Wednesday, July 27, 2016

IELTS Reading: Academic Reading ပုိင္းအတြက္သိေကာင္းမ်ားႏွင့္နမူနာပုံစံမ်ား



  • IELTS Reading အပုိင္းမွာ Academic module ပုိင္းနဲ႔ General module ပုိင္းဆုိျပီး ႏွစ္ပုိင္းခြဲျခားထားပါတယ္။ Academic Module ပုိင္းကေတာ့ အဂၤလိပ္ဘာသာစကားကုိ မိခင္ဘာသာအျဖစ္အသုံးျပဳတဲ့ႏုိင္ငံေတြ (ဥပမာ- Australia, Britain, United State) မွာ သြားေရာက္ပညာသင္လိုေသာ ဘြဲ႔ၾကိဳ၊ ဘြဲ႔လြန္သင္တန္းသားမ်ားအတြက္ ျဖစ္ျပီး General Module အပုိင္းကေတာ့ ၄င္းႏုိင္ငံမ်ားမွာ သြားေရာက္အလုပ္လုပ္လိုေသာ သူမ်ားအတြက္ျဖစ္ပါတယ္။
  • ဒီပုိ႔စ္မွာေတာ့ Academic Module ပုိင္းနဲ႔ ပတ္သက္ျပီး Tips and Strategies မ်ားကုိ တင္ျပေပးသြားမွာျဖစ္ပါတယ္။ 
  • Academic Reading ပုိင္းရဲ့ Strategies မ်ားကုိေတာ့ ေနာက္ပုိ႔စ္မ်ားမွာ ဆက္လက္ေရးသားရွင္းျပေပးသြားပါမယ္။
  • Academic Module ပိုင္းမွာ Reading Test အတြက္ ေျဖဆုိခ်ိန္ မိနစ္ ၆၀ ေပးထားပါတယ္။ ေျဖဆုိရမယ့္ Section ကေတာ့ အပုိင္း ၃ ပုိင္း ရွိပါတယ္။ တစ္ပုိင္းကုိ မိနစ္ ၂၀ စီသတ္မွတ္ခ်က္ပါ။ စကားလုံးအေရအတြက္အားျဖင့္ ပထမ Section နဲ႔ ဒုတိယ Section ပုိင္းမွာ စကားလုံး ၉၀၀ ခန္႔အထိရွိႏုိင္ျပီး၊ တတိယ Section မွာေတာ့ စကားလုံး ၉၅၀ ခန္႔အထိရွိႏုိင္ပါတယ္။
  • ေမးခြန္းအေနျဖင့္ဆုိရင္ေတာ့ ပထမပုိင္း အတြက္ ေမးခြန္း ၁၃ ခု၊ ဒုတိယပုိင္းအတြက္ ေမးခြန္း ၁၃ ခုနဲ႔ တတိယပုိင္းအတြက္ ေမးခြန္း ၁၄ ခု စုစုေပါင္း ေမးခြန္းေပါင္း ၄၀ ေျဖဆုိရမွာျဖစ္ပါတယ္။
  • ေမးခြန္းေတြ ပါဝင္တဲ့အေၾကာင္းအရာမ်ားကုိေတာ့ newspapers, magazines, books, website articles ေတြဆီမွထုတ္ႏုတ္ေမးထားတာျဖစ္တဲ့အတြက္ ေသေသခ်ာခ်ာ ေလ့လာထားမွသာ ေပးထားတဲ့အခ်ိန္အတြင္း ေမးခြန္းအားလုံးကုိ ေျဖဆုိႏုိင္မွာ ျဖစ္ပါတယ္။
  • ေမးမယ့္ ေမးခြန္းပုံစံေတြက multiple choice, identifying information, identifying writer’s views/claims, matching information, matching headings, matching features, matching sentence endings, sentence completion, summary completion, note completion, table completion, flow-chart completion, diagram label completion, short-answer questions တုိ႔ထဲမွျဖစ္တဲ့အတြက္ ေသေသခ်ာခ်ာ ၾကိဳတင္ေလ့လာျပင္ဆင္ထားသင့္ပါတယ္။
  • အမွတ္ေပးတဲ့ပုံစံကေတာ့ အေျဖတစ္ခုမွန္ရင္ ၁ မွတ္ပါ။ အားလုံးေျဖဆုိလို႔ရရွိတဲ့အမွတ္မ်ားကုိ IELTS Band Score Scale ကုိ ေျပာင္းလဲသတ္မွတ္သြားမွာ ျဖစ္ပါတယ္။ 
  • ေအာက္ပါလင့္မ်ားမွ Answer Sheet ပုံစံနဲ႔ အျခား IELTS Academic Reading Sample Tasks မ်ားကုိ ေဒါင္းယူျပီးေလ့လာႏုိင္ပါတယ္။

  • Answer sheet (PDF, 130KB)
  • Identifying information (PDF, 35KB)
  • Identifying writer's views (PDF, 56KB)
  • Matching features (PDF, 22KB)
  • Matching headings (PDF, 26KB)
  • Multiple choice questions (PDF, 21KB)
  • Table completion (PDF, 59KB)
  • Diagram label completion (PDF, 61KB)

 Unicode Version

 IELTS Reading အပိုင်းမှာ Academic module ပိုင်းနဲ့ General module ပိုင်းဆိုပြီး နှစ်ပိုင်းခွဲခြားထားပါတယ်။ Academic Module ပိုင်းကတော့ အင်္ဂလိပ်ဘာသာစကားကို မိခင်ဘာသာအဖြစ်အသုံးပြုတဲ့နိုင်ငံတွေ (ဥပမာ- Australia, Britain, United State) မှာ သွားရောက်ပညာသင်လိုသော ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းသားအတွက် ဖြစ်ပြီး General Module အပိုင်းကတော့ ၄င်းနိုင်ငံများမှာ သွားရောက်အလုပ်လုပ်လိုသော သူများအတွက်ဖြစ်ပါတယ်။

    ဒီပို့စ်မှာတော့ Academic Module ပိုင်းနဲ့ ပတ်သက်ပြီး Tips and Strategies များကို တင်ပြပေးသွားမှာဖြစ်ပါတယ်။

    Academic Module ပိုင်းမှာ Reading Test အတွက် ဖြေဆိုချိန် မိနစ် ၆၀ ပေးထားပါတယ်။ ဖြေဆိုရမယ့် Section ကတော့ အပိုင်း ၃ ပိုင်း ရှိပါတယ်။ တစ်ပိုင်းကို မိနစ် ၂၀ စီသတ်မှတ်ချက်ပါ။ စကားလုံးအရေအတွက်အားဖြင့် ပထမ Section နဲ့ ဒုတိယ Section ပိုင်းမှာ စကားလုံး ၉၀၀ ခန့်အထိရှိနိုင်ပြီး၊ တတိယ Section မှာတော့ စကားလုံး ၉၅၀ ခန့်အထိရှိနိုင်ပါတယ်။
    မေးခွန်းအနေဖြင့်ဆိုရင်တော့ ပထမပိုင်း အတွက် မေးခွန်း ၁၃ ခု၊ ဒုတိယပိုင်းအတွက် မေးခွန်း ၁၃ ခုနဲ့ တတိယပိုင်းအတွက် မေးခွန်း ၁၄ ခု စုစုပေါင်း မေးခွန်းပေါင်း ၄၀ ဖြေဆိုရမှာဖြစ်ပါတယ်။
    မေးခွန်းတွေ ပါဝင်တဲ့အကြောင်းအရာများကိုတော့ newspapers, magazines, books, website articles တွေဆီမှထုတ်နုတ်မေးထားတာဖြစ်တဲ့အတွက် သေသေချာချာ လေ့လာထားမှသာ ပေးထားတဲ့အချိန်အတွင်း မေးခွန်းအားလုံးကို ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။
    မေးမယ့် မေးခွန်းပုံစံတွေက multiple choice, identifying information, identifying writer’s views/claims, matching information, matching headings, matching features, matching sentence endings, sentence completion, summary completion, note completion, table completion, flow-chart completion, diagram label completion, short-answer questions တို့ထဲမှဖြစ်တဲ့အတွက် သေသေချာချာ ကြိုတင်လေ့လာပြင်ဆင်ထားသင့်ပါတယ်။
    အမှတ်ပေးတဲ့ပုံစံကတော့ အဖြေတစ်ခုမှန်ရင် ၁ မှတ်ပါ။ အားလုံးဖြေဆိုလို့ရရှိတဲ့အမှတ်များကို IELTS Band Score Scale ကို ပြောင်းလဲသတ်မှတ်သွားမှာ ဖြစ်ပါတယ်။
    အောက်ပါလင့်များမှ Answer Sheet ပုံစံနဲ့ အခြား IELTS Academic Reading Sample Tasks များကို ဒေါင်းယူပြီးလေ့လာနိုင်ပါတယ်။

    Answer sheet (PDF, 130KB)
    Identifying information (PDF, 35KB)
    Identifying writer's views (PDF, 56KB)
    Matching features (PDF, 22KB)
    Matching headings (PDF, 26KB)
    Multiple choice questions (PDF, 21KB)
    Table completion (PDF, 59KB)
    Diagram label completion (PDF, 61KB)

No comments:

Post a Comment