Monday, June 27, 2016

Conditional Sentence များအကြောင်းသိကောင်းစရာ (First Conditionals)



  • First conditional sentence များဟာ ဖြစ်ပျက်တော့မ၊ဲ့ အမှန်တကယ်ဖြစ်မဲ့ အနာဂတ်အဖြစ်အပျက်တွေအတွက် သုံးပါတယ်။ ဥပမာဆိုကြပါစို့။

-      "ကျွန်တော် ဒီည ရန်ကုန်က ပါတီပွဲတစ်ခုကိုသွားမယ်။ ဒါပေမဲ့ ကျွန်တော့်ဇနီးကပြောလိုက်တာက…ကျွန်တော်လိုက်စီးမဲ့ ကားက ထွက်ခါနီးနေပြီတဲ့…ကားကို ကျွန်တော် အချိန်မီချင်မှ မီမဲ့ အနေအထားဖြစ်နေပြီ။ ကားမမီခဲ့ရင်လည်း ကျွန်တော် တစ်ခုခုတော့ စီစဉ်ပြီး ပါတီပွဲကိုရောက်အောင်သွားမယ်။" ဒါဆိုရင်…. သုံးရမဲ့ Conditional မျိုးက First Conditional ပဲဖြစ်ပါတယ်။


  • Me: “I’m going to a party in Yangon tonight.”
  • My wife: “Hurry up, the bus leaves soon.”
  • Me: “If I miss the bus, I’ll take the train.”

-      အထက်ပါစာကြောင်းကို လေ့လာကြည့်ပါ။ “If I miss the bus” ဆိုတဲ့ အပိုင်းက Condition ဖြစ်ပြီးတော့ “I’ll take the train” ဆိုတဲ့အပိုင်းက Result ဖြစ်ပါတယ်။
-      ဒါကြောင့် condition အပိုင်းက အမှန်တကယ်(true) ဖြစ်နေတယ်။ Result က မကြာမီဖြစ်လာမယ်ဆိုတဲ့ သဘောပါ။
-      အချုပ်ဆိုရမယ်ဆိုရင် First conditional က တိကျသေချာပြီး မဖြစ်သေးပေမဲ့ တကယ်ဖြစ်လာမဲ့အခြေအနေမျိုး (specific future event) မှာ သုံးပါတယ်။ ဒါကြောင့် zero conditional မှာ သုံးသလို “Fact” ဒါမှမဟုတ် “Regular Action” အတွက်မသုံးပါ။
Form
အခုနောက်ထပ် အသုံးပြုတဲ့ပုံစံ (form) ကိုလေ့လာကြည့်ရအောင်ပါ။

  • -      If + condition + result (If I’m late, I’ll call you.) – condition အပိုင်းကိုရှေ့မှာ သုံးမယ်ဆိုရင် ၄င်းအဆုံးမှာ comma ထည့်ပေးရပါမယ်။

  • -      Result + if + condition (I’ll call you if I late.) – Result အပိုင်းကိုရှေ့မှာသုံးမယ်ဆိုရင် comma သုံးစရာမလိုတော့ပါ။

Verb Tenses
ဒီအပိုင်းကတော့ First conditional မှာ verb ကိုဘယ်လိုပုံစံတွေနဲ့အသုံးပြုတာလဲ လေ့လာကြရပါမယ်။
  • -      If I miss the bus, I’ll take the train.
  • -      If I’m late, I’ll call you.

-       “condition” အပိုင်းမှာ “present simple” ကိုသုံးရမှာဖြစ်ပြီး “result” အပိုင်းမှာ “future simple” ကို သုံးရမှာဖြစ်ပါတယ်။

  • -      Condition အပိုင်းမှာ “future simple” ကိုလုံးဝ သုံးလို့မရပါဘူး။ If I will miss the bus, I will take the the train. လို့သုံးရင် မှားပါတယ်။ ဘာလို့လဲဆိုရင် condition ရဲ့ ပုံစံ(form) က Present simple ဖြစ်သော်လည်း အဓိပ္ပာယ်က Future ဖြစ်နေလို့ပါပဲ။

Present simple + going to
Result အပိုင်းမှာ will နေရာမှာ going to + V1 ကိုသုံးနိုင်ပါတယ်။

  • -      If I see her, I’m going to invite her to the party.
  • -      If you don’t study, you’re going to fail the exam.

ဒီနေရာမှာ going to သုံးလိုက်ခြင်းက ရိုးရိုး future simple ကိုသုံးခြင်းထက် Result ကိုပိုပြီးတော့ အားကောင်းစေပါတယ်။ going to က ဘာကိုဖော်ပြပေးသလဲဆိုတော့ “a strong invention or plan for the future than the future simple” ကိုပြပေးတာပါ။

  • အလားတူပဲ အခြား Modal Verb ကိုပါ First conditional မှာ တခါတည်း လေ့လာကြည့်ရအောင်ပါ။

Present simple + modal (may, can, should)

  • -      If you do your homework, you may watch television.

ဒီနေရာမှာ “may” ကို “permission” အတွက် သုံးပါတယ်။ ဒါဟာ “formal” အသုံးပြုပုံပါ။

  • -      If you eat your vegetables, you can play in the garden.

ဒီနေရာမှာ “can” ကိုလည်း “permission” အတွက် သုံးပါတယ်။ ဒါဟာ “informal” အသုံးပြုပုံပါ။

  • -      If you feel ill, you should rest.

ဒီနေရာမှာ “should” ကို “advice” အတွက်သုံးပါတယ်။ should ကိုတော့ condition အပိုင်းအရ လုပ်ဆောင်ဖို့ အသင့်တော်ဆုံးအရာအတွက် အကြံပေးတဲ့အခါ သုံးပါတယ်။

  • နောက်ဆုံးအပိုင်းအနေနဲ့ ရှေ့ပို့စ်မှာ လေ့လာခဲ့တဲ့ Zero Conditional နဲ့ First Conditional ကို အနည်းငယ် နှိုင်းယှဉ်လေ့လာကြည့်ရအောင်ပါ။

  • -      If you drink too much soda, you get fat. (Zero Conditional)

ဒီအသုံးက ယေဘုယျအခြေအနေ ကို ပြောတဲ့အခါမှာ Zero conditional ကိုသုံးပါတယ်။ ဒီနေရာမှာ “you” ဆိုတဲ့ စကားလုံးက “everyone/ everybody” ကိုရည်ညွှန်းတဲ့အသုံးဖြစ်ပါတယ်။ ဘယ်သူမဆို ဒီလိုလုပ်ရင် ဒီလိုဖြစ်တတ်တဲ့ အခြေအနေကို ပြချင်တဲ့အခါ zero conditional ကို သုံးပါတယ်။ ဒါကြောင့် “Fact”  ဖြစ်ပါတယ်။

  • -      If you drink too much soda, you’ll get fat. (First Conditional)

ဒီနေရာမှာတော့ “you” ဟာ ယေဘုယျအခြေအနေကို ပြောချင်တာမဟုတ်ဘဲ မိမိရည်ညွှန်းချင် တစ်စုံတစ်ယောက် (someone/ somebody)အတွက်သာ သုံးတာဖြစ်ပါတယ်။ တနည်းအားဖြင့် တစ်စုံတစ်ဦးအတွက် သီးသန့်ရည်ညွှန်းချင်တဲ့အခြေအနေမှာ သုံးတာပါ။

  • Summary အနေနဲ့ဆိုရင် -

  • -      Zero conditional => general situation, everyone

  • -      First conditional => specific situation, specific person
 တင်ထားသမျှ ပို့စ်တွေကို
Android Phone များမှ ဖတ်ရန် Apk ဒေါင်းယူလေ့လာနိုင်ပါပြီ....

http://www.mediafire.com/download/ldbd5aq1jcv7d1a/Pioneer+English+Lessons.apk

No comments:

Post a Comment