Tuesday, July 5, 2016

IELTS ဆိုတာဘာလဲ…



  • IELTS နဲ့ပတ်သက်ပြီး ပထမဆုံးစတင်ရေးသားတဲ့ ပို့စ်တဲ့အတွက် IELTS ကို စတင်လေ့လာသူတွေအတွက် ရည်ရွယ်ပြီး “What’s IELTS?” ဆိုပြီး အခြေခံကနေ စတင် ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ သိပြီးသူများအတွက် ဒီပို့စ်ကို ကျော်ဖတ်သွားနိုင်ပါတယ်။
  • ဒီပို့စ်မှာတော့ "IELTS" ဆိုတာဘာလဲ ဆိုတာကို ရှင်းပြပြီး နောက်ပို့စ်တွေမှာတော့ Speaking အပိုင်းကနေ စတင်ရေးသား ရှင်းလင်းပေးမှာဖြစ်ပြီး Listening, Reading နဲ့ Writing အပိုင်းများကို အဆင်ပြေသလို ခြုံငုံလေ့လာနိုင်အောင် တင်ပြပေးသွားမှာပါ။ 
  • IELTS ဆိုတာက International English Language Testing System ကို အတိုကောက်ခေါ်တာပါ။ တကယ်တော့ IELTS ဆိုတာက "အင်္ဂလိပ်ဘာသာစကားကို ဘယ်လောက် ကျွမ်းကျင်ပိုင်နိုင်မှု ရှိသလဲ" ဆိုတာ  စမ်းသပ်စစ်ဆေးအကဲဖြတ်ပေးတဲ့ Test တစ်ခုသာဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာစကားကို လူအချင်းချင်းကြား ဆက်ဆံပြောဆိုတဲ့အခါ ဘုံဘာသာစကားတစ်ခုအနေဖြင့် အသုံးပြုနေတဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်နေသူတွေ၊ ပညာရပ်တွေကိုလေ့လာနေသူတွေရဲ့ ဘာသာစကားကျွမ်းကျင်ပိုင်နိုင်မှုကို တိုင်းတာတဲ့ စမ်းသပ်မှုတစ်ခု၊ စစ်ဆေးမှုတစ်ခုသာဖြစ်ပါတယ်။ ခြုံပြီးပြောရမယ်ဆိုရင် IELTS ဆိုတာက ကျွန်တော်တို့ရဲ့ အင်္ဂလိပ်စာဘာသာစကားနဲ့ဆိုင်တဲ့ အရေး၊ အဖတ်၊ အပြော၊ နားထောင်မှုစွမ်းတွေနဲ့ အထွေအထွေဗဟုသုတကြွယ်ဝမှုကို စစ်ဆေးတဲ့ စနစ်သာဖြစ်ပါတယ်။ IELTS ကျွမ်းကျင်မှုအဆင့်တွေကိုတော့ စတင်လေ့လာတဲ့သူတွေအတွက် အဆင့်သုည(၀) ကနေ ကျွမ်းကျင်ပိုင်နိုင်မှုအမြင့်ဆုံးအဆင့် ၉ ထိသတ်မှတ်ထားပါတယ်။ တစ်နည်းအားဖြင့် Level 0 to 9 အတွင်းသတ်မှတ်ပေးတာပါ။ တစ်ချို့တော့ Level 1 ကနေစတင်သတ်မှတ်ပြီး Level 1 to Level 9 ဆိုပြီးသတ်မှတ်ပါတယ်။ Level 0 ဆိုတာကတော့ စာမေးပွဲခန်းထဲ ဝင်ထိုင်ပြီး လုံးဝမဖြေတဲ့သူအတွက်ပါ။ ဥပမာ ကျွန်တော့်လိုမျိုး… :P :P

Monday, July 4, 2016

Relative Clauses များအကြောင်းသိကောင်းစရာ - Non-Defining Relative Clauses





  • Non-defining relative clauses က သူရည်ညွှန်းလိုက်တဲ့ Noun ကိုအဓိပ္ပာယ်သတ်မှတ်ပေးတာမျိုး မဟုတ်ဘဲ ၄င်း Noun နဲ့ပတ်သက်ပြီး အချက်အလက်များကို ပိုမိုပြည့်စုံအော်ဖြည့်ဆည်းပေးတာမျိုးပဲ ဖြစ်ပါတယ်။
  • Defining Relative Clauses အကြောင်းလေ့လာချင်ပါက ဒီလင့်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 
  • Noun နဲ့ Relative clause ကို ဆက်စပ်ရန် Relative Pronouns (who, whom, whose, which, that) များကို သိထားရမှာဖြစ်ပါတယ်။

  • Non-defining relative clauses ကို Spoken English မှာ သုံးလေ့သုံးထမရှိဘဲ Written English မှာပဲ အဓိက အသုံးပြုကြပါတယ်။

  • -      We visited Maha Bandula Park, which is close to Sule Pagoda.

  • (which is close to Sule Pagoda) က Non-defining relative clause ဖြစ်ပါတယ်။

မဟာဗန္ဓုလပန်းခြံဟာ ရန်ကုန်မြို့မှာ တစ်ခုတည်း ရှိတဲ့အတွက်ကြောင့် ၄င်းပန်းခြံကို အမျိုးအမည်ခွဲခြားသတ်မှတ်တာမျိုး၊ အဓိပ္ပာယ်သတ်မှတ်တာမျိုးလုပ်ဖို့ မလိုအပ်တော့ပါ။

Sunday, July 3, 2016

စာဖတ်စွမ်းရည်တိုးတက်စေရန်လေ့လာစရာများ (၃) - Glass slide in the air

  • အင်္ဂလိပ်စာဖတ်ရာမှာ တစ်ဆင့်ချင်းစီ စာဖတ်စွမ်းရည်မြှင့်တက်လာစေရန် ရည်ရွယ်ပြီး စိတ်ဝင်စားဖွယ်အကြောင်းအရာများကို တင်ပြပေးသွားပါမယ်။
  • Reading Skill မြင့်တက်လာစေရန် ရည်ရွယ်သောကြောင့် မြန်မာလို ဘာသာပြန်ဆိုပေးခြင်းမလုပ်တော့ပါ။
  • ဒီပို့စ်မှာ အကြောင်းအရာအားဖြင့် တစ်ခုတည်းကိုပဲ Level-1, Level-2, Level-3 ဆိုပြီး Level အလိုက်ဖတ်နိုင်စေရန် ရည်ရွယ်ပါတယ်။ မူရင်း Story ကတော့ Level-3 ပါ။
  • Level တစ်ခုချင်းစီမှာ သက်ဆိုင်ရာ Glossary များကို ခွဲထုတ်ရှင်းလင်းပေးထားပါတယ်။ 
  • မိုင်တစ်ထောင်ခရီးရဲ့ အစဟာ ပထမဆုံးခြေလှမ်းကနေ စတာပါ။ ကဲဗျာ ...အခု စတင်လေ့လာကြည့်ရအောင်....   
  • Level 3 ကိုဖတ်ရင်း အောက်ပါဗီဒီယိုကိုကြည့်နိုင်ပါတယ်။

Relative Clauses များအကြောင်းသိကောင်းစရာ - Defining Relative Clauses





  • အခုဒီပို့စ်မှာတော့ Spoken English နဲ့ Written English မှာ အလွန်အသုံးဝင်သော Relative Clauses များအကြောင်းကို ရှင်းလင်းတင်ပြပေးသွားမှာပါ။

  • Noun နဲ့ Relative clause ကို ဆက်စပ်ရန် Relative Pronouns (who, whom, whose, which, that) များကို သိထားရမှာဖြစ်ပါတယ်။

  • ပုံမှန်အားဖြင့် Relative Clauses ကို Defining Relative Clauses နှင့် Non-defining Clauses ဆိုပြီး နှစ်မျိုးနှစ်စားခွဲခြားထားပါတယ်။ ဒီပို့စ်မှာတော့ Defining Relative Clauses အကြောင်းကို တင်ပြပေးမှာဖြစ်ပြီး နောက်ရေးသားမဲ့ ပို့စ်မှာတော့ Non-defining Relative Clauses အကြောင်းကို တင်ပြပေးမှာဖြစ်ပါတယ်။

  • အခု Defining Relative Clauses အကြောင်းကို စတင် လေ့လာကြည့်ရအောင်ပါ။

Saturday, July 2, 2016

ပုံပြင်တွေကိုနားထောင်ရင်း အင်္ဂလိပ်စာလေ့လာမယ် - Mr Bean in Town (Level 1)

  • Level 0 မှာ Listening အတွက် Post သုံးခု တင်ပေးထားပါတယ်။ အခု "Listening Level 1" အတွက် ပထမဆုံး Story တစ်ပုဒ်ကို စတင် နားထောင်လေ့လာကြည့်ကြပါမယ်။
  • "Level 0" မှာထက် ဇာတ်လမ်းပြောပြသူ (Storyteller) ရဲ့ Speed ဟာ မသိမသာလေး မြန်လာပါမယ်။ ဇာတ်လမ်းကလည်း နည်းနည်းပိုရှည်ကြာလာပါမယ်။ ပထမဆုံးအကြိမ် နားထောင်တဲ့အခါ ရုတ်တရက် နားမလည်နိုင် ဖြစ်နိုင်ပါတယ်။ စိတ်မပျက်ဘဲ ထပ်ခါထပ်ခါ အကြိမ်ကြိမ် နားလည်အောင်ကြိုးစားပါ။
  • "Mr Bean in Town " ဆိုတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ 
  • Listening Skill အတွက် (Level 1) ဖြစ်ပါတယ်။ နောက်ပိုင်းမှာ Level တွေကို တစ်ဆင့်ချင်းမြှင့်မြှင့်ပြီး တင်ပေးသွားပါမယ်။
  • ဒီဇာတ်လမ်းထဲမှ အနည်းငယ်ဖော်ပြပေးလိုက်ပါတယ်......"

    Short description:

    "Mr. Bean decided to go to the restaurant on his Birthday, because he wanted to enjoy his celebration. But to be at the restaurants was unusual situation for him.

Friday, July 1, 2016

အင်္ဂလိပ်ဘာသာစကားဆိုင်ရာ မိမိတို့ ရောက်ရှိနေသော လှေခါးထစ် (သို့) စွမ်းရည်

  • ကျွန်တော်တို့လေ့လာနေတဲ့ ဒုတိယဘာသာစကားဖြစ်သော English ဘာသာစကားနှင့်ပတ်သက်ပြီး သိသင့်သိထိုက်သော၊ Native Speaker ပညာရှင်တွေ သတ်မှတ်ထားသော English ဘာသာဆိုင်ရာ စွမ်းရည်အဆင့် သတ်မှတ်ချက်များကို လေ့လာနိုင်ရန် ဗဟုသုတအဖြစ် တင်ပြပေးလိုက်ပါတယ်။
  • အောက်မှာ ဖော်ပြပေးလိုက်သော Level များအနက် မိမိတို့ ကိုယ်တိုင် ဘယ် Level ရောက်နေပြီလဲဆိုတာကို လေ့လာသုံးသပ်နိုင်ပြီးတော့ Level တွေမြှင့်လာအောင် ဘယ်လိုကြိုးစားလုပ်ဆောင်ကြမလဲ နည်းလမ်းတွေကို ထပ်မံရှာဖွေဆည်းပူးနိုင်ပါတယ်။

 Level - 0

 

စာဖတ်စွမ်းရည်တိုးတက်စေရန်လေ့လာစရာများ (၂) - London Pride

  • အင်္ဂလိပ်စာဖတ်ရာမှာ တစ်ဆင့်ချင်းစီ စာဖတ်စွမ်းရည်မြှင့်တက်လာစေရန် ရည်ရွယ်ပြီး စိတ်ဝင်စားဖွယ်အကြောင်းအရာများကို တင်ပြပေးသွားပါမယ်။
  • Reading Skill မြင့်တက်လာစေရန် ရည်ရွယ်သောကြောင့် မြန်မာလို ဘာသာပြန်ဆိုပေးခြင်းမလုပ်တော့ပါ။
  • ဒီပို့စ်မှာ အကြောင်းအရာအားဖြင့် တစ်ခုတည်းကိုပဲ Level-1, Level-2, Level-3 ဆိုပြီး Level အလိုက်ဖတ်နိုင်စေရန် ရည်ရွယ်ပါတယ်။ မူရင်း Story ကတော့ Level-3 ပါ။
  • Level တစ်ခုချင်းစီမှာ သက်ဆိုင်ရာ Glossary များကို ခွဲထုတ်ရှင်းလင်းပေးထားပါတယ်။ 
  • မိုင်တစ်ထောင်ခရီးရဲ့ အစဟာ ပထမဆုံးခြေလှမ်းကနေ စတာပါ။ ကဲဗျာ ...အခု စတင်လေ့လာကြည့်ရအောင်....   
  • Level 3 ကိုဖတ်ရင်း အောက်ပါဗီဒီယိုကိုကြည့်နိုင်ပါတယ်။