Friday, October 7, 2016

Ask နောက်က Preposition ထည့်သုံးခြင်း၊ မသုံးခြင်း အဓိပ္ပာယ်များ

- ပုံမှန်အားဖြင့် "မေးတယ်" လို့ အဓိပ္ပာယ်ရတဲ့ "ask" ဟာ နောက်က Object (Noun) လိုက်မှ မေးတယ်လို့ အဓိပ္ပာယ်ထွက်ပါတယ်။ ဥပမာ-
  • The teacher asked a question.
  • The teacher asked the boy a question.
  • He asked my address.
  • He asked the girl her phone number.
- Ask နောက်မှာ "to" လိုက်ရင် "ခိုင်း" တဲ့ သဘောဆောင်ပြီးတော့ "for"လိုက်ရင်တော့ "တောင်းတယ်" လို့ အဓိပ္ပာယ်ရပါတယ်။ ဥပမာ-
  • The teacher asked me to clean the board. 
  • The stranger asked the boy to come near.
  • He asked me to dinner.
  • He asked for help.
  • The stranger asked the farmer for some money.
- လူတစ်ဦးတစ်ယောက်ရဲ့ ကျန်းမာရေး စတာတွေကို မေးတာဆိုရင်တော့ ask နောက်က "after" လိုက်ပေးရပါတယ်။ ဥပမာ-
  • He asked after your health.

Tuesday, October 4, 2016

Another နဲ့ Other သုံးမယ်ဆိုရင် သိထားသင့်တဲ့ ကွဲလွဲချက်များ


- ပထမဆုံးမှတ်သားထားရမှာက "another" ဆိုတာ "an" နဲ့ "other" ပေါင်းစပ်ထားတာဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ ဒီတော့ သူ့မှာ "an" ဆိုတဲ့ "article" ပါနေမှတော့ ဘယ်အခြား "article" မှ တွဲလို့ရတော့မလဲ။ "The a boy" လို့ သုံးမရသလိုပါပဲ။ The boy ဆို The boy ၊ a boy ဆိုလည်း a boy ပေါ့။ တစ်ခုပဲ သုံးလို့ ရပေလိမ့်မယ်။
- Other ကိုတော့ "noun" အနေနဲ့ရော"adjective" အနေနဲ့ပါ သုံးနိုင်ပါတယ်။ Noun အနေနဲ့ သုံးရင် "definite" ပေါင်းလိုက်ရင် အဓိပ္ပာယ်မှာ "the" ထည့်ပြီး "the other" ဖြစ်သွားမယ်။ "indefinite" ပေါင်းလိုက်ရင် အဓိပ္ပာယ်မှာ "an" ထည့်ပြီး "another" ဖြစ်သွားမယ်။
  • The bicycle is mine. The other is my brother's. ဒီစက်ဘီးက ငါ့စက်ဘီး။ ဟိုစက်ဘီးက ငါ့ညီရဲ့စက်ဘီး။
  • I don't like this pen. Show me another. ဒီဖောင်တိန် မကြိုက်ဘူး။ နောက်တစ်ခု ပြပေးပါ။
- Others က "Noun Plural" ဖြစ်တယ်။ "indefinite" မှာ "article" မပါဘဲ သုံးပြီး "definite" မှာ "the" ထည့်သုံးရပါတယ်။
  • Some people are honest; others are not. အချို့လူများ ရိုးသားတယ်။ အချို့ မရိုးသားဘူး။
  • I will take these two books. You can take the others. ငါ ဒီစာအုပ်နှစ်အုပ် ယူမယ်။ ကျန်တဲ့စာအုပ်တွေကို မင်းယူနိုင်တယ်။
- "Adjective" လိုသုံးရာမှာတော့ "singular" ရော "plural" မှာပါ "other" ပဲ ရှိပါတယ်။ Singular indefinite မှာတော့ "another" ပေါ့လေ။
- "others" ကို Adjective အနေဖြင့် မသုံးမိပါစေနဲ့။
  • The other boy is my friend.
  • The other boys are my friends.
  • We must find another boy to join us.
  • Watch what other people do.
Ref: ဆရာဦးသာနိုး (အင်္ဂလိပ်သဒ္ဒါ အောက်ခြေသိမ်း)

Monday, October 3, 2016

Poem/ Poetry/ Poet/ Verse/ Stanza အသုံးအနှုန်းအကြောင်းသိကောင်းစရာ

- Poem, Poetry, Poet, Verse နဲ့ Stanza ဆိုတဲ့ စကားတွေဟာ ကဗျာအတွက် သုံးတဲ့ စကားလုံးများ ဖြစ်ပါတယ်။
- ဒီစကားလုံးတွေကို သုံးတဲ့အခါ ရောထွေးမှားယွင်းတတ်တဲ့အတွက် သေသေချာချာ လေ့လာထားသင့်ပါကြောင်း။
- Poem အဓိပ္ပာယ်ကို Oxford အဘိဓါန်က ဖွင့်ထားတာက "A piece of writing in which the expression of feelings and ideas is given intensity by particular attention to diction (sometimes involving rhyme), rhythm, and imagery." ဖြစ်ပါတယ်။ မြန်မာလိုဆိုရင်တော့ "ကဗျာ"ပေါ့။ 
- ကဗျာတစ်ပုဒ်ချင်းစီကို "Poem" လို့ သုံးတာပါ။ ဥပမာ "မဲဇာတောင်ခြေ" ဟာ Poem တစ်ပုဒ်၊ "ပျဉ်းမငုတ်တို" ဟာ Poem တစ်ပုဒ်၊ "အလှကိုယ်စီ"ဟာ Poem တစ်ပုဒ် ဖြစ်ပါတယ်။
  • I like this poem.
  • This is a poem by Min Thuwun.
  • Learn these poems by heart. 
- ကဗျာ တွေကိုစုပေါင်း ပြောချင်ရင်တော့ "Poetry" ကိုပဲ သုံးရပါတယ်။ 

Sunday, October 2, 2016

VERB ရဲ့ ကောက်ကြောင်းနဲ့ Verb to "be" အကြောင်းတစ်စေ့တစ်စောင်း



- Verb ဆိုတာ ဘာလဲဆိုတာကတော့ အားလုံးသိပြီးဖြစ်မှာပါ။ အင်္ဂလိပ်ဘာသာစကားမှာ အရေးပါတဲ့  အပိုင်းအနေနဲ့ ပါဝင်နေတာပါ။ ဖြစ်ရပ် (Occurrence) ၊  လှုပ်ရှားမှု (Action) နဲ့ ဖြစ်တည်မှုအခြေအနေ ( State of being) တို့ကို မီးမောင်းထိုးပြပေးပါတယ်။
- ပုံမှန်အားဖြင့်တော့ Verb ကို အမျိုးအစားအားဖြင့် (၅)မျိုး ခွဲခြားထားလေ့ရှိပါတယ်။ 

  1. Action Verbs
  2. Auxiliary Verbs & Lexical Verb
  3. Dynamic Verbs & Stative Verbs
  4. Finite Verbs & Nonfinite Verbs 
  5. Regular Verbs & Irregular Verbs

        - နံပါတ် (1) အုပ်စုဖြစ်တဲ့ Action Verbs အုပ်စုထဲမှ ဆိုရင် Transitive Verb နဲ့ Intransitive Verb နှစ်မျိုးပါဝင်ပါတယ်။
        - နံပါတ် (၂) အုပ်စုဖြစ်တဲ့ Auxiliary Verbs မှာ Verb to "be", Verb to "Have", Verb to "Do" နဲ့ Modal Verbs များဖြစ်သော Can- could, shall- should, will- would, may- might, must, ought to ဆိုပြီး (4) မျိုးပါဝင်ပါတယ်။
        - နံပါတ် (၃)၊ (၄) နဲ့ (၅) အုပ်စုတို့ကို နံပါတ် (၁) အုပ်စုထဲမှ Transitive and Intransitive အုပ်စုနဲ့ ပေါင်းစပ်ပြီး အုပ်စုတစ်ခုတည်းအဖြစ် ဖွဲ့စည်းလိုက်ပါတယ်။
        - ဒါကြောင့် Verb ကို အုပ်စုအားဖြင့် (၃) မျိုးပဲ မှတ်ယူနိုင်ပါတယ်။ အဲဒါတွေကတော့...

        Saturday, October 1, 2016

        House နှင့် Home အသုံးပြုပုံ ကွဲပြားမှု ကို ဆရာကြီး ဦးသာနိုး၏ ရှင်းလင်းချက်

        - မြန်မာစကားမှာ "အိမ်" ပဲ ရှိတဲ့အတွက် ကျောင်းသားတွေ အင်မတန်မှားတတ်တဲ့ စကားလုံးနှစ်လုံးဖြစ်တယ်။ သေသေချာချာ ခွဲခြားမှတ်သားဖို့ လိုပါလိမ့်မယ်။
        - ပထမဆုံး မှတ်ရမှာက House ဆိုတာ လူနေတာရော၊ မနေတာရော၊ အဆောက်အုံမှန်သမျှ(any building) ကို ခေါ်တာဖြစ်တယ်။ Home ဆိုတာက ကိုယ်နေထိုင်ရာ ဖြစ်တယ်။
        - အဲဒီတော့ ကိုယ်က အထိုက်အလျှောက်တတ်နိုင်လို့ မြေကွက်လေးတစ်ကွက်ဝယ် အဲဒီမှာ အဆောက်အုံလေးတစ်ခုဆောက်တယ် ဆိုပါတော့၊ အဲဒါ house ပေါ့။ အဲဒီမှာ ခင်ဗျား နေမယ်ဆိုရင်တော့ ဒါ ခင်ဗျားရဲ့ home ဖြစ်သွားတာပေါ့။ ဒီတော့ ခင်ဗျားရဲ့ Home က House တစ်ခုဖြစ်တယ်။ (Your home is a house.)
        - ခင်ဗျားက လူမနေဘဲနဲ့ ကုန်ပစ္စည်းတွေပဲ လှောင်ဖို့ သုံးမယ်ဆိုရင်တော့လည်း သိုလှောင်ရုံဖြစ်သွားမယ်။ ဒါကို အင်္ဂလိပ်လို ware house လို့ ခေါ်တယ်။ အမေရိကန် အင်္ဂလိပ်စကားမှာတော့ store house လို့ ခေါ်တယ်။

        Monday, September 19, 2016

        Tuesday, September 13, 2016

        Noun Clause အကြောင်းသိကောင်းစရာ




        • အင်္ဂလိပ်စာလေ့လာနေသူတွေအနေနဲ့ စာဖတ်ရာမှာဖြစ်စေ၊ စာပေရေးသားရာမှာဖြစ်စေ နေ့စဉ်တွေ့နေရတဲ့အထဲမှာ Noun ဆိုတာ အမြဲတမ်းပဲ တွေ့နေရပါတယ်။ ဒါကြောင့် ဒီပို့စ်မှာ အရေးပါတဲ့ Noun Clause အသုံးပြုပုံ လေ့လာကြပါမယ်။ 
        • ကျန်တဲ့ Adjective Clause နဲ့ ပတ်သက်ပြီး

          Defining Relative Clauses ကို ဒီလင့်မှာ လေ့လာနိုင်ပြီး

          Non-Defining Relative Clauses ကို ဒီလင့်မှာ လေ့လာနိုင်ပါတယ်။

          Adverb Clause အကြောင်းကိုတော့ နောက် ပို့စ်များမှာ ထပ်မံရှင်းလင်း တင်ပြပေးပါ့မယ်။
        • ပထမဆုံး Clause ဆိုတာဘာလဲ ….. Clause ဆိုသည်မှာ Subject နဲ့ Verb တို့ပါဝင်ပြီး အချက်အလက်အစုံကို ပေးစွမ်းနိုင်ချေမရှိတဲ့ Sentence အပိုင်းအစ တစ်ခုသာဖြစ်ပါတယ်။ ဒါကြောင့် Clause ကို နှစ်ပိုင်းပိုင်းပြီး dependent, or subordinate နဲ့ Independent or Main Clause ဆိုပြီး သတ်မှတ်ကြပါတယ်။ Subject နဲ့ Verb တို့ ပါဝင်တာချင်းအတူတူ Sentence အဖြစ်ရပ်တည်နိုင်ရင် Independent Clause ဖြစ်ပြီး Sentence အဖြစ်မရပ်တည်နိုင်ရင် Dependent Clause ဖြစ်ပါတယ်။ 
        • Clause တွေဖြစ်တဲ့ Noun Clause, Adjective Clause နဲ့ Adverb Clause တို့ကို Complex Sentence တွေမှာ တွေ့ရမှာ ဖြစ်သည့်အတွက် Clause များကို ပိုင်ပိုင်နိုင်နိုင်လေ့လာထားမှသာလျှင် အင်္ဂလိပ်စာပေကို ဖတ်ရာမှာသော်လည်းကောင်း၊ ရေးသားရာမှာ သော်လည်းကောင်း လွယ်ကူမှာဖြစ်ပါတယ်။
        • ဒါကြောင့် ဒီပို့စ်မှာ Dependent Clause အမျိုးအစားဖြစ်တွေထဲမှ Noun Clause ကို လေ့လာကြမှာဖြစ်ပါတယ်။