Sunday, June 26, 2016

Conditional Sentence များအကြောင်းသိကောင်းစရာ (Zero Conditionals)



  • ဒီပို့စ်မှာတော့ Conditional Sentence များအကြောင်းကို တစ်ခုချင်းစီတင်ပြပေးသွားမှာပါ။ Post အနေအထားအရ Conditional မှာ လေးမျိုးရှိတဲ့အတွက် ဒီပို့စ်မှာတော့ Zero Conditional အကြောင်းပဲ အဓိက ရှင်းပြပေးပါမယ်။
  • Conditional Sentence တွေကို မြန်မာနိုင်ငံမှာဆိုရင်တော့ အခြေခံပညာ အလယ်တန်းအဆင့် Grade 9 ခေါ် အဌမတန်းမှာ စတင်သင်ကြားလေ့ရှိပါတယ်။

Conditional (၄) မျိုးကတော့ -

  1. -      Zero Conditional
  2. -      First Conditional
  3. -      Second Conditional
  4. -      Third Conditional ဆိုပြီး ခွဲခြားသတ်မှတ်ထားပါတယ်။ Condition တစ်ခုချင်းစီကို Post တစ်ခုစီ သတ်မှတ်ပြီး ရှင်းလင်းတင်ပြပေးသွားပါမယ်။

  • အခု ပထမဆုံး Conditional မိတ်ဆက် သို့မဟုတ် Zero Conditional အကြောင်းကို စတင်လေ့လာကြည့်ရအောင်ပါ။

  • Zero Conditional ဆိုတာကတော့ မြန်မာလို ရှင်းရှင်းပြောရရင် “တကယ်လုပ်ကြည့်၊ တကယ်ဖြစ်တယ်” ဆိုတဲ့ ပုံစံပါပဲ။ ဥပမာဆိုပါတော့ “အရက်ဆိုတာ ဘယ်သူရောက်ရောက် မူးမှာပါပဲ” “ရေခဲကို အပူပေးရင် အရည်ပျော်မှာပဲ” ဆိုတဲ့ အမှန်တရားကိုပြတဲ့ အခြေအနေတွေမှာ သုံးပါတယ်။

  • ဆိုလိုတာက Zero Condition ဆိုတာ “Fact” ကိုရည်ညွှန်းတာဖြစ်ပြီး Result ကိုပါ ပူးတွဲဖော်ပြချင်တဲ့အခါမျိုးမှာသုံးပါတယ်။ အောက်ပါဥပမာစာကြောင်းများကိုလေ့လာကြည့်ပါ။

  • -      If you heat ice cream, it melts. ဒီစာကြောင်းမှာဆိုရင်

“If you heat ice cream” ဆိုတဲ့အပိုင်းက “condition” ဖြစ်ပြီးတော့ “it melts” ဆိုတဲ့အပိုင်းက “Result” ဖြစ်ပါတယ်။

  • -      ပြီးတော့ ice cream ကို အပူပေးကြည့် အရည်ပျော်မှာပါပဲ။ ဒါကြောင့် ဒီစာကြောင်းက Fact ကို ပြပါတယ်။

  • -      ဒါကြောင့် Zero Conditional sentence တွေဆိုတာ "တကယ်လုပ်ရင် တကယ်ဖြစ်မဲ့ အခြေအနေ၊ အချက်အလက်" ကို ပြပေးတဲ့အတွက် "Result" ကလည်း ဖြစ်မှာအသေအချာပါပဲ။

  • -      Summary ယူလိုက်ရင် Zero Conditional ဆိုတာ “condition” တိုင်းမှာ “result” ရှိနေတာပါပဲ။ ပုံသေနည်းအနေဖြင့်ထုတ်မယ်ဆိုရင်

o   If + condition + result

  • -      If you heat ice cream, it melts.

  • -      If you drink too much wine, you feel sick.

-      အထက်က စာကြောင်းနှစ်ကြောင်းကိုကြည့်မယ်ဆိုရင် conditional sentence နောက်မှာ “comma” ထည့်ပေးထားကို တွေ့ရပါမယ်။ conditional sentence ကို နောက်ပို့ပြီး result စာကြောင်းကို ရှေ့ပို့ပြီးရေးမယ်ဆိုရင်တော့ “result+if+condition” မှာ comma သုံးစရာမလိုတော့ပါဘူး။အောက်ပါအတိုင်းဖြစ်သွားပါမယ်။

  • -      It melts if you heat ice cream.

  • -      You feel sick if you drink too much wine.
နောက်ထပ် Zero conditional sentence မှာ သုံးတဲ့ Verb Tenses များကိုလေ့လာကြည့်ရအောင်ပါ။
-      If you heat ice cream, it melts. ဆိုတဲ့ စာကြောင်းမှာဆိုရင် “present simple” ခေါ် V1 ကို သုံးထားပါတယ်။ ဘာဖြစ်လို့လဲဆိုရင် “present simple” ဟာ “Fact” ကိုဖော်ပြပေးလို့ပါပဲ။

-      အတိတ်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေအတွက်ဆိုရင် “Past Simple” ကို သုံးရပါမယ်။ ဥပမာ - 
  • If I was naughty, my parents punished me. ဆိုလိုတာက “ကလေးဘဝက ဆိုးသွမ်းခဲ့တာ” ကို ပြချင်တာ။ အဲလိုဆိုးသွမ်းခဲ့တိုင်းလည်း မိဘတွေက အပြစ်ပေးတယ် ဆိုတဲ့သဘော။

  • -      If the weather was fine, we ate breakfast outside. ဆိုလိုတာက အရင်တုန်းက ရာသီဥတုသာယာတိုင်း နံနက်စာကို အပြင်ထွက်စားတယ် ဆိုတာကို ပြချင်တာပါ။ ဆိုလိုတာက “regular events for the past” ဆိုရင် “Past simple” ကို သုံးပါတယ်။
အခုနောက်ဆုံး Zero Conditional Sentence မှာ “if” အစား “When” ကို အစားထိုး အသုံးပြုနိုင်ပုံကိုလေ့လာကြည့်ပါ။ ဘာကြေင့် “When” ကိုအစားထိုးသုံးနိုင်သလဲဆိုရင် zero conditional sentence တွေမှာ Condition က “မှန်ကန်နေတယ်” တဲ့အခါ “result” က “အမြဲတမ်း ဖြစ်ပျက်” လို့ပါပဲ။
  • -      If you heat water to 100’C, it boils. ဆိုတဲ့ စာကြောင်းမှာ “if” နေရာမှာ “when” အစားထိုးပြီးသုံးနိုင်ပါတယ်။
  • -      When you heat water to 100’C, it boils.
နောက်ထပ်ဥပမာတစ်ကြောင်းလေ့လာကြည့်ပါ။
  • -      We take exercise regularly if we want to be fit and healthy.
  • -      We take exercise regularly when we want to be fit and healthy.
Zero Conditional Sentence အကြောင်းတော့ ရှင်းပြပြီးပါပြီ။ နောက်ပို့စ်တွေမှာ ကျန်တဲ့ Conditional များကို ဆက်လက်ရှင်းပြပေးသွားပါမယ်။ ကျေးဇူးတင်ပါတယ်။
==============================
တင်ထားသမျှ ပို့စ်တွေကို
Android Phone များမှ ဖတ်ရန် Apk ဒေါင်းယူလေ့လာနိုင်ပါပြီ....

http://www.mediafire.com/download/ldbd5aq1jcv7d1a/Pioneer+English+Lessons.apk

No comments:

Post a Comment