Thursday, June 30, 2016

ပုံပြင်တွေကိုနားထောင်ရင်း အင်္ဂလိပ်စာလေ့လာမယ် - Police TV (Level 0)

  • "Police TV" လို့နာမည်ပေးထားတဲ့ ဒီဇာတ်လမ်းလေးကတော့ Listening Skill အတွက် (Level 0) ဖြစ်ပါတယ်။ နောက်ပိုင်းမှာ Level တွေကို တစ်ဆင့်ချင်းမြှင့်မြှင့်ပြီး တင်ပေးသွားပါမယ်။
  • နောက်ပို့စ်က စပြီး Level 1 ကို တင်ပေးပါမယ်။
  • ဒီဇာတ်လမ်းထဲမှ အနည်းငယ်ဖော်ပြပေးလိုက်ပါတယ်......"
    Short description:
    ‘Every day someone steals money from people near the shops. We must stop this,’ says Dan, a police officer. The police use TV cameras but it is not easy because there are so many suspects – who is the robber?
  • ဒီဇာတ်လမ်းမှာ အဓိကအသုံးပြုထားတဲ့ စကားလုံးများကို လေ့လာကြည့်ပါ။ Listening Level ကို "Zero" level ကနေ စတင်မှာဖြစ်သည့်အတွက် ဒီပို့စ်က ကျွမ်းကျင်သူများအတွက် မရည်ရွယ်ပါ။ 
  • အောက်ပါ အသံဖိုင်ကို Download ယူပြီး နားဆင်လေ့လာနိုင်ပါပြီ။
  • နားထောင်ရတာ အဆင်မပြေပါက Comment Box မှာ အကြံပြုရေးသားနိုင်ပါတယ်။

Conditional Sentence များအကြောင်းသိကောင်းစရာ (Second Conditionals)



  • Conditional များအကြောင်းရေးလာတာ အခုဆိုရင် တတိယမြောက် Second Conditional အလှည့်ရောက်လာပါပြီ။
  • ZeroConditional အကြောင်းကိုတော့ ဒီလင့်မှာ ဖတ်နိုင်ပါတယ်။
  • FirstConditional အကြောင်းကိုတော့ ဒီလင့်မှာ ဖတ်နိုင်ပါတယ်။
အခု Second Conditional က ဘာဆိုတာနဲ့ ဘယ်လိုအသုံးပြုလဲ စတင်လေ့လာကြည့်ရအောင်ပါ။ Second Conditional ကတော့ လက်ရှိပစ္စုပ္ပန်မှာရော ဖြစ်လာမဲ့ အနာဂတ်အတွက် စိတ်ကူးယဉ်ဆန်မှုတွေ၊ မဖြစ်နိုင်တာတွေ သို့မဟုတ် ဖြစ်နိုင်ချေနည်းပါးတဲ့ အခြေအနေတွေကို ဖော်ပြတဲ့အခါမှာ အသုံးပြုပါတယ်။ အောက်ပါဥပမာကို လေ့လာကြည့်ပါ။

Wednesday, June 29, 2016

ပုံပြင်တွေကိုနားထောင်ရင်း အင်္ဂလိပ်စာလေ့လာမယ် - Red Roses (Level 0)

    • "Red Roses" လို့နာမည်ပေးထားတဲ့ ဒီဇာတ်လမ်းလေးကတော့ Listening Skill အတွက် (Level 0) ဖြစ်ပါတယ်။ နောက်ပိုင်းမှာ Level တွေကို တစ်ဆင့်ချင်းမြှင့်မြှင့်ပြီး တင်ပေးသွားပါမယ်။
    • ဒီဇာတ်လမ်းထဲမှ အနည်းငယ်ဖော်ပြပေးလိုက်ပါတယ်......"
      Short description:
      ‘Who is the man with the roses in his hand?’ thinks Anna. ‘I want to meet him.’
      ‘Who is the girl with the guitar?’ thinks Will. ‘I like her. I want to meet her.’
      But they do not meet.
      ‘There are lots of men!’ says Anna’s friend Vicki, but Anna cannot forget Will. And then one rainy day . . ."
    • ဒီဇာတ်လမ်းမှာ အဓိကအသုံးပြုထားတဲ့ စကားလုံးများကို လေ့လာကြည့်ပါ။ Listening Level ကို "Zero" level ကနေ စတင်မှာဖြစ်သည့်အတွက် ဒီပို့စ်က ကျွမ်းကျင်သူများအတွက် မရည်ရွယ်ပါ။ 
    • အောက်ပါ အသံဖိုင်ကို Download ယူပြီး နားဆင်လေ့လာနိုင်ပါပြီ။
    • နားထောင်ရတာ အဆင်မပြေပါက Comment Box မှာ အကြံပြုရေးသားနိုင်ပါတယ်။ 

    Red Roses အသံဖိုင် Download ယူရန် 

    တင်ထားသမျှ ပို့စ်တွေကို
    Android Phone များမှ ဖတ်ရန် Apk ဒေါင်းယူလေ့လာနိုင်ပါပြီ....

    Pioneer English Lessons APK Download

    Tuesday, June 28, 2016

    စာဖတ်စွမ်းရည်တိုးတက်စေရန်လေ့လာစရာများ (၁)

    • အင်္ဂလိပ်စာဖတ်ရာမှာ တစ်ဆင့်ချင်းစီ စာဖတ်စွမ်းရည်မြှင့်တက်လာစေရန် ရည်ရွယ်ပြီး စိတ်ဝင်စားဖွယ်အကြောင်းအရာများကို တင်ပြပေးသွားပါမယ်။
    • ဒီပို့စ်မှာ အကြောင်းအရာအားဖြင့် တစ်ခုတည်းကိုပဲ Level-1, Level-2, Level-3 ဆိုပြီး Level အလိုက်ဖတ်နိုင်စေရန် ရည်ရွယ်ပါတယ်။ မူရင်း Story ကတော့ Level-3 ပါ။
    • Level တစ်ခုချင်းစီမှာ သက်ဆိုင်ရာ Glossary များကို ခွဲထုတ်ရှင်းလင်းပေးထားပါတယ်။ 
    • မိုင်တစ်ထောင်ခရီးရဲ့ အစဟာ ပထမဆုံးခြေလှမ်းကနေ စတာပါ။ ကဲဗျာ ...အခု စတင်လေ့လာကြည့်ရအောင်.... 

    Hoverbikes for American soldiers
    (Level - 1)
    This news is about the hoverbike. Hoverbikes hover – they move in the air, but only right above the ground.

    Monday, June 27, 2016

    ပုံပြင်တွေကိုနားထောင်ရင်း အင်္ဂလိပ်စာလေ့လာမယ် - Drive into Danger (Level 0)

    • ဒီဇာတ်လမ်းလေးကတော့ Listening Skill အတွက် (Level 0) ဖြစ်ပါတယ်။ နောက်ပိုင်းမှာ Level တွေကို တစ်ဆင့်ချင်းမြှင့်မြှင့်ပြီး တင်ပေးသွားပါမယ်။
    • ဒီဇာတ်လမ်းရဲ့ အတိုချုပ်ကတော့......" ‘I can drive a truck,’ says Kim on her first day at work in the office. When Kim’s passenger Andy finds something strange under the truck things get dangerous – very dangerous."
    • ဒီဇာတ်လမ်းမှာ အဓိကအသုံးပြုထားတဲ့ စကားလုံးများကို လေ့လာကြည့်ပါ။ Listening Level ကို "Zero" level ကနေ စတင်မှာဖြစ်သည့်အတွက် ဒီပို့စ်က ကျွမ်းကျင်သူများအတွက် မရည်ရွယ်ပါ။ 
    • အောက်ပါ အသံဖိုင်ကို Download ယူပြီး နားဆင်လေ့လာနိုင်ပါပြီ။
    • နားထောင်ရတာ အဆင်မပြေပါက Comment Box မှာ အကြံပြုရေးသားနိုင်ပါတယ်။ 
       Drive into danger ကိုနားဆင်ရန်

    Glossary

    (မြန်မာလို ဘာသာမပြန်တော့ပါ၊ စတင်လေ့လာနားထောင်ရင်း စကားလုံးများကို ပိုမိုရင်းနှီးကျွမ်းဝင်စေရန် ရည်ရွယ်ပါတယ်။)

    Conditional Sentence များအကြောင်းသိကောင်းစရာ (First Conditionals)



    • First conditional sentence များဟာ ဖြစ်ပျက်တော့မ၊ဲ့ အမှန်တကယ်ဖြစ်မဲ့ အနာဂတ်အဖြစ်အပျက်တွေအတွက် သုံးပါတယ်။ ဥပမာဆိုကြပါစို့။

    -      "ကျွန်တော် ဒီည ရန်ကုန်က ပါတီပွဲတစ်ခုကိုသွားမယ်။ ဒါပေမဲ့ ကျွန်တော့်ဇနီးကပြောလိုက်တာက…ကျွန်တော်လိုက်စီးမဲ့ ကားက ထွက်ခါနီးနေပြီတဲ့…ကားကို ကျွန်တော် အချိန်မီချင်မှ မီမဲ့ အနေအထားဖြစ်နေပြီ။ ကားမမီခဲ့ရင်လည်း ကျွန်တော် တစ်ခုခုတော့ စီစဉ်ပြီး ပါတီပွဲကိုရောက်အောင်သွားမယ်။" ဒါဆိုရင်…. သုံးရမဲ့ Conditional မျိုးက First Conditional ပဲဖြစ်ပါတယ်။

    Sunday, June 26, 2016

    Conditional Sentence များအကြောင်းသိကောင်းစရာ (Zero Conditionals)



    • ဒီပို့စ်မှာတော့ Conditional Sentence များအကြောင်းကို တစ်ခုချင်းစီတင်ပြပေးသွားမှာပါ။ Post အနေအထားအရ Conditional မှာ လေးမျိုးရှိတဲ့အတွက် ဒီပို့စ်မှာတော့ Zero Conditional အကြောင်းပဲ အဓိက ရှင်းပြပေးပါမယ်။
    • Conditional Sentence တွေကို မြန်မာနိုင်ငံမှာဆိုရင်တော့ အခြေခံပညာ အလယ်တန်းအဆင့် Grade 9 ခေါ် အဌမတန်းမှာ စတင်သင်ကြားလေ့ရှိပါတယ်။

    Conditional (၄) မျိုးကတော့ -

    1. -      Zero Conditional
    2. -      First Conditional
    3. -      Second Conditional
    4. -      Third Conditional ဆိုပြီး ခွဲခြားသတ်မှတ်ထားပါတယ်။ Condition တစ်ခုချင်းစီကို Post တစ်ခုစီ သတ်မှတ်ပြီး ရှင်းလင်းတင်ပြပေးသွားပါမယ်။

    Saturday, June 25, 2016

    အင်္ဂလိပ်စာ ဝေါဟာရအသုံးအနှုန်းများ အပိုင်း (၃) - "a little" and "a few" အသုံးပြုပုံ



    • ဒီပို့စ်မှာလည်း “some” and “any” လိုပဲ Spoken English မှာဖြစ်ဖြစ်၊ Written English မှာ ဖြစ်ဖြစ် အသုံးပြုရာမှာ မှားတတ်လေ့ရှိတဲ့ “a little” and “a few” တို့ ဘယ်အချိန် ဘယ်လိုသုံးရမယ်ဆိုတာ ရှင်းပြပေးသွားမှာပါ။

    • A little ရော A few နှစ်မျိုးစလုံးကို အရေအတွက်အားဖြင့်နည်းပါးတဲ့အခြေအနေ (Describing a small quantity) အတွက် သုံးပါတယ်။

    • ပုံမှန်အားဖြင့်တော့ “a few” ကို Countable Noun နဲ့တွဲသုံးပြီးတော့ “a little” ကိုတော့ Uncountable  Noun တွေအတွက် သုံးပါတယ်။ အောက်ပါဥပမာတို့ကိုလေ့လာကြည့်ပါ။

    Thursday, June 23, 2016

    အင်္ဂလိပ်စာ ဝေါဟာရအသုံးအနှုန်းများ အပိုင်း (၂) - "some and any" အသုံးပြုပုံ



    ဒီပို့စ်မှာ English စာရေးသားရာမှာဖြစ်ဖြစ်၊ ပြောဆိုရာမှာဖြစ်ဖြစ် အသုံးပြုရာမှာ ရှုပ်ထွေးတတ်တဲ့ “Some နဲ့ Any” တို့ရဲ့ အသုံးပြုပုံတွေကို ရှင်းပြပေးသွားမှာပါ။ ပထမဆုံး Some ရဲ့ အသုံးပြုပုံကို စတင်လေ့လာကြည့်ရအောင်ပါ။
    Some အသုံးပြုပုံစည်းမျဉ်း (၁)
    -      There are some apples.
    -      There is some bread.
    -      There are some eggs.
    -      There is some wine.
    အထက်ပါဥပမာစာကြောင်းလေးကြောင်းကို လေ့လာကြည့်ပါ။ စာကြောင်းလေးကြောင်းစလုံးဟာ Positive Sentence များဖြစ်ကြပါတယ်။

    Wednesday, June 22, 2016

    အင်္ဂလိပ်စာ ဝေါဟာရအသုံးအနှုန်းများ အပိုင်း (၁) - "in, on, at"



    • ·         ဒီပို့စ်မှာတော့ In, On နှင့် At ဆိုတဲ့ Prepositions of Place တို့ကို ဘယ်လိုသုံးမလဲဆိုတာ ရှင်းပြပေးသွားမှာပါ။

    • ·         အလွယ်ကူဆုံးအနေနဲ့ အောက်ပါ ဥပမာကိုလေ့လာကြည့်လိုက်ပါ။

    ·         He lives in Maubin. ဒီလိုမျိုး မြို့တွေနဲ့ တွဲပြီးသုံးပါတယ်။ He lives at Maubin. လို့ သုံးရင် မှားပါတယ်။
    ·         He lives on Pagoda Road. ဒီလမ်းမှာတော့ နေတယ်။ အိမ်လိပ်စာ အတိအကျမဟုတ်ရင် On ကိုသုံးပါတယ်။ He lives at Pagoda Road. လို့ at နဲ့သုံးရင် မှားပါတယ်။

    ·         He lives at 44, Pagoda road. ဒီစာကြောင်းမှာဆိုရင် တိကျတဲ့နေရပ်လိပ်စာအတွက် At ကိုသုံးပါတယ်။
    ·         အထက်ပါစာကြောင်းမှာ in, on နဲ့ at တို့ကို ဘယ်လိုသုံးတယ်ဆိုတာ လေ့လာပြီးနောက် အသေးစိတ် အသုံးပြုပုံတွေကို ဆက်လက်လေ့လာကြည့်ရအောင်ပါ။

    Tuesday, June 21, 2016

    စကားပြောအတိုအထွာ အမှတ်စဉ် (၇) - "Telling the TIME"



    • အင်္ဂလိပ်လို အချိန်၊ နာရီများကို ဘယ်လိုပြောမလဲ.... အောက်ပါပုံတစ်ပုံချင်းစီမှာ အသေးစိတ် ရှင်းပြပေးထားပါတယ်။ 
    • ပုံ(၁)မှာ ပေးထားတဲ့ မေးခွန်းတွေကတော့ အချိန်နဲ့ ပတ်သက်လို့ မေးလေ့မေးထ ရှိတဲ့ မေးခွန်းတွေပါ။


    Monday, June 13, 2016

    စကားပြောအတိုအထွာ အမှတ်စဉ် (၆) - Questions with “Like”



    ဒီပို့စ်မှာတော့ Spoken English မှာ အသုံးများသော စကားလုံး “Like” နဲ့ပတ်သက်ပြီး လေ့လာကြပါမယ်။
    Like ဆိုတဲ့ စကားလုံးကို အသုံးပြုတဲ့အပေါ် မူတည်ပြီး အဓိပ္ပာယ်အမျိုးမျိုးရှိပါတယ်။
    ဥပမာ -
    • -      What would you like to do? (you နေရာမှာ အခြား Personal Pronoun တွေကိုထည့်ပြီးအသုံးပြုပုံကိုလည်း တစ်ခါတည်းလေ့လာကြည့်ပါ။)
    • -      What would he like to do?
    • -      What would she like to do?
    • -      What would they like to do?

    Wednesday, June 1, 2016

    စကားပြောအတိုအထွာ အမှတ်စဉ် (၅) Would you mind + V-ing အသုံးပြုပုံ

    Would you mind + V-ing တစ်စုံတစ်ယောက်ကို တစ်ခုခုလုပ်ခိုင်းချင်တဲ့ အခါမျိုးမှာ သုံးပါတယ်။

    Do you mind + V-ing နဲ့ သုံးရင်လည်း ရပါတယ်။ ဒါပေမဲ့ Would you mind အသုံးက ပိုပြီး ယဉ်ကျေးတဲ့ အသုံးအနှုန်းဖြစ်ပါတယ်။ ဥပမာ - တစ်ယောက်ယောက်ကို “အပြင်ထွက်ပေးပါ” လို့ ပြောချင်ရင်
    -       Get out သုံးပါတယ်။ ဒါပေမဲ့ ဒီအသုံးက အမိန့်ပေးတဲ့ပုံစံမျိုး၊ ရိုင်းရာ ကျပါတယ်။
    -       Do you mind getting out? လို့ သုံးလည်းရပါတယ်။ ဒါပေမဲ့ သိပ်ရင်းနှီးတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ ပြောဆိုတဲ့ အခါမျိုးမှာသာ သုံးသင့်ပါတယ်။ ဒါကြောင့် ပိုပြီး ယဉ်ကျေးတဲ့ အသုံးအနှုန်း Would you mind ကို သုံးလိုက်ပါ။