းရှင်းလင်းလင်း ရေးချင်တဲ့အခါ၊ ပြောဆိုချင်တဲ့အခါမျိုးမှာ သုံးပါတယ်။ ဥပမာ-

  • “လူနှစ်ယောက် ရှိနေတယ်။ တစ်ယောက်က ထိုင်နေတယ်။ အခြားတစ်ယောက်က မတ်တပ်ရပ်နေတယ်။ သူတို့နှစ်ယောက်ထဲက တစ်ယောက်က ကျွန်တော့်ရဲ့ အစ်ကိုဖြစ်ပါတယ်။ ဒါဆို ထိုင်သူနေတဲ့သူက ကျွန်တော့်ရဲ့ အစ်ကိုလား၊ မတ်တပ်ရပ်နေတဲ့သူက ကျွန်တော့်ရဲ့အစ်ကိုလား ဆိုတာ မရှင်းဘူး ဖြစ်နေနိုင်ပါတယ်။ ဒါကို “မတ်တပ်ရပ်နေတဲ့သူက ကျွန်တော့်ရဲ့အစ်ကိုပါ”။ သို့မဟုတ် “ထိုင်နေတဲ့သူက ကျွန်တော့်ရဲ့အစ်ကိုပါ” လို့ ရှင်းရှင်းလင်းလင်း ပြောပြရတော့မှာ ဖြစ်ပါတယ်။ အဲဒီလိုဖော်ပြချင်ရင် ကျွန်တော်တို့ Relative Clauses ကိုသုံးရပါတော့မယ်။ ဒါကြောင့် Defining Relative Clauses ကိုသုံးပြီး ဒီလိုရေးနိုင်ပါပြီ။

  • -      The man who is standing is my brother. ဒီစာကြောင်းမှာ “Noun” ဖြစ်တဲ့ “The man” ကို Relative Clauses ဖြစ်တဲ့ “who is standing” က မည်သူမည်ဝါဖြစ်ကြောင်း ပြပေးလိုက်တာပါ။

  • -      စာရေးသားမှာ Complex Sentence များရေးသားဖို့ဆိုရင် Relative Clauses တွေကို ပိုင်နိုင်အောင်လေ့လာထားမယ်ဆိုပါက များစွာအထောက်အကူဖြစ်ကြောင်းတွေ့ရပါမယ်။

Relative Pronouns (1) – who/ whom


  • Who ကို subject pronoun or object pronoun အဖြစ်အသုံးပြုနိုင်ပြီး လူပုဂ္ဂိုလ် အတွက်ပဲသုံးပါတယ်။ အောက်မှာဥပမာရေးပြထားပါတယ်။

  • -      The customer who called me was happy. (subject pronoun)

  • -      The customer who I called was angry. (object pronoun)

  • “Whom” ကိုလည်း လူပုဂ္ဂိုလ်အတွက်ပဲ အသုံးပြုပြီး Object pronoun အတွက်သာ သီးသန့်သုံးပါတယ်။

  • “Whom” ကို Fomal English တွေမှာပဲ အသုံးများပြီး အခုနောက်ပိုင်းမှာတော့ လူပုဂ္ဂိုလ်အတွက် Object Pronoun အနေဖြင့် “who” ကိုပဲ သုံးကြပါတော့တယ်။

-      Spoken English မှာ “who” နဲ့ “whom” အစား “that” ကို တခါတရံ အစားထိုးပြောလေ့ရှိပါတယ်။

Relative Pronouns (2) – which


  • “which” ကို အရာဝတ္တု သို့မဟုတ် တိရိစ္ဆာများအတွက် Subject Pronoun အဖြစ်သော်လည်းကောင်း၊ Object Pronoun အဖြစ်သော်လည်းကောင်း အသုံးပြုပါတယ်။

  • -      It’s a book which will interest you. (subject pronoun)

  • -      The car which he bought was expensive. (object pronoun)

Spoken English မှာ “which” နေရာမှာ “that” ကို အစားထိုးအသုံးပြုလေ့ရှိပါတယ်။

Relative Pronouns (3) – that


  • “that” ကို လူပုဂ္ဂိုလ် သို့မဟုတ် အရာဝတ္တု များအတွက် “subject pronoun” အဖြစ်သော်လည်းကောင်း၊ “object pronoun” အဖြစ်သော်လည်းကောင်း အသုံးပြုပါတယ်။

  • -      The customer that called me was angry.

  • -      The customer that I called was happy.

  • -      It’s a film that scared us.

  • -      The dress that she was wearing was beautiful.

“that” ကို Spoken English မှာ အများဆုံးသုံးကြပါတယ်။

Relative Pronouns (4) – whose


  • “whose” ကို လူပုဂ္ဂိုလ် သို့မဟုတ် အရာဝတ္တုအတွက် Possessive Pronoun အနေဖြင့် သုံးပါတယ်။

  • -      I know a man whose daughter lives in New York. (The man’s daughter lives in New York.)

  • -      Jane works in a restaurant whose manager is never there. (The restaurant’s manager is never there.)

Position of Prepositions


  • “Position of Prepositions” ကိုအသုံးပြုမယ်ဆိုရင် ရွေးချယ်ခွင့် ၂ မျိုးရှိပါတယ်။

  1. formal အနေဖြင့် relative pronoun ရဲ့ရှေ့မှာ သော်လည်းကောင်း
  2. informal အနေဖြင့် relative clause ရဲ့ အဆုံးမှာ သော်လည်းကောင်း သုံးနိုင်ပါတယ်။ ဥပမာ -
  • -      I like the people with whom I work. (formal)
  • -      I like the people that I work with. (informal)
  • -      That is the flat in which my parents live. (formal)
  • -      That is the flat in that my parents live. (informal)
  • (မှတ်ချက်= ‘who’ or ‘that’ ကို preposition တွေရဲ့ နောက်မှာ အသုံးမပြုရပါ။ ဒါကြောင့် အောက်ပါအတိုင်း သုံးရင် မှားပါတယ်။
  • -      I like the people with who I work. (incorrect)
  • -      That is the flat in that my parents live. (incorrect)
“Relative Pronoun” များဟာ Clause ရဲ့ Object ဖြစ်နေတဲ့အခါမျိုးမှာ မြုပ်၍(omit) သုံးနိုင်ပါတယ်။
  • -      The customer who I called was very happy. မှာ “relative pronoun”ကို ဖြုတ်ပြီးသုံးနိုင်ပါတယ်။ The customer I called was very happy.
  • -      He is eating the sandwich that you made. မှာ “relative pronoun” ကိုဖြုတ်ပြီးသုံးနိုင်ပါတယ်။ He is eating the sandwich you made.
“Relative Pronoun” ဟာ Clause ရဲ့ Subject ဖြစ်နေမယ်ဆိုရင်တော့ ၄င်း “relative pronoun” ကို ဖြုတ်၍ မသုံးရပါ။
  • -      The customer who called me was angry. ဆိုတဲ့ စာကြောင်းမှာ “who”ကိုဖြုတ်ပြီးသုံးပါက မှားပါတယ်။ The customer called me yesterday was angry. ဆိုရင် မှားပါတယ်။

Punctuation rule

  • အခုနောက်ဆုံးအနေဖြင့် Defining Relative Clauses များအတွက် “Punctuation rule” ကိုလေ့လာကြည့်ပါမယ်။
  • Defining Relative Clause ကိုသုံးပြီးတော့ စာရေးသားတဲ့အခါမှာ “comma(,)” ကို မသုံးရပါ။
  • -      It’s a book which will interest you. ဆိုတဲ့စာကြောင်းကို It’s a book, which will interest you. လို့ relative clause ကရည်ညွှန်းတဲ့ Noun ရဲ့နောက်မှာ “comma” ထည့်သုံးရင် မှားပါတယ်။
  • -      The girl who is talking to Mark is my sister. စာကြောင်းမှာ The girl, who is talking to Mark, is my sister. လို့ “comma” ထည့်သုံးရင်လည်း မှားပါတယ်။
-      “comma” ကို နောက်ထပ်ရေးသားပေးမဲ့ Non-defining relative clauses မှာပဲ သုံးပါတယ်။

တင်ထားသမျှ ပို့စ်တွေကို
Android Phone များမှ ဖတ်ရန် Apk ဒေါင်းယူလေ့လာနိုင်ပါပြီ....
http://www.mediafire.com/download/ldbd5aq1jcv7d1a/Pioneer+English+Lessons.apk

No comments:

Post a Comment