Friday, October 7, 2016

Contain/ Consist of/ include ဆိုတဲ့ "ပါဝင်တာ၊ ပါရှိတာ" အသုံးပြုပုံကွဲပြားမှုများ

- မြန်မာလို "မီးနင်း (Meaning) " ကျက်တဲ့ အကျင့်ကြောင့် အသုံးမှားရတဲ့ အင်္ဂလိပ်စကားလုံးတွေထဲမှာ "contain" ဟာ ရှေ့ဆုံးက ပါတယ်။ အခု ရေးလိုက်တဲ့ "ရှေ့ဆုံးက ပါတယ်" ကို Contain နဲ့ ပြောလို့မရဘူး။
"ကျွန်တော်တို့ထဲမှာ ဘောလုံးကစားတတ်သူတွေ ပါဝင်တယ်"၊ "ဒီစာအုပ်တွေထဲမှာ အဘိဓါန်ငါးအုပ် ပါဝင်တယ်" စတာတွေကိုလည်း "contain" သုံးလို့ မရချေဘူး။
- "Contain" ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်က "have within itself, hold within itself"၊ "အထဲမှာ ရှိတာ၊ ထည့်ထားတာ" ကို ပြောတာ။ ရေအိုးထဲမှာ ရေပါဝင်တာ။ စာအုပ်ထဲမှာ စာမျက်နှာ ပါဝင်တာ၊ သေတ္တာထဲမှာ ပစ္စည်းပါဝင်တာကိုမှ ပြောရတယ်။ ဥပမာ-
  • This pot contains water.
  • This jug contains milk.
  • This box contains biscuits.
  • This book contains ten short stories.
  • This bottle contains half a pint.
- "ပါဝင်တဲ့ပစ္စည်း" ကို Content လို့ ခေါ်ပါတယ်။ Content ဆိုတာ Contain ဆိုတဲ့ Verb ရဲ့ Noun ဖြစ်ပါတယ်။ စာအုပ်ရဲ့ ပထမစာမျက်နှာမှာ Contents ဆိုတဲ့ ခေါင်းစဉ်နဲ့ ဂဏန်းထိုးပြီး ဖော်ပြထားတာ တွေ့ဖူးကြမှာပါ။ စာအုပ်ထဲမှာ ပါဝင်တာကို စာရင်း လုပ်ပြထားတာပါ။ မြန်မာလို့ "မာတိကာ" လို့ ခေါ်ကြပါတယ်။ အလားတူပါပဲ၊ သေတ္တာထဲမှာ ပါတာကို "the contents of the box. ၊ ပုထဲမှာ ပါတာတွေကို The contents of the bottle လို့ သုံးရပါတယ်။
  • - The police officer examined the contents of Mi Mi's handbag.
  • - U Soe is looking at the (table of) contents of the book.
 - Content ရှေ့က လိုအပ်တဲ့ Noun တစ်ခု ထားပြီးလည်း သုံးလေ့ရှိပါတယ်။ အဲဒီ Noun က ညွှန်ပြတဲ့ ပစ္စည်း ဘယ်၍ ဘယ်မျှ ပါဝင်တာကို ဆိုလိုတာပါ။ Sugar content ဆိုတာ သကြားပါဝင်မှု၊ fat content ဆိုတာ အဆီပါဝင်မှု၊

  • The sugar content of the fruit is high.
  • The meat has a low fat content.
- "ပါဝင်တယ်" လို့ပဲ မြန်မာလို ပြောရတဲ့ နောက်အင်္ဂလိပ် စကားလုံးကတော့ "consist" ဖြစ်ပါတယ်။ သူ့ရဲ့ အဓိပ္ပာယ်က "be made of" - ပါဝင်ဖွဲ့စည်းထားတယ် လို့ ဖြစ်ပါတယ်။ "contain" ရဲ့ အဓိပ္ပာယ်နဲ့ ကွဲကွဲပြားပြား ဖြစ်ပါစေ။ မြန်မာလို "ပါဝင်တယ်" လို့ ကျက်မှတ် မထားသင့်ပါ။ ပြည်နယ်တွေ စုပေါင်းဖွဲ့စည်းပြီး ပြည်ထောင်စုဖြစ်သွားတာ၊ အတန်းတွေ စုပေါင်းလိုက်တော့ ကျောင်းဖြစ်သွားတာ၊ လူပုဂ္ဂိုလ်ဆယ်ဦး ပေါင်းလိုက်တော့ ကော်မတီ အဖွဲ့ရယ်လို့ ပြောတာမျိုးမှာ "consist" ကို သုံးတတ်ရပါမယ်။ နောက်က "of" လိုက်ပါတယ်။
  • A school consists of classes.
  • The Committee consists of 15 members.
  • The book consists of four parts.
  • The dish consists of meat and tomatoes.
- Contain နဲ့ အဓိပ္ပာယ်ဆင်တူ စကားလုံးကတော့ "include" ဖြစ်တယ်။ "regard as part of the whole" အစိတ်အပိုင်း တစ်ပိုင်း အဖြစ် သတ်မှတ်အပ်တယ်လို့ အဓိပ္ပာယ်ကို မှတ်သားထားရပါမယ်။
  • This book contains 150 poems, including ten by U Ponnya. (ဦးပုညရဲ့ ကဗျာ ဆယ်ပုဒ်က ပါဝင်သမျှ ၁၅၀ ရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။)
  • This book includes all his poems. (ဒီစာအုပ်မှာ သူ့ကဗျာ အားလုံးပါတယ်။ အခြားစာတွေလဲ ပါသေးတယ်ဆိုတာ နားလည်ရပါမယ်။)
  • Ma Ni's duties include watering the flowers.
  • We will include your name on the list of players.
- အထက်မှာ ရှင်းလင်းဖော်ပြထားသကဲ့သို့ "contain/ consist/ include" တို့ကို သုံးတတ်အောင် ကြိုးစားရပါမယ်။ မြန်မာလို့ "ပါတယ်" ဆိုတိုင်း အင်္ဂလိပ်စကားလုံးရဲ့ အသုံးအနှုန်းကို မဆင်မခြင် "contain" လို့ စွတ်မရေးလိုက်ရပါဘူး။ အောက်ပါ မြန်မာအသုံးအနှုန်းတွေဟာ contain, consist တို့ ရဲ့ အလုပ်မဟုတ်ပါဘူး။
  • မထွေးမပါ တို့ချည်းသာ။
  • သူက နေရာတကာ ပါချင်နေတာပါ။
  • ဆားမပါရင် ဟင်းအရသာမရှိဘူး။
  • သူတို့ အရှုပ်ထဲ မင်းပါနေတယ် ကြားတယ်။
  • မင်းအဖေ ဘယ်ပါတီထဲ ပါသလဲ။
  • ဘုရားပွဲမှာ ဇာတ်ပွဲ ပါတယ်။
  • ငါ မှာလိုက်တာတွေ ပါရဲ့လား။
  • ဖိနပ်နဲ့ ထီးမပါရင် နွေခါမှ သိရမယ်။
  • လွန်ဆွဲတဲ့ အထဲ ကျွန်တော်လည်းပါမယ်။
- အထက်ပါ ဝါကျတွေကို အင်္ဂလိပ်လိုရေးမယ်ဆိုရင် "ပါ" ဆိုတဲ့ မြန်မာစကားလုံးကိုပဲ ကြည့်ပြီး "contain" သွားသုံးလို့ မရပါဘူး။ ဒီ "ပါ" ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ဟာ ဘာလဲဆိုတာကို ကြည့်ရှုစစ်ဆေးပြီး လိုက်ဖတ်တဲ့ အင်္ဂလိပ်စကားလုံးကို ရှာတတ်ရမယ်။ အကြမ်းဖျင်း ဥပမာ ပြရရင်တော့ "မထွေး မပါဘူး" ဆိုတာဟာ မထွေး တစ်ခုခုထဲမှာ (တောင်းထဲမှာ၊ အိုးထဲမှာ) ရှိနေတာကို ပြောတာ မဟုတ်ပါဘူး။ မထွေးဟာ ကျွန်တော်တို့နဲ့ အတူ ရှိမနေတာကို ပြောလိုရင်းလို့ သိထားရပါမယ်။ ဒါကြောင့်-
  • Ma Htwei is not with us. သို့မဟုတ် Ma Htwei is not here. လို့ ပြောလိုက်တာမျိုးပါ။
- "ဆားမပါရင်" စသည်ဖြင့်ဆိုရာမှာ ဆားက ပန်ကန်ထဲ၊ ခွက်ထဲ ရှိနေတာကို ပြောတာ မဟုတ်ပါဘူး၊
"ဆား မတွဲဖက်ရင်" လို့ ပြောတာသာ ဖြစ်ပါတယ်။ ဒီတော့ "without salt"
- "ဘယ်ပါတီထဲ ပါလဲ" ဆို့ မေးရာမှာ ပါတီထဲ အသင်းဝင်၊ အဖွဲ့ဝင် ဖြစ်တာကို ပြောချင်တာ၊ အင်္ဂလိပ်လို "belong" ဆိုတာ သိရပါမယ်။
- "ငါ မှာလိုက်တာတွေ ပါရဲ့လား" ဆိုတာကလည်း ယူလာခဲ့ရဲ့လား မေးတာပါပဲ၊ အသင့်တော်ဆုံး အင်္ဂလိပ်စကားလုံးက "bring" ဖြစ်ပါလိမ့်မယ်။ "get" နဲ့ သုံးရင်လည်း ရပါတယ်။ အလားတူပါပဲ...စာအုပ်က စာမျက်နှာ ၃၀၀  ပါတာကို---
  • This book contains 300 pages လို့သုံးရပြီးတော့ "ပိုက်ဆံပါရဲ့လား" ဆိုတာမျိုးကိုတော့ "contain" မရတော့ပေဘူးလေ။ "Have you any money with you" လို့ သာ ပြောရပေလိမ့်မယ်။

Ref: ဦးသာနိုး - အင်္ဂလိပ်သဒ္ဒါအောက်ခြေသိမ်း

No comments:

Post a Comment