Tuesday, July 5, 2016

IELTS ဆိုတာဘာလဲ…



  • IELTS နဲ့ပတ်သက်ပြီး ပထမဆုံးစတင်ရေးသားတဲ့ ပို့စ်တဲ့အတွက် IELTS ကို စတင်လေ့လာသူတွေအတွက် ရည်ရွယ်ပြီး “What’s IELTS?” ဆိုပြီး အခြေခံကနေ စတင် ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ သိပြီးသူများအတွက် ဒီပို့စ်ကို ကျော်ဖတ်သွားနိုင်ပါတယ်။
  • ဒီပို့စ်မှာတော့ "IELTS" ဆိုတာဘာလဲ ဆိုတာကို ရှင်းပြပြီး နောက်ပို့စ်တွေမှာတော့ Speaking အပိုင်းကနေ စတင်ရေးသား ရှင်းလင်းပေးမှာဖြစ်ပြီး Listening, Reading နဲ့ Writing အပိုင်းများကို အဆင်ပြေသလို ခြုံငုံလေ့လာနိုင်အောင် တင်ပြပေးသွားမှာပါ။ 
  • IELTS ဆိုတာက International English Language Testing System ကို အတိုကောက်ခေါ်တာပါ။ တကယ်တော့ IELTS ဆိုတာက "အင်္ဂလိပ်ဘာသာစကားကို ဘယ်လောက် ကျွမ်းကျင်ပိုင်နိုင်မှု ရှိသလဲ" ဆိုတာ  စမ်းသပ်စစ်ဆေးအကဲဖြတ်ပေးတဲ့ Test တစ်ခုသာဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာစကားကို လူအချင်းချင်းကြား ဆက်ဆံပြောဆိုတဲ့အခါ ဘုံဘာသာစကားတစ်ခုအနေဖြင့် အသုံးပြုနေတဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်နေသူတွေ၊ ပညာရပ်တွေကိုလေ့လာနေသူတွေရဲ့ ဘာသာစကားကျွမ်းကျင်ပိုင်နိုင်မှုကို တိုင်းတာတဲ့ စမ်းသပ်မှုတစ်ခု၊ စစ်ဆေးမှုတစ်ခုသာဖြစ်ပါတယ်။ ခြုံပြီးပြောရမယ်ဆိုရင် IELTS ဆိုတာက ကျွန်တော်တို့ရဲ့ အင်္ဂလိပ်စာဘာသာစကားနဲ့ဆိုင်တဲ့ အရေး၊ အဖတ်၊ အပြော၊ နားထောင်မှုစွမ်းတွေနဲ့ အထွေအထွေဗဟုသုတကြွယ်ဝမှုကို စစ်ဆေးတဲ့ စနစ်သာဖြစ်ပါတယ်။ IELTS ကျွမ်းကျင်မှုအဆင့်တွေကိုတော့ စတင်လေ့လာတဲ့သူတွေအတွက် အဆင့်သုည(၀) ကနေ ကျွမ်းကျင်ပိုင်နိုင်မှုအမြင့်ဆုံးအဆင့် ၉ ထိသတ်မှတ်ထားပါတယ်။ တစ်နည်းအားဖြင့် Level 0 to 9 အတွင်းသတ်မှတ်ပေးတာပါ။ တစ်ချို့တော့ Level 1 ကနေစတင်သတ်မှတ်ပြီး Level 1 to Level 9 ဆိုပြီးသတ်မှတ်ပါတယ်။ Level 0 ဆိုတာကတော့ စာမေးပွဲခန်းထဲ ဝင်ထိုင်ပြီး လုံးဝမဖြေတဲ့သူအတွက်ပါ။ ဥပမာ ကျွန်တော့်လိုမျိုး… :P :P

  • IELTS မှာ စစ်ဆေးတဲ့အခါ Academic အပိုင်းနဲ့ General Training အပိုင်းဆိုပြီး အပိုင်းနှစ်ခုရှိပါတယ်။

  • England, American, Australia, New Zealand စတဲ့ အင်္ဂလိပ်ဘာသာစကားသုံးနိုင်ငံများရှိ တက္ကသိုလ်၊ ကောလိပ်များမှာ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများကို သင်ကြားလိုရင် Academic ပိုင်းလေ့လာရမှာပါ။

  • General Training အပိုင်းကတော့ အထက်မှာ ဖော်ပြခဲ့သလိုပဲ အင်္ဂလိပ်ဘာသာစကားကို မိခင်ဘာသာစကားအဖြစ် အသုံးပြုတဲ့နိုင်ငံတွေမှာရှိတဲ့ ရုံးတွေမှာ ချိတ်ဆက်အလုပ်လုပ်မဲ့ ပညာရပ်ဆိုင်ရာ ပညာရှင်တွေအတွက် လေ့လာရမဲ့အပိုင်းပါ။

IELTS scores and test format


  • IELTS Test ကို ဖြေဆိုတဲ့အခါ သုံးနာရီအတွင်းမှာ Four Skills – listening, reading, writing နဲ့ speaking တွေနဲ့သက်ဆိုင်တဲ့ စွမ်းရည်ဗဟုသုတတွေကို ဖြေရမှာဖြစ်ပါတယ်။ အဲလိုဖြေတဲ့နေရာမှာ Listening, Reading နဲ့ Writing test တွေကို တစ်ရက်တည်းမှာပဲ တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြေဆိုရမှာ ဖြစ်ပါတယ်။ 
  • ပုံမှန်တော့ Listening အတွက်မိနစ် ၃၀၊ Writing အတွက် ၁ နာရီ၊ Reading အတွက် ၁ နာရီနဲ့ Speaking အတွက် ၁၁ မိနစ်ကနေ ၁၄ မိနစ်ထိက IELTS Test ဖြေဆိုချိန်များဖြစ်ပါတယ်။
  • အပိုင်းသုံးပိုင်းကိုဖြေဆိုရာမှာ Skill တစ်ခုဖြေဆိုပြီးတိုင်း ရပ်နားချိန်မပေးပါဘူး။ ဆက်တိုက်အစဉ်လိုက် ဖြေဆိုသွားရမှာဖြစ်ပါတယ်။ အဲဒီသုံးခုဖြေဆိုပြီးရင်တော့ Speaking အပိုင်းအတွက် ရပ်နားချိန်ပေးလေ့ရှိပါတယ်။ ရပ်နားချိန်ပေးတယ်ဆိုပေမဲ့ Listening, Reading နဲ့ Writing ပိုင်းတွေကို ဖြေဆိုတဲ့တစ်ရက်တည်းမှာပဲ Speaking ကိုဖြေရမှာပါ။ နာရီပိုင်းသာ ရပ်နားချိန်ပေးတယ်လို့ဆိုလိုတာပါ။ 
  • ဒါပေမဲ့ ခြွင်းချက်ကတော့ မိမိဖြေတဲ့ စာဖြေဌာနပေါ်မူတည်ပြီးတော့ တစ်ချို့စာဖြေဌာနတွေက Listening, Reading နဲ့ Writing ပိုင်းတွေကို ဖြေဆိုပြီးရင် Speaking အတွက် ခုနှစ်ရက်ထိအောင်ရပ်နားချိန်ပေးတတ်ပါတယ်။
  • IELTS Academic အပိုင်းနဲ့ General Training အပိုင်းမှာ ဖြေဆိုတဲ့အခါ မတူညီတာတစ်ခုက Academic မှာရော General training အပိုင်းမှာပါ Reading နဲ့ Writing အပိုင်းမှာ ဖြေဆိုရမဲ့ အကြောင်းအရာ ကွဲပြားသွားပါတယ်။ Speaking နဲ့ Listening အပိုင်းက အတူတူပါပဲ။ အထက်မှာ ပေးထားတဲ့ ပုံကို လေ့လာကြည့်ပါ။
  •  Academic မှာရော General training အပိုင်းတွေမှာ Level သတ်မှတ်အကဲဖြတ်တော့ အတူတူပါပဲ။

IELTS scores


  • IELTS က Level အားလုံးမှာ ပိုင်နိုင်ကျွမ်းကျင်တဲ့ အင်္ဂလိပ်ဘာသာစကားကိုအကဲဖြတ်ဖို့ ရည်ရွယ်ထားတာဖြစ်တဲ့အတွက် test ကိုဖြေဆိုသူတွေဟာ မကျရှုံးနိုင်ပါဘူး။ အမှတ်နည်းတာပဲရှိတာပါ။ 
  • 4 skills အားလုံးအတွက် IELTS အမှတ်တွေကို Level 1to 9 အတွင်းရရှိနိုင်ပါတယ်။ ပြီးရင် အားလုံးကိုခြုံပြီးတော့ Band score နဲ့ သတ်မှတ်ပေးပါတယ်။ ဒါကြောင့် ဝင်ရောက်ဖြေဆိုသူတွေဟာ အနည်းနဲ့အများပြင်ဆင်ပြီးခဲ့မှ ဖြေဆိုတာဖြစ်တဲ့အတွက် Band Score 5.0, 6.0,7.0 ဒါမှမဟုတ် Test ရဲ့ အပိုင်းတစ်ခုချင်းစီမှာ 5.5, 6.5, 7.5 စသည်ဖြင့်ရရှိနိုင်ပါတယ်။ 
  • မိမိတက်ရောက်ပညာသင်မဲ့ တက္ကသိုလ်၊ ကောလိပ် သို့မဟုတ် အလုပ်ဝင်မဲ့ အင်္ဂလိပ်ဘာသာစကားသုံး လုပ်ငန်းခွင်တွေအတွက် ရရှိလိုက်တဲ့ Overall Band Score ဟာ အလွန်အရေးကြီးပါတယ်။ 
  • ဒါကြောင့် Band Score များများရရှိအောင် ကြိုတင်ပြင်ဆင်လေ့လာထားရမှာဖြစ်ပါတယ်။ အောက်မှာ ဇယားကိုလေ့လာကြည့်ပါ။

Band score Skill level Description
Band 9 Expert user You have a full operational command of the language. Your use of English is appropriate, accurate and fluent, and you show complete understanding.
Band 8 Very good user You have a fully operational command of the language with only occasional unsystematic inaccuracies and inappropriate usage. You may misunderstand some things in unfamiliar situations. You handle complex detailed argumentation well.
Band 7 Good user You have an operational command of the language, though with occasional inaccuracies, inappropriate usage and misunderstandings in some situations. Generally you handle complex language well and understand detailed reasoning.
Band 6 Competent user Generally you have an effective command of the language despite some inaccuracies, inappropriate usage and misunderstandings. You can use and understand fairly complex language, particularly in familiar situations.
Band 5 Modest user You have a partial command of the language, and cope with overall meaning in most situations, although you are likely to make many mistakes. You should be able to handle basic communication in your own field.
Band 4 Limited user Your basic competence is limited to familiar situations. You frequently show problems in understanding and expression. You are not able to use complex language.
Band 3 Extremely limited user You convey and understand only general meaning in very familiar situations. There are frequent breakdowns in communication.
Band 2 Intermittent user You have great difficulty understanding spoken and written English.
Band 1 Non-user You have no ability to use the language except a few isolated words.
Band 0 Did not attempt the test You did not answer the questions.
 
 ရည်ညွှန်း - britishcouncil.org


တင်ထားသမျှ ပို့စ်တွေကို
Android Phone များမှ ဖတ်ရန် Apk ဒေါင်းယူလေ့လာနိုင်ပါပြီ....
http://www.mediafire.com/download/ldbd5aq1jcv7d1a/Pioneer+English+Lessons.apk

No comments:

Post a Comment