- IELTS Listening အပိုင်းအရေးကြီးဆုံးက “Spelling” (စာလုံးပေါင်း) ဖြစ်ပါတယ်။ အထူးသဖြင့် Section 1 မှာ “name, an address, a telephone number နဲ့ သက်ဆိုင်ရာအချက်အလက်များကို ရေးပြခိုင်းမှာပါဖြစ်ပါတယ်။
- “Gloucester Street” ကိုစာလုံးပေါင်းပြရမယ် ဥပမာဆိုပါစို့။ အသံဖိုင်မှာ ကြားလိုက်ရတာက “I live at Gloucester Street. G – L – O – U – C – E – S – T – E – R” လိုဖြစ်နိုင်ပါတယ်။ အဲဒီလိုဆို နားကြားမှားနိုင်တာက “G” နဲ့ “J”အသံဖြစ်နိုင်ပါတယ်။ ဒါကြောင့်ဒီလို “Street Name” မျိုးအလားတူဖြေဆိုရမယ့်အပိုင်းများအတွက် “English alphabet” တွေကို တစ်လုံးချင်းစီ အသံထွက်မှန်ကန်အောင် လေ့ကျင့်ထားမှာ အဆင်ပြေမှာပါ။
- ကျွန်တော်တို့မြန်မာတွေအတွက် အချို့သော အင်္ဂလိပ်အက္ခရာစကားလုံးတွေကို အသံထွက်က British, American, Australian အသံထွက်တွေနဲ့ အနည်းငယ်ကွဲပြားနေတတ်ပါတယ်။ ဥပမာ “P” ကို British, American, Australian တွေက “ဖ”သံ၊ “K”သို့မဟုတ် “Ca” ကို “ခ” သံ၊ “T” ကို “ထ” သံ တွေနဲ့ အသံထွက်လေ့ရှိပါတယ်။ မြန်မာပြည်မှာတော့ အချို့က ၄င်းတို့ကို “ဖ၊ က၊ တ”များဖြင့် ထွက်ဆိုလေ့ ရှိကြပါတယ်။ ဒါအပြင် သံရှည်၊ သံတိုထွက်ဆိုပုံတွေလည်း လေ့လာထားရပါမယ်။ ဒါဟာ ဥပမာအနေနဲ့ ရှင်းပြတာပါ။ ဒါကြောင့် “English alphabet” တွေရဲ့ အသံနေအသံထားကို Native speaker တွေကဲ့သို့ ထွက်ဆိုနိုင်ဖို့ လိုအပ်ပါတယ်။ ဒါတွေလေ့ကျင့်ဖို့ youtube မှာ အသံဖိုင်များ၊ ရုပ်သံဖိုင်များစွာ ရှိပါတယ်။ လေ့လာနေဖို့ပဲ လိုအပ်တာပါ။
- နောက်တစ်ခုကတော့ Telephone Number များအတွက်ဆိုရင် “0 to 9” ကို မှန်မှန်ကန်ကန် အသံထွက်နိုင်ဖို့ လိုအပ်သလို၊ နံပါတ်တူအတွဲဆိုရင်လည်း “double, triple” စသည်ဖြင့်ထွက်ဆိုပုံကို လေ့လာထားရမှာဖြစ်ပါတယ်။ “0” ကို “Zero” လို့အသံထွက်သလို “oh” လို့လည်း အသံထွက်ပုံကို သိရှိထားရပါမယ်။ ဥပမာ- 555-25078809: (five-five-five-two-five-oh-seven-double eight-oh-nine) OR: (five-five-five-two-five-zero-seven-double eight-zero-nine)
- နောက်ထပ်အသေးစိတ်လေ့လာထားသင့်တဲ့အပိုင်းကတော့ “money” (ငွေကြေး)ဆိုင်ရာအသုံးအနှုန်းများ အခေါ်အဝေါ်၊ အသံထွက်များဖြစ်ပါတယ်။ ဥပမာ- “eight hundred pounds thirty-five” or “eight hundred and thirty-five pounds” ဆိုရင် “₤ 8, 35” လို့ရေးပေးရမှာဖြစ်ပါတယ်။ “Pound” လိုမျိုးပါပဲ.. “dollars” နဲ့ “Euros” ငွေကြေးများရဲ့ အခေါ်အဝေါ်များကို လေ့လာထားရပါမယ်။ ဥပမာ- “one hundred fifty-seven dollars and ninety-eight cents” ဆိုရင် “$ 157, 98” သို့မဟုတ် “157 dollars and 98 cents”လို့ရေးရမှာဖြစ်ပါတယ်။ “one thousand seven hundred and forty-one euros” ဆိုရင်လည်း “€ 1.741 euros” လို့ရေးသင့်ပါတယ်။ “one hundred fifty-seven dollars and ninety-eight cents” ဆိုရင်လည်း “$ 157, 98” သို့မဟုတ် “157 dollars and 98 cents” လို့ရေးနိုင်ပါတယ်။ “one thousand seven hundred and forty-one euros” လို့မိမိကကြားခဲ့မယ်ဆိုရင်လည်း “€ 1.741 euros” လို့ရေးနိုင်ပါတယ်။
- နောက်ထပ်တစ်မျိုးက “Date” တွေနဲ့ ပတ်သက်ပြီးလေ့လာထားရပါမယ်။ အောက်ပါပုံစံအားလုံးထဲမှာ အဆင်ပြေတဲ့ ပုံစံတစ်မျိုးနဲ့ ရေးနိုင်ပါတယ်။
– 14th
May
– May 14th
– 14 May
– May 14.
- Measurement တွေနဲ့ ပတ်သက်ပြီးလည်း လေ့လာထားရပါမယ်။ ဥပမာ - Metres, Kilometres, Centres စသည်တို့ကို အသေးစိတ်လေ့လာထားရပါမယ်။ “Metres” ကို “Meters” လို့လည်း ရေးနိုင်ပါတယ်။ ဥပမာ- 95 metres or 95 meters / ဒါအပြင် အတိုကောက်ပုံစံနဲ့လည်း ရေးသားနိုင်ပါတယ်။ ဥပမာ- 95 m ဖော်ပြပါပုံစံအားလုံးကို IELTS က လက်ခံပါတယ်။
- နောက်ဆုံးတစ်ခုအနေဖြင့် Cardinal Number များကိုလည်း ဂရုစိုက်သင့်ပါတယ်။ လေ့လာသူတွေ မှားယွင်းကြားမိနိုင်တဲ့ အသံထွက်နံပါတ်များကို လေ့လာထားရပါမယ်။
- ဥပမာ- 13 (thirteen) နဲ့ 30 (thirty)
- 14 နဲ့ 40
- 15 နဲ့ 50
- 16 နဲ့ 60 စသည်ဖြင့် နားကြားမှားနိုင်တဲ့ Cardinal Number များရဲ့ အသံထွက်ကို စနစ်တကျလေ့လာထားရပါမယ်။ အခုတင်ပြခဲ့တဲ့အပိုင်းတွေက IELTS မှာသာမက အင်္ဂလိပ်စာလေ့လာနေသူတွေအတွက် နေ့စဉ်ဖြတ်သန်းနေရတဲ့ ဘဝအခြေအနေတွေ အမြဲကြုံတွေ့နေရတဲ့ အရေးကြီးတဲ့ အပိုင်းတစ်ခုပါ။
- အားလုံးကို အနှစ်ချုပ်လိုက်ဆိုရင်.. အဓိကလေ့လာထားရမယ့်အပိုင်းများက-
- · Street Name (English Alphabets)
- · Telephone Number (Nominal numbers)
- · Money (Pound, Dollars, Euros)
- · Date (day,month,year)
- · Measurement (Metres, Kilometres, Centres)
- · Ordinal Numbers and Cardinal Numbers
No comments:
Post a Comment