Thursday, July 7, 2016

IELTS Speaking: PART 3 အတွက် Tips and Strategies




  • IELTS Speaking part 3 ကတော့ Part 2 မှာ ဖြေဆိုခဲ့တဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး မေးခွန်းများကို စာစစ်သူက မေးမြန်ပါလိမ့်မယ်။ ဒါပေမဲ့ မေးခွန်းတွေဟာ ပိုပြီးတော့ ယေဘုယျသဘောဆန်တဲ့၊ ကောက်နှုတ်ချက်ဆန်တဲ့ မေးခွန်းများကို ဖြစ်လေ့ရှိပါတယ်။ ဒီအပိုင်းမှာတော့ Part 2 မှာဖြေဆိုခဲ့တဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ပြောဆိုရှင်းပြဖြေဆိုပေးရရုံတင်မက ၄င်းအကြောင်းအရာနဲ့ ပတ်သက်တာတွေကို ခွဲခြမ်းစိတ်ဖြာပြီး စာစစ်သူနဲ့ အပြန်အလှန်ဆွေးနွေးပြောဆိုရမယ့် အပိုင်းလည်းဖြစ်ပါတယ်။
  • ဆွေးနွေးပြောဆိုချိန်ဟာ ၄-၅ မိနစ်လောက်ကြာတတ်ပါတယ်။ ဒီအပိုင်းမှာ စာစစ်သူလိုချင်တဲ့ပုံစံကတော့ မိမိရဲ့အတွေးအမြင်များကို သွက်သွက်လက်လက်၊ ရှင်းရှင်းလင်းလင်း ပြောဆိုနိုင်ခြင်း၊ ဥပမာများ၊ အကြောင်းပြချက်များဖြင့် ခွဲခြမ်းစိတ်ဖြာပြောဆိုနိုင်ခြင်းတို့ ဖြစ်ပါတယ်။ ဒီအပိုင်းဟာ Speaking Task ရဲ့ အခက်အခဲဆုံးအပိုင်းဖြစ်ပြီးတော့ ရှေ့ပိုင်းတွေထက် အနည်းငယ်ပို၍ရှုပ်ထွေးတဲ့အတွက် Vocabulary များကို ပိုင်နိုင်ကျွမ်းကျင်စွာအသုံးပြုပြီး၊ Linking Phrase များ ဝေဝေဆာဆာ သုံးနိုင်မယ်ဆိုရင် မိမိအတွက် အကောင်းဆုံးဖြစ်မှာပါ။
  • Part 2 ရဲ့ Card မှာမေးနိုင်တဲ့ အောက်ပါနမူနာပုံစံကို လေ့လာကြည့်ရအောင်ပါ။
Describe a book that you read recently.
You should say:
  • what the book is about
  • what you liked or disliked about it
  • would you recommend it to anyone else and what kind of person would that be.
  • ဒါကတော့ Task 2 မှာမေးထားတဲ့ Topic ဖြစ်ပါတယ်။ Task 3 မှာတော့ အထက်ပါ Topic နဲ့ဆက်စပ်ပြီး မေးခွန်းတွေကို ဖြေပေးရမှာပါ။ ဒီနမူနာမှာ Task 2 ရဲ့ Main Topic က “reading of books/ we read books”  ဖြစ်ပါတယ်။ ၄င်းအကြောင်းအရာနဲ့ပတ်သက်ပြီး Part 3 မှာမေးနိုင်တဲ့ ယေဘုယျသဘောဆန်တဲ့၊ ကောက်နှုတ်ချက်ဆန်တဲ့ မေးခွန်းများကို လေ့လာကြည့်ကြပါမယ်။
Questions that ask for your opinion or preferences
  • Do you generally read a lot of books or do you prefer watching T.V?
  • What kinds of books are considered good reads in your opinion?
  • Do you think that people read nowadays as they did in the past?
  • Do you regard famous writers as good role models?
  • If a movie is based on a book, would you prefer to read the book or to watch the film?
Questions that ask you about hypothetical situations or results of something
  • If you were a writer, what kind of books would you write?
  • Are there any books that you’ve read in the past that have influenced you in any way?
  • If you could influence or had the power to change the world with your writings what would you want to change?
Questions that ask you about the cause or the reason for something
  • Why do you think so many people read on tablets nowadays?
  • Why do some people prefer tablets to traditional books?
Questions that ask you about the consequences of something
  • Do you think that traditional books will be replaced by tablet reading in the future?
  • ဒီမေးခွန်းတွေကတော့ မေးလေ့မေးထရှိတဲ့ မေးခွန်းနမူနာပုံစံများဖြစ်ပါတယ်။ ဒီလောက်ဆိုရင် ဒီမေးခွန်းတွေအတွက် ဘယ်လိုပြင်ဆင်ဖြေဆိုရမယ်ဆိုတာ သဘောပေါက်လောက်ပြီထင်ပါတယ်။ တကယ်တော့ ဒီလိုမေးခွန်းမျိုးအားလုံးကို စာစစ်သူက မေးချင်မှမေးဖြစ်မှာပါ။ မိမိဘက်က အဆင်သင့်ဖြစ်အောင် ကြိုတင်လေ့လာပြင်ဆင်ထားသင့်ပါတယ်။
  • အရေးကြီးဆုံး တစ်ခုမှတ်ရမှာက အလွတ်ကျက်ဖြေ(by heart) ပုံစံမဖြစ်နေဖို့ အရေးကြီးပါတယ်။ စာစစ်သူဟာအတွေ့အကြုံရှိသူဖြစ်ပြီး အလွတ်ကျက်ဖြေ(by heart) ပုံစံကို သိရှိနိုင်ပါတယ်။ ဒါဆို မိမိအတွက် ရလဒ်က မကောင်းနိုင်ပါဘူး။ ဒါကြောင့် မေးနိုင်တဲ့မေးခွန်းများကို အပြန်အလှန်ဆွေးနွေးပြောဆိုတဲ့ပုံစံနဲ့ များများလေ့ကျင့်ထားမှသာ မိမိအတွက် အကောင်းဆုံးဖြစ်မှာပါ။
  • နောက်ပို့စ်တွေမှာ Speaking Part 1,2,3 အတွက် အသုံးဝင်တဲ့ Vocabulary များ Linking phrase များကို ဖြည့်စွက် ရေးသားရှင်းလင်းပေးပါမယ်။

No comments:

Post a Comment