Friday, July 8, 2016

IELTS Speaking: Speaking PART 2 အတွက်အသုံးဝင်သော Vocabulary များ

  • IELTS Speaking: PART 2 အတွက် Tips and Strategies များကို ဒီလင့်မှာ ဖတ်နိုင်ပါတယ်။
  • Speaking Part 2 မှာ ဖြေဆိုခဲ့သလို အကြောင်းအရာ (Topic) တစ်ခုခုနဲ့ပတ်သက်ပြီး တစ်ဦးတည်းပြောဆိုရတဲ့ Short monologue speaking ပုံစံသည် တစ်နည်းအားဖြင့် Writing ကို နှုတ်တိုက်ဖြေဆိုရတာနဲ့ ပုံစံတူတယ်ဆိုတာ သိထားသင့်ပါတယ်။
  • မိမိစတင်ပြောဆိုပြီးဆိုတာနဲ့ ပြောမယ့်အကြောင်းအရာဆိုင်ရာ နိဒါန်း(introduction) ကိုပြောရတော့မှာဖြစ်ပါတယ်။ Introduction ကို စပြောမယ်ဆိုရင် အဖွင့်စာကြောင်း (opening sentence ကို စတင်မိတ်ဆက်ပြောပြရတော့မှာပါ။ ပြီးရင် စာကိုယ်ပိုင်း (main body)လာပါမယ်။ Main body က မိမိအမေးခံရဖွယ်ရှိတဲ့ အချက်အလက်အားလုံးကို ခြုံငုံမိဖို့ (cover all the points of main body) လိုအပ်ပါတယ်။ အနည်းဆုံးတော့ အခွင့်အရေးရမယ်ဆိုရင် အချက်အလက်အားလုံးနီးပါးကို အကြမ်းဖျင်းအားဖြင့် ခြုံငုံမိနေရမှာဖြစ်ပါတယ်။ ဒါဆိုရင် Conclusion အထိ စာစစ်သူက မိမိကို ကြားဖြတ်ဟန့်တားမေးခွန်းမေးနိုင်ခြေနည်းပါးသွားပြီဖြစ်ပါတယ်။ အတိုချုပ်အနေဖြင့် Topic နဲ့ပတ်သက်ပြီး စ၊လယ်၊ဆုံး စနစ်တကျပြင်ဆင်လိုက်နိုင်စွမ်းအားကောင်းနေဖို့ လိုအပ်ခြင်းပါပဲ။
  • အဲဒီလို မိမိရဲ့ အတွေးအခေါ်၊ အယူအဆများကို သဘာဝကျကျနဲ့ စနစ်တကျစီစဉ်ပြောဆိုနိုင်စေဖို့ အသုံးဝင်တဲ့ စကားစုများ (useful phrases) ကို အသုံးပြုရပါလိမ့်မယ်။
- (1) Topic နဲ့ပတ်သက်ပြီး idea အသစ်တစ်ခုကို စတင်မိတ်ဆက်ပြောဆိုတဲ့အခါတိုင်းမှာ ယေဘုယျအဆိုပြုချက် (general statement)တစ်ခုနဲ့ စတင်ပြောဆိုသင့်ပါတယ်။ ဥပမာ Part 2 ရဲ့ အဓိကအကြောင်းအရာက “A book you’ve read recently” ဖြစ်ခဲ့မယ်ဆိုရင် အောက်ပါအတိုင်း စတင်ပြောဆိုနိုင်ပါတယ်။
 I’ve read many books recently, but the one which really impressed me the most was ‘Notes from the Underground’ by Dostoyefski because…”
OR
I’m not exactly a book lover, but one of the books I’ve read and I enjoyed was….”
OR
It’s been ages since I read a good book. One book I recently read was… but I wasn’t thrilled about it because….”
  • ဒါတွေက နမူနာ Topic နဲ့ပတ်သက်ပြီး နမူနာ Introduction အနေဖြင့်ပြောဆိုတဲ့ နမူနာပုံစံပါ။ ဒီပုံစံမှာဆိုရင် ယေဘုယျသဘောဆန်တဲ့အကြောင်းအရာနဲ့ (introduce) စတင်လိုက်ပြီးတော့ မိမိတင်ပြပြောဆိုလိုတဲ့ Main Point ကို တစ်ဖြည်းဖြည်း ချဉ်းကပ်သွားတဲ့ပုံစံမျိုးပါ။
-(2) အထက်မှာ နမူနာသုံးပြလိုက်တဲ့ စကားစုအမျိုးမျိုးကို ဂရုစိုက်ကြည့်ပါ။ I liked, enjoyed, thrilled, impressed etc. စသည်ဖြင့် အမျိုးမျိုးသုံးသင့်ပါတယ်။ ဒါကြောင့် Writing ပိုင်းလိုပဲ ပြောဆိုနေစဉ် စကားလုံးမထပ်စေဘဲ စကားလုံးအမျိုးမျိုး (variety of words)၊ စကားစုအမျိုးမျိုး (variety of phrases) အသုံးပြုပါ။ Main Point ကို မိတ်ဆက်ပြောဆိုတဲ့အခါမှာလည်း အလားတူ စကားပုံစံမျိုး သုံးသင့်ပါတယ်။ ဥပမာ-
 
“This book belongs to classic literature and what makes it unique is the fact that it is……”
OR
Actually, it is the kind of book that a person would read at the beach. It is…”
OR
One thing that I found really interesting about it is that it…”
OR
I’m not really fond of these books but this one stands out because….”
  • ဤနည်းအားဖြင့် မိမိဟာ Main Point တွေကို စနစ်တကျစုစည်းနိုင်ဖို့ အချိန်လည်း သက်သာသွားစေပါတယ်။
-(3) Conclusion ကိုပြောဆိုတင်ပြရမယ့်အချိန်ရောက်လာရင်တော့ အောက်ပါ Phrase မျိုးကို အသုံးပြုနိုင်ပါတယ်။

 Well, I think I would recommend that book if someone wants a book which…”
OR
Overall, it is a very good book and I would definitely recommend it to everyone.”
OR
All in all, I wouldn’t recommend this book to anyone I know.”

  • အထက်မှာ ပြောဆိုရှင်းလင်းပြခဲ့တာတွေကတော့ နမူနာများသာဖြစ်ပါတယ်။ ဒါပေမယ့် မည့်သည့်အကြောင်းအရာ (any topic) မျိုးမှာမဆို အဆိုပါ Words များ၊ Phrase များကို အသုံးပြုနိုင်တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ ဆက်စပ်လေ့လာသုံးသပ်ကြည့်ပါ။

No comments:

Post a Comment