Monday, July 18, 2016

Much နဲ့ Many ကို အသုံးပြုပုံအသေးစိတ်



  • IELTS သင်ခန်းစာတွေပဲဖတ်နေရတော့ပျင်းနေမှာစိုးလို့.. အလှည့်အပြောင်းအနေဖြင့် Grammar ပိုင်းမှာ ရောထွေးတတ်တဲ့ အပိုင်းလေးတွေကို မကြာခဏဆိုသလို ရေးသား တင်ပြပေးသွားပါမယ်။ အခုဒီပို့စ်မှာတော့ "Many" နဲ့ "Much" အသုံးချမှု ကွဲပြားပုံကို ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။
  • Much နဲ့ Many နှစ်ခုစလုံးကို Quantity (အရေအတွက်) တွေကို ဖော်ပြချင်တဲ့အခါမျိုးမှာ အသုံးပြုပါတယ်။ အကြမ်းဖျင်းအားဖြင့် Much က uncountable အတွက်သုံးမှာဖြစ်ပြီး၊ Many က Countable အတွက်အသုံးပြုမှာဖြစ်ပါတယ်။ ဒီပို့စ်မှာ Much and Many တို့ရဲ့ Countable and Uncountable အတွက် ဘယ်လိုအခြေအနေမျိုးတွေမှာ အသုံးပြုလဲဆိုတာကို အသေးစိတ်လေ့လာကြရမှာပါ။

Questions about quantity (1) – Countable Nouns


အခု Quantity နဲ့ ပတ်သက်ပြီး စတင်လေ့လာကြပါမယ်။ အောက်ပါဥပမာများကို လေ့လာသုံးသပ်ကြည့်ရအောင်ပါ။
  • -      How many apples are there?
  • -      How many eggs are there?
  • -      How many bananas are there?

အထက်ပါ ဥပမာပါမေးခွန်းများကို ခွဲခြမ်းစိတ်ဖြာပြီး လေ့လာကြည့်ကြပါမယ်။
ဒီမေးခွန်း စာကြောင်းတွေမှာ သုံးထားတဲ့ Noun များ (apple, egg, banana) ဟာ ရေတွက်လို့ရတဲ့ နာမ်များ (Countable Noun) များဖြစ်ကြတာကို တွေ့ရပါမယ်။ Countable Noun များဖြစ်သည့်အတွက် တစ်ခုထက်ပိုနေရင် အသုံးပြုမယ့် ကြိယာ (Verb) ဟာလည်း Singular ပုံစံအသုံးမပြုနိုင်တော့ဘဲ Plural ပုံစံသုံးပေးရတော့မှာ ဖြစ်ပါတယ်။ အဲဒီလို Countable Noun တွေလည်းဖြစ်မယ်၊ တစ်ခုထက်လည်း ပိုများနေမယ်ဆိုရင် Verb ဟာလည်း Plural ဖြင့်သုံးရမယ့်အပြင် Many or Much ကို ဘာသုံးမလဲ မေးရင် Many ပဲသုံးရမှာဖြစ်ပါတယ်။ Many ကိုဘာကြောင့်သုံးလဲ မေးရင် English Language System အရ “Rule” ဖြစ်နေလို့ပါပဲ။

ဒီအပိုင်းအရ အနှစ်ချုပ်မယ်ဆိုရင် Quantity နဲ့ပတ်သက်ပြီး Plural ပုံစံနဲ့ Countable Noun တွေသုံးမယ်ဆိုရင် “many” ကို သုံးရမှာဖြစ်ပါတယ်။

Questions about quantity (2) – Uncountable Nouns

Quantity နဲ့ပတ်သက်ပြီး ဒုတိယစည်းမျဉ်းတစ်ခုကို ထပ်မံလေ့လာကြည့်ရအောင်ပါ။
  • -      How much milk is there?
  • -      How much cheese is there?
  • -      How much sugar is there?
အထက်ပါဥပမာတွေမှာ သုံးထားတဲ့ Noun တွေက Uncountable Noun များဖြစ်တယ်ဆိုတာ သိရှိပြီးဖြစ်မှာပါ။ Uncountable Noun များဖြစ်တဲ့အတွက် Quantity ဟာ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ရေတွက်လို့ မရလို့ အသုံးပြုမယ့် Verb ဟာ Plural ပုံစံသုံးမရတော့ဘဲ Singular ပုံစံနဲ့ပဲ အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီမေးခွန်းတွေမှာ သုံးထားတဲ့ Noun များဟာ Uncountable Noun များဖြစ်၍ Much ကိုပဲ သုံးရမှာ ဖြစ်ပါတယ်။

ဒီအပိုင်းကို အနှစ်ချုပ်မယ်ဆိုရင် Quantity နဲ့ပတ်သက်လို့ မေးခွန်းတွေမှာ ရေတွက်လို့မဖြစ်နိုင်၊ မရတဲ့ Uncountable Noun များအတွက်ဆို “much” ကိုသာသုံးရမှာဖြစ်ပါတယ်။ ဒါဟာလည်း “rule” ဖြစ်ပါတယ်။

Describing a small quantity (1) - Countable Nouns

အခုဆက်ပြီး Quantity တွေရဲ့ ပမာဏကို ထပ်မံခွဲစိတ်လေ့လာကြည့်ရအောင်။
  • -      There aren’t many carrots.
  • -      There aren’t many pears.
  • -      There aren’t many strawberries.
အထက်ပါ နမူနာများကိုလေ့လာကြည့်လိုက်ရင် Countable Noun တွေကို Plural ပုံစံနဲ့ သုံးထားလို့ Verb ကိုပါ Plural ပုံစံအဖြစ် အငြင်းဝါကျ (negative sentence) တွေမှာ သုံးထားတာကို တွေ့ရမှာပါ။ ဘာကြောင့်လဲ ဆိုရင် Countable Noun ဖြစ်မယ်၊ အရေအတွက်အားဖြင့်လည်း နည်းမယ်ဆိုရင် Negative စာကြောင်းတွေမှာ “many” ကိုပဲ သုံးရမှာဖြစ်ပါတယ်။ အရေအတွက်အားဖြင့်များမယ်၊ Countable Noun လည်း ဖြစ်မယ်ဆိုရင်ရော ဆိုတဲ့ မေးခွန်း ရှိနိုင်ပါတယ်။ ဆက်လက်လေ့လာကြည့်ပါ။

Describing a small quantity (2) – Uncountable Nouns

Quantity နဲ့ပတ်သက်ပြီး နောက်ထပ်တစ်မျိုးကတော့ ဖော်ပြချင်တဲ့ Quantity ဟာ Uncountable Noun ဖြစ်နေပြီး Negative အနေဖြင့် အသုံးပြုမယ်ဆိုရင် “much” ကိုပဲ သုံးရမှာဖြစ်ပါတယ်။
  • -      There isn’t much pasta.
  • -      There isn’t much rice.
  • -      There isn’t much wine.
အထက်ပါဥပမာတွေအတိုင်း “much” ကို Negative Sentence တွေမှာ Uncountable Noun တွေရဲ့ small quantity ကို ဖော်ပြချင်တဲ့အခါမျိုးမှာ သုံးပါတယ်။

Describing a large quantity – Countable or Uncountable

  • -      There are a lot of oranges.
  • -      There are many oranges. လို့သုံးရင် မှားပါတယ်။
  • -      There is a lot of chocolate.
  • -      There is much chocolate. လို့သုံးရင် မှားပါတယ်။
အထက်ပါဥပမာတွေမှာဆိုရင် Large quantity ကို ဖော်ပြရန် Positive sentence တွေမှာ “much” or “many” ကို မသုံးရပါ။ “a lot of” or “lots of” သာ သုံးရမှာဖြစ်ပါတယ်။
ဒီလောက်ဆိုရင် “much” နဲ့ “many” ကို ဘယ်လိုအသုံးပြုရမလဲဆိုတာ ရှင်းလောက်ပြီးလို့ ယူဆပါတယ်။

No comments:

Post a Comment