That's life (1)
Monday, September 19, 2016
Dialogues: Introducing yourself and others
That's life (1)
Tuesday, September 13, 2016
Noun Clause အကြောင်းသိကောင်းစရာ
- အင်္ဂလိပ်စာလေ့လာနေသူတွေအနေနဲ့ စာဖတ်ရာမှာဖြစ်စေ၊ စာပေရေးသားရာမှာဖြစ်စေ နေ့စဉ်တွေ့နေရတဲ့အထဲမှာ Noun ဆိုတာ အမြဲတမ်းပဲ တွေ့နေရပါတယ်။ ဒါကြောင့် ဒီပို့စ်မှာ အရေးပါတဲ့ Noun Clause အသုံးပြုပုံ လေ့လာကြပါမယ်။
- ကျန်တဲ့ Adjective Clause နဲ့ ပတ်သက်ပြီး
Defining Relative Clauses ကို ဒီလင့်မှာ လေ့လာနိုင်ပြီး
Non-Defining Relative Clauses ကို ဒီလင့်မှာ လေ့လာနိုင်ပါတယ်။
Adverb Clause အကြောင်းကိုတော့ နောက် ပို့စ်များမှာ ထပ်မံရှင်းလင်း တင်ပြပေးပါ့မယ်။
- ပထမဆုံး Clause ဆိုတာဘာလဲ ….. Clause ဆိုသည်မှာ Subject နဲ့ Verb တို့ပါဝင်ပြီး အချက်အလက်အစုံကို ပေးစွမ်းနိုင်ချေမရှိတဲ့ Sentence အပိုင်းအစ တစ်ခုသာဖြစ်ပါတယ်။ ဒါကြောင့် Clause ကို နှစ်ပိုင်းပိုင်းပြီး dependent, or subordinate နဲ့ Independent or Main Clause ဆိုပြီး သတ်မှတ်ကြပါတယ်။ Subject နဲ့ Verb တို့ ပါဝင်တာချင်းအတူတူ Sentence အဖြစ်ရပ်တည်နိုင်ရင် Independent Clause ဖြစ်ပြီး Sentence အဖြစ်မရပ်တည်နိုင်ရင် Dependent Clause ဖြစ်ပါတယ်။
- Clause တွေဖြစ်တဲ့ Noun Clause, Adjective Clause နဲ့ Adverb Clause တို့ကို Complex Sentence တွေမှာ တွေ့ရမှာ ဖြစ်သည့်အတွက် Clause များကို ပိုင်ပိုင်နိုင်နိုင်လေ့လာထားမှသာလျှင် အင်္ဂလိပ်စာပေကို ဖတ်ရာမှာသော်လည်းကောင်း၊ ရေးသားရာမှာ သော်လည်းကောင်း လွယ်ကူမှာဖြစ်ပါတယ်။
- ဒါကြောင့် ဒီပို့စ်မှာ Dependent Clause အမျိုးအစားဖြစ်တွေထဲမှ Noun Clause ကို လေ့လာကြမှာဖြစ်ပါတယ်။
Tuesday, August 30, 2016
အင်္ဂလိပ်စာသင်တန်း -တန်းခွဲသစ်များ ထပ်မံဖွင့်လှစ်ခြင်း
Pioneer English Language Centre (မအူပင်)မှ စနေ၊ တနင်္ဂနွေ တန်းခွဲသစ်များ ထပ်မံဖွင့်လှစ်သင်ကြားပေးနေပါပြီ။
အင်္ဂလိပ်စာ၊ အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်အာင် တာဝန်ယူသင်ကြားပေးပါသည်။
Thursday, August 4, 2016
စာဖတ်စွမ်းရည်တိုးတက်စေရန်လေ့လာစရာများ (၁၀) - Facebook’s Internet drone
Zawgyi Version
- Reading Skill မြင့်တက်လာစေရန် ရည်ရွယ်သောကြောင့် မြန်မာလို ဘာသာပြန်ဆိုပေးခြင်းမလုပ်တော့ပါ။
- ဒီပို့စ်မှာ အကြောင်းအရာအားဖြင့် တစ်ခုတည်းကိုပဲ Level-1, Level-2, Level-3 ဆိုပြီး Level အလိုက်ဖတ်နိုင်စေရန် ရည်ရွယ်ပါတယ်။ မူရင်း Story ကတော့ Level-3 ပါ။
- Level တစ်ခုချင်းစီမှာ သက်ဆိုင်ရာ Glossary များကို ခွဲထုတ်ရှင်းလင်းပေးထားပါတယ်။
- မိုင်တစ်ထောင်ခရီးရဲ့ အစဟာ ပထမဆုံးခြေလှမ်းကနေ စတာပါ။ ကဲဗျာ ...အခု စတင်လေ့လာကြည့်ရအောင်....
- Level 3 ကိုဖတ်ရင်း အောက်ပါဗီဒီယိုကိုကြည့်နိုင်ပါတယ်။
- အင်္ဂလိပ်စာဖတ်ရာမှာ တစ်ဆင့်ချင်းစီ စာဖတ်စွမ်းရည်မြှင့်တက်လာစေရန် ရည်ရွယ်ပြီး စိတ်ဝင်စားဖွယ်အကြောင်းအရာများကို တင်ပြပေးသွားပါမယ်။
Monday, August 1, 2016
Native Speaker တွေပြောဆိုတာကို နားလည်နိုင်စေဖို့ နည်းလမ်းကောင်း
- ကျွန်တော်တို့လို English ဘာသာစကားကို Second Language အဖြစ်အသုံးပြုနေသူများအတွက် အင်္ဂလိပ်စကားပြောဆိုသုံးနှုန်းရာမှာ မသိမဖြစ် သိထားသင့်တဲ့အပိုင်းကတော့ Native Speaker တွေရဲ့ လေယူလေသိမ်း (Accent) ကို ဖမ်းယူနိုင်ဖို့ နဲ့ Native Speaker နီးနီး ပြောဆိုနိုင်ဖို့ Reduced Form or Informal Contractions တွေကို သိထားရမှာ ဖြစ်ပါတယ်။
- ဥပမာ - What are you going to do? ဆိုတဲ့ အသုံးကို Native Speaker က သုံးလေ့ရှိတဲ့ လေယူလေသိမ်းက Whatcha going to do? →Whatcha gonna do? ဖြစ်ပါတယ်။ ဒီလေယူလေသိမ်းကို မသိထားဘူး၊ မလေ့လာထားဘူးဆိုရင် သူဘာပြောလိုက်မှန်း မသိနိုင်တော့ပါဘူး။ ဒီဥပမာမှာဆိုရင် What are you ကို Whatcha သော်လည်းကောင်း၊ What are you going ကို Whatcha gonna သော်လည်းကောင်း Contraction ပုံစံနဲ့ ပြောဆိုသုံးနှုန်းသွားတာကို သိထားရမှာပါ။
Wednesday, July 27, 2016
IELTS Reading: Academic Reading ပိုင်းအတွက်သိကောင်းများနှင့်နမူနာပုံစံများ

- IELTS Reading အပိုင်းမှာ Academic module ပိုင်းနဲ့ General module ပိုင်းဆိုပြီး နှစ်ပိုင်းခွဲခြားထားပါတယ်။ Academic Module ပိုင်းကတော့ အင်္ဂလိပ်ဘာသာစကားကို မိခင်ဘာသာအဖြစ်အသုံးပြုတဲ့နိုင်ငံတွေ (ဥပမာ- Australia, Britain, United State) မှာ သွားရောက်ပညာသင်လိုသော ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းသားများအတွက် ဖြစ်ပြီး General Module အပိုင်းကတော့ ၄င်းနိုင်ငံများမှာ သွားရောက်အလုပ်လုပ်လိုသော သူများအတွက်ဖြစ်ပါတယ်။
- ဒီပို့စ်မှာတော့ Academic Module ပိုင်းနဲ့ ပတ်သက်ပြီး Tips and Strategies များကို တင်ပြပေးသွားမှာဖြစ်ပါတယ်။
- Academic Reading ပိုင်းရဲ့ Strategies များကိုတော့ နောက်ပို့စ်များမှာ ဆက်လက်ရေးသားရှင်းပြပေးသွားပါမယ်။
Sunday, July 24, 2016
စာဖတ်စွမ်းရည်တိုးတက်စေရန်လေ့လာစရာများ (၉) - Superhero Window Cleaners
Zawgyi Version
- Reading Skill မြင့်တက်လာစေရန် ရည်ရွယ်သောကြောင့် မြန်မာလို ဘာသာပြန်ဆိုပေးခြင်းမလုပ်တော့ပါ။
- ဒီပို့စ်မှာ အကြောင်းအရာအားဖြင့် တစ်ခုတည်းကိုပဲ Level-1, Level-2, Level-3 ဆိုပြီး Level အလိုက်ဖတ်နိုင်စေရန် ရည်ရွယ်ပါတယ်။ မူရင်း Story ကတော့ Level-3 ပါ။
- Level တစ်ခုချင်းစီမှာ သက်ဆိုင်ရာ Glossary များကို ခွဲထုတ်ရှင်းလင်းပေးထားပါတယ်။
- မိုင်တစ်ထောင်ခရီးရဲ့ အစဟာ ပထမဆုံးခြေလှမ်းကနေ စတာပါ။ ကဲဗျာ ...အခု စတင်လေ့လာကြည့်ရအောင်....
- Level 3 ကိုဖတ်ရင်း အောက်ပါဗီဒီယိုကိုကြည့်နိုင်ပါတယ်။
Subscribe to:
Posts (Atom)




