Thursday, June 30, 2016

Conditional Sentence များအကြောင်းသိကောင်းစရာ (Second Conditionals)



  • Conditional များအကြောင်းရေးလာတာ အခုဆိုရင် တတိယမြောက် Second Conditional အလှည့်ရောက်လာပါပြီ။
  • ZeroConditional အကြောင်းကိုတော့ ဒီလင့်မှာ ဖတ်နိုင်ပါတယ်။
  • FirstConditional အကြောင်းကိုတော့ ဒီလင့်မှာ ဖတ်နိုင်ပါတယ်။
အခု Second Conditional က ဘာဆိုတာနဲ့ ဘယ်လိုအသုံးပြုလဲ စတင်လေ့လာကြည့်ရအောင်ပါ။ Second Conditional ကတော့ လက်ရှိပစ္စုပ္ပန်မှာရော ဖြစ်လာမဲ့ အနာဂတ်အတွက် စိတ်ကူးယဉ်ဆန်မှုတွေ၊ မဖြစ်နိုင်တာတွေ သို့မဟုတ် ဖြစ်နိုင်ချေနည်းပါးတဲ့ အခြေအနေတွေကို ဖော်ပြတဲ့အခါမှာ အသုံးပြုပါတယ်။ အောက်ပါဥပမာကို လေ့လာကြည့်ပါ။
  • -      If I had a lot of money, I would buy an expensive car.
အထက်ပါ စာကြောင်းမှာ ဆိုရင် “If I had a lot of money” ဆိုတဲ့ အပိုင်းက “condition” ဖြစ်ပြီးတော့ “I would buy an expensive car” ဆိုတဲ့အပိုင်းကတော့ “Result” အပိုင်းဖြစ်ပါတယ်။
  • ဒီမှာ သုံးထားတဲ့ အဓိပ္ပာယ်ကို ကြည့်မယ်ဆိုရင် တကယ်တော့ အခုလက်ရှိအချိန်မှာ ပိုက်ဆံသို့မဟုတ် ငွေကြေး အများကြီး မရှိဘူး။ တစ်နည်းအားဖြင့် ဈေးကြီးတဲ့ ကားတစ်စီး ဝယ်နိုင်လောက်အောင် မချမ်းသာဘူး.. ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဖြစ်နေတာက ပိုက်ဆံ အများကြီး ရှိချင်တယ်၊ ရှိရင် ဈေးကြီးတဲ့ကား ဝယ်ချင်တယ် လို့ စိတ်ကူးယဉ်လိုက်တာမျိုးပါ။ အဲဒီအခြေအနေဟာ အမှန်တကယ် (Real) မဟုတ်ဘဲ စိတ်ကူးယဉ်ဆန်တဲ့အခြေအနေ (Hypothetical) ပဲဖြစ်ပါတယ်။ အဲဒီလိုအခြေအနေမျိုးကို ဖော်ပြချင်ရင် Second Conditional ကိုသုံးပါတယ်။

Form

  • အခု Second conditional ကိုသုံးတဲ့ ပုံစံ (Form) ကိုလေ့လာကြည့်ရအောင်ပါ။
-      If + Condition + Result
  • If he knew her telephone number, he would call her.
ဒီစာကြောင်းအရဆိုရင် conditional အပိုင်းကို ရှေ့မှာ သုံးမယ်ဆိုရင် conditional အဆုံးမှာ comma(,) ထည့်ပေးရပါမယ်။ အကယ်၍ Result အပိုင်းကို ရှေ့မှာထားမယ်ဆိုရင်တော့ comma(,) သုံးစရာ မလိုအပ်တော့ပါ။
Result + if + Conditional
  • -      He would call her if he knew her telephone number.
-      စာကြောင်းရဲ့အဓိပ္ပာယ်ကတော့ အခုလက်ရှိမှာ သူဟာ သူ(မ)ရဲ့ ဖုန်းနံပါတ်ကို မသိဘူး။ ဒါကြောင့် သူ(မ) ကို ဖုန်းခေါ်ဖို့ဆိုတာ သူ့အတွက် မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့အနေဖြင့် Second Conditional ကိုသုံးလိုက်ခြင်းဖြင့် မဖြစ်နိုင်တဲ့၊ စိတ်ကူးယဉ်ဆန်တဲ့ (hypothetical) အခြေအနေတွေကို ဖော်ညွှန်းရာရောက်သွားပါတယ်။

Verb tense of the conditional
-      ဒီ Second conditional မှာ အသုံးပြုတဲ့ Verb tense တို့ကိုလေ့လာကြည့်ရအောင်ပါ။
  • -      If I had a lot of money, I would buy an expensive car.
  • -      If he knew her telephone number, he would call her.
ဒီစာကြောင်းမှာဆိုရင် conditional အပိုင်းမှာ Past tense ကိုသုံးပါတယ်။ ဒီလို Past tense ကိုသုံးရခြင်းက တကယ့်အဖြစ်မှန်၊ အခြေအနေမှန်နဲ့ ဝေးကွာလွန်တယ်၊ မဖြစ်နိုင်ဘူးဆိုတာကို ရည်ညွှန်းချင်လို့ပါ။ ပြီးတော့ Past tense ကိုသုံးထားပေမဲ့ တကယ့်တကယ်မှာ Past time ကိုရည်ညွှန်းတာလည်း မဟုတ်ပါဘူး။

The Verb “to be” – A special case
  • -      အခုနောက်ထပ် ဆက်ပြီးလေ့လာရမှာက Verb to be ကို Main Verb အနေဖြင့် ဒီ condition မျိုး အသုံးပြုပုံကို လေ့လာကြည့်ပါမယ်။ ဒါက ဒီ condition ရဲ့ ထူးခြားတဲ့ စည်းမျဉ်းစည်းကမ်းတစ်ခုပါပဲ။
  • -      Tense က past tense ဖြစ်ပြီးတော့ mood အနေနဲ့ဆိုရင် subjunctive mood တွဲသုံးတဲ့ပုံစံဖြစ်ပါတယ်။ indicative mood နဲ့ရော ဘာလို့ တွဲမသုံးတာ မေးစရာရှိမယ်ထင်ပါတယ်။ Indicative mood ကိုသုံးမယ်ဆိုရင် Verb to be ရဲ့ past tense ပုံစံကိုရိုးရိုးသာမန်ပုံစံပဲ သုံးရမှာဖြစ်ပါတယ်။ ဒါပေမဲ့ second condition မှာ Verb to be ကိုရိုးရိုးသာမန်ပုံစံသုံးရင် မှားပါတယ်။ အောက်ပါအတိုင်း နှိုင်းယှဉ်လေ့လာကြည့်ပါ။
-      Past Simple, indicative mood သာ သုံးရမယ်ဆိုရင် ဒီပုံစံတွေသာ သုံးရမှာဖြစ်ပါတယ်။
  • -      I ဆို was => I was
  • -      You ဆို were => you were
  • -      He/ she/ it ဆို was => he was/ she was/ it was
  • -      We/ they ဆို were = > we were/ they were
Subjunctive mood နဲ့ သုံးမယ်ဆိုရင် အောက်ပါပုံစံအတိုင်းသုံးရမှာဖြစ်ပါတယ်။
  • -      I/ we/ you/ he/ she/ they/ it ဘာလာလာ => were ပုံစံနဲ့ပဲ သုံးရမှာဖြစ်ပါတယ်။ ဒါဟာ Second conditional မှာ Verb to be ရဲ့ ထူးခြားတဲ့ အသုံးပြုမှုပဲဖြစ်ပါတယ်။ ဒါကြောင့် second conditional မှာ If I were a bird, I would fly to you. ဆိုရင်မှန်ပြီးတော့ If I was a bird, I would fly to you. လို့သုံးရင် မှားပါတယ်။ အထက်မှာဥပမာလို့ပဲ If he were rich, he would buy an expensive car. လို့ သုံးရင်မှန်ပါတယ်။….. If he was rich, he would buy an expensive car. လို့သုံးရင် မှားပါတယ်။
-      အခုနောက်ထပ် “Result” အပိုင်းမှာ would + base form of the verb အသုံးပြုပုံလေ့လာကြည့်ရအောင်ပါ။
  • -      If I had lots of money, I would go to London. လိုပဲ
  • -      I/ we/ he/ she/ they/ you/ it ဘာလာလာ would + base form of the verb ပုံစံပဲ သုံးပါတယ်။
ဒီလောက်ဆိုရင် Second Conditional အသုံးပြုပုံကို နားလည်လောက်ပြီးထင်ပါတယ်။ 
Second conditional အသုံးပြုပုံနဲ့ first Conditional တို့ရဲ့ အသုံးပြုပုံကို နှိုင်းယှဉ်လေ့လာကြည့်ကြပါစို့။
  • -      If I became President, I would reduce taxes. (Second conditional)
  • -      If I become President, I will reduce taxes. (First Conditional)
  • ပထမစာကြောင်းမှာ Second conditional ကို သုံးထားပါတယ်။ ဒီအခြေအနေက စိတ်ကူးယဉ်ဆန်မှု (imaginary)၊ မဖြစ်နိုင်တဲ့အခြေအနေ (impossible) ပဲဖြစ်ပါတယ်။ ဒါကြောင့် Hypothetical လို့ဆိုရမှာပါ။ အပြင်မှာသာ တကယ်ဆိုရင် ဒီစကားလုံးပြောတဲ့သူက အတွေ့အကြုံနုနယ်သူ ဒါမဟုတ် အသိဥာဏ်နည်းသူ ဖြစ်ပြီးတော့ မဖြစ်နိုင်တဲ့ အနာဂတ်ကို စိတ်ကူးနေတဲ့သူမျိုးဖြစ်နိုင်ပါတယ်။ မြန်မာပြည်မှာလည်း ရှိခဲ့ပါတယ်။ “နောက်ထပ်ငါးနှစ်သာ အုပ်ချုပ်ခွင့်ရရင် ရန်ကုန်မြို့ကို စင်္ကာပူနိုင်ငံလိုဖြစ်အောင် လုပ်ပေးမယ်” လို့ အရင်အစိုးရ ဝန်မင်းတစ်ပါးက ပြောခဲ့ဖူးပါတယ်။ ;D
  • -      ဒုတိယစာကြောင်းကို လေ့လာကြည့်မယ်ဆိုရင်တော့ ဒီမှာသုံးထားတဲ့ conditional အပိုင်းက “become” နဲ့ “Result” အပိုင်းက “will + base form of the verb” ပုံစံကိုကြည့်ပြီး ဒီအခြေအနေဟာ ပိုပြီးတော့ မှန်ကန်မှုရှိတယ်။ ပိုပြီးတော့အမှန်တရားဆန်တဲ့ ကတိပေးမှုမျိုးဖြစ်ပါတယ်။ ပြောတဲ့သူကလည်း အတွေ့အကြုံ၊ အသက်အရွယ်၊ အသိဥာဏ်တွေးခေါ်မှု၊ ထားရှိတဲ့ စေတနာ အားကောင်းတဲ့ သူမျိုးဖြစ်နိုင်ပါတယ်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည် လိုလူမျိုးဖြစ်ဖို့များတယ်။ ;)
  • -      ဒီစာကြောင်းနှစ်ကြောင်းမှာ အဓိပ္ပာယ်ကွဲပြားမှု (difference in meaning) က “အချိန် (time)” မဟုတ်ပါ။
  • -      “If I became” နဲ့ “If I become” နှစ်ခုစလုံးက present ဒါမှမဟုတ် future ကိုရည်ညွှန်းတာခြင်းတော့ တူပါတယ်။ ဒါပေမဲ့ ပထမစာကြောင်း(second conditional) သည် အမှန်တကယ်အားဖြင့်မဖြစ်နိုင်တဲ့အခြေအနေ(unrealistic situation) ဖြစ်ပြီးတော့ ဒုတိယစာကြောင်း (first conditional) ကတော့ ဖြစ်နိုင်တဲ့၊ စစ်မှန်တဲ့အခြေအနေ(realistic situation) ဖြစ်ပါတယ်။
Modals in the second conditional
-      အခုတော့ တစ်လက်စတည်း second conditional မှာသုံးတဲ့ Modal Verb များကိုလေ့လာကြည့်ရအောင်ပါ။
  • -      If you played tennis together, he would win. (Conditional အပိုင်းမှာ “will play” သုံးတာနဲ့ မတူညီပါ။) ဒီနေရာမှာ Conditional အပိုင်းအရဆိုရင် လိုချင်တဲ့ ရလဒ်မရလာတဲ့အခါ နောင်တရတဲ့ပုံစံမျိုး၊ ရလဒ်အတွက် သေချာနေတာမျိုးဖြစ်နေပေမဲ့ ရလဒ်မကောင်းလို့ ညည်းတွားတဲ့ပုံစံမျိုးဖြစ်ပါတယ်။
  • -      If you played tennis together, he might win. (would win အသုံးထက် ပိုဆိုးရွားတဲ့အသုံးဖြစ်ပါတယ်။ ရလဒ်ကောင်းကို မျှော်လင့်လို့မရသလို ရလဒ်ကလည်း ဆိုးရွားတဲ့ အခြေအနေတွေမှာသုံးတာပါ။ might ဆိုတာ မသေချာ၊ မရေရာ (not certain) ဖြစ်ပါတယ်။
  • -      If you played tennis together, he could win. (could ကတော့ ability ကိုရည်ညွှန်းတာဖြစ်တဲ့အတွက် အရည်အချင်းအရတော့ ရလဒ်ကောင်းရနိုင်တယ်။ ဒါပေမဲ့ conditionအပိုင်းအရဆို နောက်တသဘာမျိုးသာ ဖြစ်ပါတယ်။ Condition အပိုင်းအရဆို အတူတကွ အမှန်တကယ် ပူးပေါင်းမှု မရှိခဲ့ဘူး ဆိုတဲ့ အခြေအနေကို ပြနေလို့ပါ။ ဒါကြောင့် Condition အပိုင်းသာ အမှန်တကယ်ဖြစ်ခဲ့မယ်ဆိုရင် ရလဒ်ကလည်း မျှော်လင့်ထားသလိုဖြစ်လာမယ်ဆိုတဲ့ သဘောပါပဲ။
  • -      ဒီ Second Conditional အပိုင်းတော့ ဒီလောက်နဲ့ အဆုံးသတ်လိုက်ပါပြီး။ နောက်ပို့စ်မှာ Third Condtional အကြောင်းကို အသေးစိတ် ရေးသားတင်ပြပေးပါအုံးမယ်။ ကျေးဇူးတင်ပါတယ်။ 
======================================
 
တင်ထားသမျှ ပို့စ်တွေကို
Android Phone များမှ ဖတ်ရန် Apk ဒေါင်းယူလေ့လာနိုင်ပါပြီ....

http://www.mediafire.com/download/ldbd5aq1jcv7d1a/Pioneer+English+Lessons.apk

No comments:

Post a Comment