Tuesday, August 30, 2016

အင်္ဂလိပ်စာသင်တန်း -တန်းခွဲသစ်များ ထပ်မံဖွင့်လှစ်ခြင်း

Pioneer English Language Centre (မအူပင်)မှ စနေ၊ တနင်္ဂနွေ တန်းခွဲသစ်များ ထပ်မံဖွင့်လှစ်သင်ကြားပေးနေပါပြီ။

အင်္ဂလိပ်စာ၊ အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်အာင် တာဝန်ယူသင်ကြားပေးပါသည်။

Thursday, August 4, 2016

စာဖတ်စွမ်းရည်တိုးတက်စေရန်လေ့လာစရာများ (၁၀) - Facebook’s Internet drone


Zawgyi Version
  • Reading Skill မြင့်တက်လာစေရန် ရည်ရွယ်သောကြောင့် မြန်မာလို ဘာသာပြန်ဆိုပေးခြင်းမလုပ်တော့ပါ။
  • ဒီပို့စ်မှာ အကြောင်းအရာအားဖြင့် တစ်ခုတည်းကိုပဲ Level-1, Level-2, Level-3 ဆိုပြီး Level အလိုက်ဖတ်နိုင်စေရန် ရည်ရွယ်ပါတယ်။ မူရင်း Story ကတော့ Level-3 ပါ။
  • Level တစ်ခုချင်းစီမှာ သက်ဆိုင်ရာ Glossary များကို ခွဲထုတ်ရှင်းလင်းပေးထားပါတယ်။ 
  • မိုင်တစ်ထောင်ခရီးရဲ့ အစဟာ ပထမဆုံးခြေလှမ်းကနေ စတာပါ။ ကဲဗျာ ...အခု စတင်လေ့လာကြည့်ရအောင်....   
  • Level 3 ကိုဖတ်ရင်း အောက်ပါဗီဒီယိုကိုကြည့်နိုင်ပါတယ်။ 
Unicode Version
  •  အင်္ဂလိပ်စာဖတ်ရာမှာ တစ်ဆင့်ချင်းစီ စာဖတ်စွမ်းရည်မြှင့်တက်လာစေရန် ရည်ရွယ်ပြီး စိတ်ဝင်စားဖွယ်အကြောင်းအရာများကို တင်ပြပေးသွားပါမယ်။

Monday, August 1, 2016

Native Speaker တွေပြောဆိုတာကို နားလည်နိုင်စေဖို့ နည်းလမ်းကောင်း


  • ကျွန်တော်တို့လို English ဘာသာစကားကို Second Language အဖြစ်အသုံးပြုနေသူများအတွက် အင်္ဂလိပ်စကားပြောဆိုသုံးနှုန်းရာမှာ မသိမဖြစ် သိထားသင့်တဲ့အပိုင်းကတော့ Native Speaker တွေရဲ့ လေယူလေသိမ်း (Accent) ကို ဖမ်းယူနိုင်ဖို့ နဲ့ Native Speaker နီးနီး ပြောဆိုနိုင်ဖို့ Reduced Form or Informal Contractions တွေကို သိထားရမှာ ဖြစ်ပါတယ်။
  • ဥပမာ - What are you going to do? ဆိုတဲ့ အသုံးကို Native Speaker က သုံးလေ့ရှိတဲ့ လေယူလေသိမ်းက Whatcha going to do? →Whatcha gonna do? ဖြစ်ပါတယ်။ ဒီလေယူလေသိမ်းကို မသိထားဘူး၊ မလေ့လာထားဘူးဆိုရင် သူဘာပြောလိုက်မှန်း မသိနိုင်တော့ပါဘူး။ ဒီဥပမာမှာဆိုရင် What are you ကို Whatcha သော်လည်းကောင်း၊ What are you going ကို Whatcha gonna သော်လည်းကောင်း Contraction ပုံစံနဲ့ ပြောဆိုသုံးနှုန်းသွားတာကို သိထားရမှာပါ။ 

Wednesday, July 27, 2016

IELTS Reading: Academic Reading ပိုင်းအတွက်သိကောင်းများနှင့်နမူနာပုံစံများ



  • IELTS Reading အပိုင်းမှာ Academic module ပိုင်းနဲ့ General module ပိုင်းဆိုပြီး နှစ်ပိုင်းခွဲခြားထားပါတယ်။ Academic Module ပိုင်းကတော့ အင်္ဂလိပ်ဘာသာစကားကို မိခင်ဘာသာအဖြစ်အသုံးပြုတဲ့နိုင်ငံတွေ (ဥပမာ- Australia, Britain, United State) မှာ သွားရောက်ပညာသင်လိုသော ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းသားများအတွက် ဖြစ်ပြီး General Module အပိုင်းကတော့ ၄င်းနိုင်ငံများမှာ သွားရောက်အလုပ်လုပ်လိုသော သူများအတွက်ဖြစ်ပါတယ်။
  • ဒီပို့စ်မှာတော့ Academic Module ပိုင်းနဲ့ ပတ်သက်ပြီး Tips and Strategies များကို တင်ပြပေးသွားမှာဖြစ်ပါတယ်။ 
  • Academic Reading ပိုင်းရဲ့ Strategies များကိုတော့ နောက်ပို့စ်များမှာ ဆက်လက်ရေးသားရှင်းပြပေးသွားပါမယ်။

Sunday, July 24, 2016

စာဖတ်စွမ်းရည်တိုးတက်စေရန်လေ့လာစရာများ (၉) - Superhero Window Cleaners

Zawgyi Version
  • Reading Skill မြင့်တက်လာစေရန် ရည်ရွယ်သောကြောင့် မြန်မာလို ဘာသာပြန်ဆိုပေးခြင်းမလုပ်တော့ပါ။
  • ဒီပို့စ်မှာ အကြောင်းအရာအားဖြင့် တစ်ခုတည်းကိုပဲ Level-1, Level-2, Level-3 ဆိုပြီး Level အလိုက်ဖတ်နိုင်စေရန် ရည်ရွယ်ပါတယ်။ မူရင်း Story ကတော့ Level-3 ပါ။
  • Level တစ်ခုချင်းစီမှာ သက်ဆိုင်ရာ Glossary များကို ခွဲထုတ်ရှင်းလင်းပေးထားပါတယ်။ 
  • မိုင်တစ်ထောင်ခရီးရဲ့ အစဟာ ပထမဆုံးခြေလှမ်းကနေ စတာပါ။ ကဲဗျာ ...အခု စတင်လေ့လာကြည့်ရအောင်....   
  • Level 3 ကိုဖတ်ရင်း အောက်ပါဗီဒီယိုကိုကြည့်နိုင်ပါတယ်။ 

Tuesday, July 19, 2016

အင်္ဂလိပ်လို ကိန်းဂဏန်းများ၊ နံပါတ်ကြီးများကို ရေး၊ဖတ်၊ပြောဆိုပုံ

  • အင်္ဂလိပ်လို ကိန်းဂဏန်းတွေ၊ နံပါတ်ကြီးတွေကို ဖတ်ရာမှာ ဖြစ်ဖြစ်၊ ပြောရာမှာဖြစ်ဖြစ်၊ ရေးရာမှာဖြစ်ဖြစ် သိသားသင့်တဲ့ အပိုင်းတွေကို ဒီပို့စ်မှာ ရေးသားတင်ပြပေးသွားပါမယ်။ အများစုသိထားနိုင်တာကတော့ "one to thousand (1,2,3,.....100,101,...200.....1000" လောက်ထိတော့ အခက်အခဲမရှိရေးနိုင်ဖတ်နိုင်ပြောနိုင်ကြပါတယ်။ ကိန်းဂဏန်းတွေကြီးလာပြီး သို့မဟုတ် များလာပြီဆိုရင်တော့ ရုတ်တရက် ဖတ်ရတာ ခက်သွားတတ်ပါတယ်။ Listening ပိုင်းမှာဆိုရင် နားထောင်ပြီး ပြန်ရေးဖြေရတော့မယ်ဆို မကျွမ်းကျင်ရင် ဘာမှန်းမသိဖြစ်သွားတတ်ပါတယ်။ အင်္ဂလိပ်လို Big Numbers တွေဖတ်ပုံ၊ ဖတ်နည်းလေး ရေးပေးဖို့ တောင်းဆိုထားတဲ့သူတွေ ရှိနေတာကြောင့် ဒီပို့စ်နဲ့ ရေးသားရှင်းပြလိုက်ရပါတယ်။

Monday, July 18, 2016

(၆၉) နှစ်မြောက် အာဇာနည်နေ့ အမှတ်တရ

Aung San Zarni

Born on 13 February was he
Born in 1915, son of Lawyer U Hpa
Of Natmauk, in Magwe District
Mother's name was Daw Suu
The year 1947 died he
On 19 July everyone wept
He is the cause of our Independence
He is the father of this nation.
The blessings he had given us, the words he had uttered ...
How can we ever take
those out of our minds ...

    အောင်ဆန်းဇာနည်
*******************
    ဖေဖေါ်ဝါရီ ဆယ့်သုံး မှာ
    ဗိုလ်ချုပ်မွေးနေ့ပါ၊
    တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး
    ရှေ့နေ ဦးဖာသား၊
    ဇာတိ နတ်မောက် မကွေးခရိုင်
    သိကြများ ခုတိုင်၊
    ကြံ့ကြံ့ခိုင်လို့ ဇာနည်ဘွား
    မိခင်ဒေါ်စုသား၊
    တစ်ထောင့်ကိုးရာလေးဆယ့်ခွန်
    ပြောင်းကြွ တမလွန်၊
    မျက်ရည်သွန်လို့ ဘဝင်ညှိုး
    ဇူလိုင် တစ်ဆယ့်ကိုး။
    ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
    ဗိုလ်ချုပ် တို့ဖခင်၊
    ကောင်းစေချင်တဲ့ မှာစကား
    ငါတို့ မမေ့အား။