Thursday, June 23, 2016

အင်္ဂလိပ်စာ ဝေါဟာရအသုံးအနှုန်းများ အပိုင်း (၂) - "some and any" အသုံးပြုပုံ



ဒီပို့စ်မှာ English စာရေးသားရာမှာဖြစ်ဖြစ်၊ ပြောဆိုရာမှာဖြစ်ဖြစ် အသုံးပြုရာမှာ ရှုပ်ထွေးတတ်တဲ့ “Some နဲ့ Any” တို့ရဲ့ အသုံးပြုပုံတွေကို ရှင်းပြပေးသွားမှာပါ။ ပထမဆုံး Some ရဲ့ အသုံးပြုပုံကို စတင်လေ့လာကြည့်ရအောင်ပါ။
Some အသုံးပြုပုံစည်းမျဉ်း (၁)
-      There are some apples.
-      There is some bread.
-      There are some eggs.
-      There is some wine.
အထက်ပါဥပမာစာကြောင်းလေးကြောင်းကို လေ့လာကြည့်ပါ။ စာကြောင်းလေးကြောင်းစလုံးဟာ Positive Sentence များဖြစ်ကြပါတယ်။

-      “There are some apples.” ဆိုတဲ့ စာကြောင်းနဲ့ “There are some eggs.” ဆိုတဲ့ စာကြောင်းတို့မှာဆိုရင် “apples နဲ့ eggs” တို့ဟာ “Countable Noun” နဲ့ Plural များဖြစ်ကြလို့ Verb ကို Plural ပုံစံ “are” ကိုသုံးထားပါတယ်။ တစ်လုံးနှစ်လုံး၊ တစ်ခုနှစ်ခု စသည်ဖြင့်ရေတွက်လို့ ရပေမဲ့ အရေအတွက် အတိအကျကို မဖော်ပြချင်တဲ့အခါမျိုးမှာ “some” ကိုသုံးပါတယ်။ ဒါကြောင့် ဒီလို Positive sentence တွေမှာ countable noun တွေရဲ့ Plural ပုံစံတွေအတွက် “some” ကိုသုံးပါတယ်။
-      “There is some bread.” ဆိုတဲ့စာကြောင်းနဲ့ “There is some wine.” ဆိုတဲ့စာကြောင်းတို့မှာဆိုရင် “bread နဲ့ wine” တို့ဟာ “uncountable noun” များဖြစ်တဲ့အတွက် “singular” ပုံစံနဲ့ သုံးရမှာဖြစ်ပြီး Verb ကိုလည်း Plural ပုံစံသုံးလို့မရဘဲ Singular ပုံစံနဲ့ပဲသုံးရတာပါ။ ဒါကြောင့် ဒီလို Positive sentence တွေမှာ uncountable noun တွေရဲ့ singular ပုံစံတွေအတွက် “some” ကိုသုံးပါတယ်။
-      အထက်ပါ Positive sentence တွေမှာ “some” ကို plural ပုံစံနဲ့ countable noun မှာ သုံးနိုင်သလို uncountable noun တွေမှာလည်း “some” ကိုသုံးနိုင်ပါတယ်။
Some အသုံးပြုပုံစည်းမျဉ်း (၂)
-      Can I have some bananas?
-      Can I have some eggs?
-      Can I have some bread?
-      Can I have some water?
အထက်ပါဥပမာစာကြောင်းလေးကြောင်းကို လေ့လာကြည့်ပါ။ စာကြောင်းလေးကြောင်းစလုံးဟာ Question Sentence များဖြစ်ကြပါတယ်။
-      အထက်ပါဥပမာစာကြောင်းများကဲ့သို့ တစ်စုံတစ်ခုကို တောင်းဆိုတဲ့ မေးခွန်း (Questions asking for something) တွေမှာ countable noun များကို plural ပုံစံနဲ့၊ uncountable noun များကို singular ပုံစံနဲ့မှာပါ “some” အသုံးပြုနိုင်ပါတယ်။
Some အသုံးပြုပုံစည်းမျဉ်း (၃)
-      Would you like some strawberries?
-      Would you like some grapes?
-      Would you like some sugar?
-      Would you like some water?
အထက်ပါဥပမာတွေကတော့ (Questions offering something) ပုံစံတွေဖြစ်ပါတယ်။ ဒီပုံစံတွေလည်း “some” ကို countable noun တွေနဲ့ uncountable noun တွေမှာပါ အသုံးပြုနိုင်ပါတယ်။ Countable noun တွေနဲ့ “some” ကို အသုံးပြုမယ်ဆိုရင်တော့ “Plural” ပုံစံနဲ့ပဲ အသုံးပြုရမှာဖြစ်ပြီး၊ Uncountable noun တွေနဲ့သုံးမယ်ဆိုရင်တော့ “Singular” ပုံစံနဲ့ပဲ သုံးရမှာဖြစ်ပါတယ်။ ဒီလောက်ဆိုရင် “some” ကိုဘယ်လိုသုံးရမယ်ဆိုတာ သိလောက်ပါပြီ။ “Any” အသုံးပြုပုံအကြောင်း ဆက်လက်လေ့လာကြည့်ရအောင်ပါ။
Any အသုံးပြုပုံစည်းမျဉ်း (၁)
-      “Any” ကို ပုံမှန်အားဖြင့် Normal question (ဥပမာ- Helping Verbs အုပ်စု) တွေမှာ သုံးပါတယ်။
-      Do you have any chocolates?
-      Is there any milk any milk in the fridge?
-      Are there any carrots?
-      Do you have any cheese?
-      အထက်ပါစာကြောင်းတွေမှာ Any ကို countable noun နဲ့တွဲသုံးတဲ့အခါမှာ အသုံးပြုမဲ့ Noun ဟာ Plural ပုံစံနဲ့ အသုံးပြုပါတယ်။
-      Uncountable noun များနဲ့တွဲသုံးမယ်ဆိုရင်တော့ အသုံးပြုမဲ့ Noun ဟာ Singular ပုံစံနဲ့ သုံးရမှာဖြစ်ပါတယ်။
Any အသုံးပြုပုံစည်းမျဉ်း (၂)
-      နောက်ထပ်အသုံးပြုပုံတစ်မျိုးကတော့ Negative sentence တွေမှာ “any” ကိုပဲ သုံးရမှာဖြစ်ပါတယ်။
-      I don’t want any chocolates.
-      There aren’t any strawberries.
-      We don’t want any wine.
-      There isn’t any water.
-      အထက်ပါပုံစံတွေမှာ လေ့လာကြည့်ရင် “any” ကို စည်းမျဉ်း (၁) မှာပြောခဲ့သလိုပါပဲ။ Any ကို countable noun နဲ့တွဲသုံးတဲ့အခါမှာ အသုံးပြုမဲ့ Noun ဟာ Plural ပုံစံနဲ့ အသုံးပြုပါတယ်။
-      Uncountable noun များနဲ့တွဲသုံးမယ်ဆိုရင်တော့ အသုံးပြုမဲ့ Noun ဟာ Singular ပုံစံနဲ့ သုံးရမှာဖြစ်ပါတယ်။
“some” နဲ့ “any” အသုံးပြုပုံအကြောင်း နိဂုံးချုပ်ရမယ်ဆိုရင်
-      “some” ကို Positive sentence၊ Questions asking for something နဲ့ Questions offering something ပုံစံတွေမှာ အသုံးပြုပါတယ်။
-      “any” ကို Negative sentence နဲ့ Normal Question တွေမှာ အသုံးပြုပါတယ်။
*********************************************
တင်ထားသမျှ ပို့စ်တွေကို
Android Phone များမှ ဖတ်ရန် Apk ဒေါင်းယူလေ့လာနိုင်ပါပြီ....
http://www.mediafire.com/download/ldbd5aq1jcv7d1a/Pioneer+English+Lessons.apk





No comments:

Post a Comment