Friday, October 6, 2017

အင်္ဂလိပ်လို စဉ်းစားတတ်အောင်သာ လေ့ကျင့်ပါ

အင်္ဂလိပ်စကားကို Native Speaker တစ်ယောက်ကဲ့သို့ သွက်သွက်လက်လက် မြန်မြန်ဆန်ဆန် သဘာဝကျကျပြောဆိုနိုင်ဖို့ နည်းလမ်းများ မျှဝေပေးချင်ပါတယ်။

Native Speaker တစ်ယောက်ကဲ့သို့ ပြောဆိုနိုင်ဖို့ဆိုရင် ပထမဆုံးက သူတို့ရဲ့ အတွေးကို မြင်နိုင်ရပါမယ်။ ပြီးတော့ အခြားတစ်ယောက်ကပြောဆိုနေစဉ် အင်္ဂလိပ်စကားလုံးတိုင်းကို မိမိခေါင်းထဲမှာ ဘာသာလိုက်ပြီး ပြန်ဆိုနေတတ်သလား မိမိကိုယ်ကို မိမိ ပြန်လည်ဆန်းစစ်ကြည့်ပါ။ အဲဒီလို ဘာသာလိုက်ပြန်နေပြီဆိုရင် အင်္ဂလိပ်လိုပြောဆိုဖို့ အချိန်ကုန်လူပန်း မပြောတတ်၊ မဆိုတတ်တော့ပါဘူး။ ဆိုလိုတာက အဲဒီလို မိမိစိတ်ထဲမှာ ဘာသာလိုက်ပြန်ဆိုနေခြင်းသည် ကောင်းတဲ့ အကျင့်မဟုတ်ပါလို့ ဆိုလိုတာပါ။

ဒါဆိုရင် ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်အောင် ဘာတွေလုပ်ရမလဲ မေးခွန်းထွက်လာပါပြီ။ ကျွန်တော်အနေဖြင့်တော့ ဒီပို့စ်မှာ လိုရင်းတိုရှင်း အကြံပြုချင်ပါတယ်။

Think in English (အင်္ဂလိပ်လိုစဉ်းစားတတ်အောင်လေ့ကျင့်ပါ)

ဘယ်လိုလေ့ကျင့်ရမလဲဆိုရင် -

() Start with simple vocabulary (လွယ်ကူရိုးရှင်းတဲ့ စကားလုံးကနေ စတင်ပါ)

ဥပမာ- မိမိကျင်လည်ရတဲ့ ဝန်းကျင်မှာ ရှိတဲ့ အရာဝတ္ထုအမည်များကို အင်္ဂလိပ်လို ခေါ်တတ်၊ပြောတတ်အောင် တစ်ပတ်ခန့် အရင်ဆုံးလေ့ကျင့်ဖြစ်အောင်လေ့ကျင့်ပါ။ ပထမဆုံး မိမိအိပ်ခန်း၊ စာသင်ခန်း၊ အလုပ်ခန်း၊ မီးဖိုခန်း၊ ဧည့်ခန်းစသည်ဖြင့် အခန်းထဲရှိ အရာဝတ္ထုအမည်များကို မြန်မာလို လုံးဝမစဉ်းစားဘဲ အင်္ဂလိပ်လို လေ့ကျင့်ပါ။ ဥပမာ - shoes, desk, flower, door, window, chair, book, computer အစရှိသည့် မိမိဝန်းကျင်ရှိ အရာများကို နေ့စဉ်လေ့ကျင့်ပါ။

မိမိအလုပ်သွားရင်းလည်း ရထားနဲ့သွားရတာရှိမယ်၊ ကားနဲ့သွားရတာရှိမယ်၊ စက်ဘီး၊ ဆိုင်ကယ် စသဖြင့် သွားနေစဉ် မိမိတွေ့မြင်သမျှအရာတိုင်းကို တတ်နိုင်သလောက် အင်္ဂလိပ်လို တွေးပါ။ dog, factory, busy, windy, people စသဖြင့်ပေါ့….

အထက်ပါအတိုင်းလုပ်ဖို့ စိတ်မတည်ငြိမ်ဘူးဆိုရင်တော့ မိမိအိမ်မှာသော်လည်းကောင်း၊ အခြားစိတ်တည်ငြိမ်အောင် စုစည်းနိုင်မယ့်နေရာတစ်နေရာရာမှာ တရားထိုင်၊ တရားမှတ်သကဲ့သို့ မျက်စိကိုမှိတ်၊ အသက်ကို ပြင်းပြင်းရှူ၊ အာရုံမပြန့်လွှင့်အောင် စိတ်ကို စုစည်းပြီး တည်ငြိမ်ပြီဆိုရင် မျက်စိကိုဖွင့်၊ မိမိရှေ့မှာ တွေ့မြင်ရတဲ့ အရာများကို မြန်မာလိုလုံးဝလုံးဝ မစဉ်းစားဘဲ အင်္ဂလိပ်လိုပဲ စဉ်းစားတတ်စေဖို့ ကြိုးစားကြည့်ပါ။ ဒီအဆင့်ဟာ လွယ်တယ်ထင်ရပေမယ့် တကယ်လုပ်ကြည့်မှ စိတ်ရှည်သီးခံနိုင်စွမ်းမရှိရင် နောက်တစ်ဆင့်တက်ဖို့ လုံးဝမဖြစ်နိုင်ပါဘူး။ ဒါကြောင့် နေ့စဉ်အချိန်သတ်မှတ်ပြီး တစ်ပတ်တန်သည်၊ တစ်လတန်သည် လေ့ကျင့်ပါ။

() Think with simple sentences

ဥပမာ- ကိုယ်ရှေ့မှာ မိန်းခလေးတစ်ယောက် ဒါမဟုတ် လူတစ်ယောက်ဖြတ်သွားတာကို အမှတ်တမဲ့ကြည့်လိုက်ပြီး သူရဲ့ ဆံပင်ရှည်နေတာကိုမြင်တယ်ဆိုရင် His/ her hair is very long. (or) she is very beautiful. (or) He is very smart. အစရှိသဖြင့် simple sentence တွေနဲ့စဉ်းစားမိအောင် လေ့ကျင့်ပါ။ What is he eating for lunch? Or That chair looks really uncomfortable. Or How beautiful it is. အစရှိသဖြင့် မိမိမြင်မိသမျှနဲ့ဆက်စပ်ပြီး ရိုးရှင်းလွယ်ကူတဲ့ အင်္ဂလိပ်စာကြောင်း သုံးကြောင်းလောက်ကို မြန်မာလိုလုံးဝလုံးဝ မစဉ်းစားမိစေဘဲ အင်္ဂလိပ်လို စဉ်းစားနိုင်အောင် နေ့စဉ်လေ့ကျင့်ပါ။ ဒီအဆင့်ကို မရနိုင်သေးဘူးလား မိမိကိုယ်ကို သုံးသပ်ကြည့်ပါ။ မရသေးဘူးဆိုရင် အဆင့် () Start with simple vocabulary ပိုင်းကို ပြန်လေ့ကျင့်ပါ။

() Plan your day in English with simple sentences

ဒီအဆင့်မှာတော့ မနက်အိပ်ယာနိုးတာနဲ့ ချက်ချင်းမထသေးဘဲ မိမိရဲ့ တစ်နေ့တာ လုပ်ငန်းစဉ်တာတွေကို အင်္ဂလိပ်လိုစဉ်းစားပြီး အစီအစဉ်ဆွဲတတ်အောင် လေ့ကျင့်ရမယ့်အပိုင်းပါ။ (ပြန်တော့ မအိပ်ပျော်သွားစေနဲ့ပေါ့ဗျာ :D ) ဥပမာ-

After I have my breakfast, I’ll walk to the bus-stop and catch the bus to work/school. On the bus I’m going to read my book. I’m meeting my friends for lunch and I think we’re going to get take-away and eat in the park. It’s going to be such a nice day.

ဒီအဆင့်ကိုလည်း တစ်ပတ်တန်သည်၊ တစ်လတန်သည်ဖြစ်ဖြစ် ပုံမှန်လေ့ကျင့်ပါ။
အထက်ပါ အဆင့်()ဆင့်ကို ကျော်ဖြတ်ပြီးသွားရင်တော့ မိမိနဲ့ အင်္ဂလိပ်လို ပြောဆိုဆွေးနွေးနိုင်မယ့် မိတ်ဆွေသူငယ်ချင်းတစ်ယောက်ကို ရှာဖို့ လိုအပ်လာပါပြီ။

() Think in Conversation

ကိုယ့်သူငယ်ချင်းနဲ့ အမေးအဖြေသဘောမျိုး ထွေးရာလေးပါ ပြောဆိုတာမျိုးလေးတွေ လေ့ကျင့်ပါ။ ဥပမာ-

“It’s very hot today, isn’t it? Yes, it is. I wish I’d brought my hat and that sun is scorching!

It reminds me of the week that I spent in Mandalay actually; it was over 40 degrees Celsius!

Hey, are you sure Min Naing’s waiting us here? We’ve been waiting for so long now.

အထက်ပါအတိုင်း ပုံမှန်တစ်နေ့ကို မိမိအချိန်ပေးသလောက် မှန်မှန်လေ့ကျင့်သွားပါက အင်္ဂလိပ်စကားကို Native Speaker တစ်ယောက်ကဲ့သို့ သွက်သွက်လက်လက် မြန်မြန်ဆန်ဆန် သဘာဝကျကျပြောဆိုနိုင်လာပါလိမ့်မယ်။
ကျေးဇူးတင်ပါတယ်။

Kyaw Swa Htoon

Pioneer English Centre (Maubin)

No comments:

Post a Comment