Showing posts with label IELTS. Show all posts
Showing posts with label IELTS. Show all posts

Saturday, July 9, 2016

IELTS Speaking: Speaking PART 3 အသုံးဝင်သော Vocabulary များ




IELTS Speaking: PART 3 အတွက် Tips and Strategies ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီပို့စ်မှာ ရေးသားခဲ့ပြီးဖြစ်ပါတယ်။ အခုရေးတဲ့ပို့စ်ကတော့ Part 3 အတွက် အသုံးဝင်တဲ့ Vocabulary and Linking Phrase များပဲ ဖြစ်ပါတယ်။


IELTS Part 3 မှာ မိမိအနေဖြင့် Topic နဲ့ပတ်သက်တဲ့ စိတ်ကူးစိတ်သန်းတွေ၊ အကြံဥာဏ်တွေကိုဖော်ပြရာမှာ သွက်သွက်လက်လက် ဖြေဆိုပြောပြနိုင်ဖို့ လိုအပ်ပါတယ်။ စာစစ်သူနဲ့အပြန်အလှန်ဆွေးနွေးပြောဆိုနေစဉ်မှာ Vocabulary များကို ပိုင်နိုင်ကျွမ်းကျင်စွာအသုံးပြုပြီး၊ Linking Phrase များ ဝေဝေဆာဆာ သုံးနိုင်မယ်ဆိုရင် မိမိအတွက် အကောင်းဆုံးဖြစ်မှာပါ။ 

ဒါကြောင့် Part 3 အတွက် အထောက်အကူဖြစ်စေနိုင်တဲ့အောက်ပါ Vocabulary များ၊ Linking Phrase များဆက်လက်လေ့လာကြည့်ပါ။
Let’s see some phrases you can use when you state your opinion:
  • In my opinion,
  • I firmly believe that…

Friday, July 8, 2016

IELTS Speaking: Speaking PART 2 အတွက်အသုံးဝင်သော Vocabulary များ

  • IELTS Speaking: PART 2 အတွက် Tips and Strategies များကို ဒီလင့်မှာ ဖတ်နိုင်ပါတယ်။
  • Speaking Part 2 မှာ ဖြေဆိုခဲ့သလို အကြောင်းအရာ (Topic) တစ်ခုခုနဲ့ပတ်သက်ပြီး တစ်ဦးတည်းပြောဆိုရတဲ့ Short monologue speaking ပုံစံသည် တစ်နည်းအားဖြင့် Writing ကို နှုတ်တိုက်ဖြေဆိုရတာနဲ့ ပုံစံတူတယ်ဆိုတာ သိထားသင့်ပါတယ်။
  • မိမိစတင်ပြောဆိုပြီးဆိုတာနဲ့ ပြောမယ့်အကြောင်းအရာဆိုင်ရာ နိဒါန်း(introduction) ကိုပြောရတော့မှာဖြစ်ပါတယ်။ Introduction ကို စပြောမယ်ဆိုရင် အဖွင့်စာကြောင်း (opening sentence ကို စတင်မိတ်ဆက်ပြောပြရတော့မှာပါ။ ပြီးရင် စာကိုယ်ပိုင်း (main body)လာပါမယ်။ Main body က မိမိအမေးခံရဖွယ်ရှိတဲ့ အချက်အလက်အားလုံးကို ခြုံငုံမိဖို့ (cover all the points of main body) လိုအပ်ပါတယ်။ အနည်းဆုံးတော့ အခွင့်အရေးရမယ်ဆိုရင်

Thursday, July 7, 2016

IELTS Speaking: PART 3 အတွက် Tips and Strategies




  • IELTS Speaking part 3 ကတော့ Part 2 မှာ ဖြေဆိုခဲ့တဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး မေးခွန်းများကို စာစစ်သူက မေးမြန်ပါလိမ့်မယ်။ ဒါပေမဲ့ မေးခွန်းတွေဟာ ပိုပြီးတော့ ယေဘုယျသဘောဆန်တဲ့၊ ကောက်နှုတ်ချက်ဆန်တဲ့ မေးခွန်းများကို ဖြစ်လေ့ရှိပါတယ်။ ဒီအပိုင်းမှာတော့ Part 2 မှာဖြေဆိုခဲ့တဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ပြောဆိုရှင်းပြဖြေဆိုပေးရရုံတင်မက ၄င်းအကြောင်းအရာနဲ့ ပတ်သက်တာတွေကို ခွဲခြမ်းစိတ်ဖြာပြီး စာစစ်သူနဲ့ အပြန်အလှန်ဆွေးနွေးပြောဆိုရမယ့် အပိုင်းလည်းဖြစ်ပါတယ်။

Wednesday, July 6, 2016

IELTS Speaking: PART 2 အတွက် Tips and Strategies



  • Speaking Part 2 မှာတော့ အကြောင်းအရာတစ်ခုခု (Topic) နဲ့ပတ်သက်ပြီး ၂ မိနစ်ခန့်ဆက်တိုက်ပြောဆိုပြီး ဖြေရမယ့်အပိုင်းပါ။ ပြောဆိုရမယ့်အကြောင်းအရာမေးခွန်းပါတဲ့ ကဒ် (card) ကို ပေးပြီးတော့ မှတ်စုတို (Note) ထုတ်ရန် ခဲတံ သို့မဟုတ် ဘောပင်နဲ့ စာရွက်အနည်းငယ်ပေးပါလိမ့်မယ်။ မေးထားတဲ့အကြောင်းအရာအတွက် ပြင်ဆင်ချိန် အနည်းငယ်လည်း ပေးထားပါတယ်။

  • စာစစ်သူရှေ့မှာ တစ်ဦးတည်းဆက်တိုက်ပြောဆိုရတဲ့အနေအထားဖြင့် ၂ မိနစ်ခန့် ပြောဆိုရမှာပါ။ သွက်သွက်လက်လက် ပြောဆိုနိုင်တဲ့ မိမိရဲ့ အရည်အချင်းနဲ့စွမ်းရည်ကို ပြသနိုင်ဖို့လိုအပ်ပါတယ်။ နောက်တစ်ချက်က မေးထားတဲ့အကြောင်းအရာနဲ့ပတ်သက်တဲ့ မိမိရဲ့ စိတ်ကူးစိတ်သန်းတွေ၊ အတွေးအခေါ်တွေကိုလည်း စနစ်တကျ ဟန်ချက်ညီညီ စုစည်းပြောဆိုနိုင်တဲ့ စွမ်းရည်ကိုလည်း ပြသနိုင်ရပါမယ်။

  • အောက်ပါ မေးခွန်းနမူနာကိုလေ့လာကြည့်ရအောင်ပါ။

IELTS Speaking: Part 1 အတွက် Tips and Strategies



  • IELTS Speaking ပိုင်းအတွက် အရင်ပို့စ်မှာ အခြေခံသဘောတရားများကို ရှင်းပြခဲ့ပြီးဖြစ်ပါတယ်။ Speaking ပိုင်းမှာ အပိုင်း ၃ ပိုင်းဖြေဆိုရမယ်ဆိုတာလည်း ရှင်းပြခဲ့ပြီးဖြစ်တာကြောင့် အခုဒီပို့စ်မှာတော့ IELTS speaking အပိုင်း ၁ မှာ ဖြေရမယ့် Tips and Strategies တွေကိုရှင်းပြမှာဖြစ်ပါတယ်။ ကျွန်တော့်အနေဖြင့် ပို့စ်မှာ ရေးသားတဲ့ပုံစံက စာပုံစံထက် သင်တန်းမှာ သင်တဲ့ စကားပြောဟန်နဲ့ ရေးသားရှင်းပြနေတာကိုတော့ နားလည်ပေးပါ။ အခု Speaking Part 1 ကို စတင်လေ့လာကြည့်ရအောင်ပါ။

Tuesday, July 5, 2016

IELTS Speaking: အခြေခံသဘောတရားများ



  • ဒီပို့စ်ကတော့ IELTS speaking မိတ်ဆက်ဖြစ်တဲ့အတွက် Speaking ပိုင်းမှာ မေးလေ့မေးထရှိတဲ့ အခြေခံသဘောတရားများကို ရှင်းပြပေးမှာဖြစ်ပါတယ်။ အသေးစိတ်ကို IELTS speaking Park -1 , Part – 2, Part -3 ဆိုပြီး ဆက်လက်ရှင်းပြပေးမယ့်အပြင် Speaking ပိုင်းမှာမေးတဲ့ အပိုင်းသုံးပိုင်းစလုံအတွက် လေ့လာရမဲ့ Vocabulary များ၊ ဆောင်ရန်၊ ရှောင်ရန်များကိုလည်း ရှင်းလင်းတင်ပြပေးသွားမှာဖြစ်ပါတယ်။

  • IELTS Speaking အပိုင်းက Academic module ပိုင်းမှာရော၊ General module ပိုင်းမှာပါ အတူတူပဲဖြစ်ပါတယ်။ IELTS Speaking ပိုင်းအတွက် ဖြေဆိုချိန်ကတော့ ၁၁ မိနစ်မှ ၁၄ မိနစ်ခန့်အတွင်း ကြာပါတယ်။

  • Speaking မှာ အပိုင်းအားဖြင့် ၃ ပိုင်းပါဝင်ပါတယ်။ ဖြေဆိုတဲ့သူဟာ အခြားဖြေဆိုသူတွေမပါဘဲ စာမေးပွဲစစ်ဆေးသူနဲ့ တစ်ဦးချင်း interview ဖြေရမဲ့ပုံစံပါ။ အပိုင်းသုံးပိုင်းဖြေရမှာဖြစ်ပေမဲ့ သုံးခုစလုံးအတွက် တစ်ခုချင်းစီသီးခြားခွဲပြီး အမှတ်ပေးမှာမဟုတ်ပါဘူး။

  • အခု တစ်ပိုင်းချင်းစီကိုလေ့လာကြည့်ရအောင်ပါ။

IELTS ဆိုတာဘာလဲ…



  • IELTS နဲ့ပတ်သက်ပြီး ပထမဆုံးစတင်ရေးသားတဲ့ ပို့စ်တဲ့အတွက် IELTS ကို စတင်လေ့လာသူတွေအတွက် ရည်ရွယ်ပြီး “What’s IELTS?” ဆိုပြီး အခြေခံကနေ စတင် ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ သိပြီးသူများအတွက် ဒီပို့စ်ကို ကျော်ဖတ်သွားနိုင်ပါတယ်။
  • ဒီပို့စ်မှာတော့ "IELTS" ဆိုတာဘာလဲ ဆိုတာကို ရှင်းပြပြီး နောက်ပို့စ်တွေမှာတော့ Speaking အပိုင်းကနေ စတင်ရေးသား ရှင်းလင်းပေးမှာဖြစ်ပြီး Listening, Reading နဲ့ Writing အပိုင်းများကို အဆင်ပြေသလို ခြုံငုံလေ့လာနိုင်အောင် တင်ပြပေးသွားမှာပါ။ 
  • IELTS ဆိုတာက International English Language Testing System ကို အတိုကောက်ခေါ်တာပါ။ တကယ်တော့ IELTS ဆိုတာက "အင်္ဂလိပ်ဘာသာစကားကို ဘယ်လောက် ကျွမ်းကျင်ပိုင်နိုင်မှု ရှိသလဲ" ဆိုတာ  စမ်းသပ်စစ်ဆေးအကဲဖြတ်ပေးတဲ့ Test တစ်ခုသာဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာစကားကို လူအချင်းချင်းကြား ဆက်ဆံပြောဆိုတဲ့အခါ ဘုံဘာသာစကားတစ်ခုအနေဖြင့် အသုံးပြုနေတဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်နေသူတွေ၊ ပညာရပ်တွေကိုလေ့လာနေသူတွေရဲ့ ဘာသာစကားကျွမ်းကျင်ပိုင်နိုင်မှုကို တိုင်းတာတဲ့ စမ်းသပ်မှုတစ်ခု၊ စစ်ဆေးမှုတစ်ခုသာဖြစ်ပါတယ်။ ခြုံပြီးပြောရမယ်ဆိုရင် IELTS ဆိုတာက ကျွန်တော်တို့ရဲ့ အင်္ဂလိပ်စာဘာသာစကားနဲ့ဆိုင်တဲ့ အရေး၊ အဖတ်၊ အပြော၊ နားထောင်မှုစွမ်းတွေနဲ့ အထွေအထွေဗဟုသုတကြွယ်ဝမှုကို စစ်ဆေးတဲ့ စနစ်သာဖြစ်ပါတယ်။ IELTS ကျွမ်းကျင်မှုအဆင့်တွေကိုတော့ စတင်လေ့လာတဲ့သူတွေအတွက် အဆင့်သုည(၀) ကနေ ကျွမ်းကျင်ပိုင်နိုင်မှုအမြင့်ဆုံးအဆင့် ၉ ထိသတ်မှတ်ထားပါတယ်။ တစ်နည်းအားဖြင့် Level 0 to 9 အတွင်းသတ်မှတ်ပေးတာပါ။ တစ်ချို့တော့ Level 1 ကနေစတင်သတ်မှတ်ပြီး Level 1 to Level 9 ဆိုပြီးသတ်မှတ်ပါတယ်။ Level 0 ဆိုတာကတော့ စာမေးပွဲခန်းထဲ ဝင်ထိုင်ပြီး လုံးဝမဖြေတဲ့သူအတွက်ပါ။ ဥပမာ ကျွန်တော့်လိုမျိုး… :P :P