Wednesday, July 6, 2016

IELTS Speaking: Part 1 အတွက် Tips and Strategies



  • IELTS Speaking ပိုင်းအတွက် အရင်ပို့စ်မှာ အခြေခံသဘောတရားများကို ရှင်းပြခဲ့ပြီးဖြစ်ပါတယ်။ Speaking ပိုင်းမှာ အပိုင်း ၃ ပိုင်းဖြေဆိုရမယ်ဆိုတာလည်း ရှင်းပြခဲ့ပြီးဖြစ်တာကြောင့် အခုဒီပို့စ်မှာတော့ IELTS speaking အပိုင်း ၁ မှာ ဖြေရမယ့် Tips and Strategies တွေကိုရှင်းပြမှာဖြစ်ပါတယ်။ ကျွန်တော့်အနေဖြင့် ပို့စ်မှာ ရေးသားတဲ့ပုံစံက စာပုံစံထက် သင်တန်းမှာ သင်တဲ့ စကားပြောဟန်နဲ့ ရေးသားရှင်းပြနေတာကိုတော့ နားလည်ပေးပါ။ အခု Speaking Part 1 ကို စတင်လေ့လာကြည့်ရအောင်ပါ။

  • IELTS speaking part 1 မှာ ဖြေဆိုသူဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာမေးခွန်း(personal questions)များကို အမေးခံရမှာပါ။ မေးခွန်းတွေဟာ ရိုးရိုးရှင်းရှင်းလေးတွေပါပဲ။ yes or no မေးခွန်းတွေလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ “yes/no” လောက်ဖြေရုံနဲ့ ဒီမေးခွန်းတွေအတွက် စာစစ်သူက လုံလောက်ပြီးလို့ ယူဆလေ့မရှိပါဘူး။  ဒါကြောင့် ဖြေဆိုတဲ့အဖြေကို အနည်းငယ်လောက်ဖြစ်ဖြစ် ချဲ့ကားပြီး ဖြေဆိုနိုင်အောင် လေ့ကျင့်ထားဖို့လိုပါတယ်။
ဥပမာ အောက်ပါမေးခွန်းကို လေ့လာကြည့်ပါ။
  • -      Where are you from? ဆိုတဲ့မေးခွန်းရဲ့အဖြေက ဒီလိုဖြစ်နိုင်ပါတယ်။

  • -      I come from Italy. ဖြေတဲ့အဖြေကမှန်ပါတယ်။ ဒါပေမဲ့မလုံလောက်သေးပါဘူး။ ပိုပြီးတော့ အချက်အလက်များများနဲ့ အနည်းငယ်ဖြည့်စွက်ဖြေဆိုသင့်ပါတယ်။အောက်ပါအဖြေကိုလေ့လာကြည့်ပါ။

  • -      I come from a small town located in Central Italy, called Macerata. အဖြေနှစ်ခု ဘာတွေ ကွဲပြားခြားနားမှုရှိလဲ သတိထားကြည့်ပါ။ အီတလီကပဲ လာတယ်လို့ မဖြေသင့်ဘူးလို့ ဆိုလိုတာပါ။ မေးခွန်းရဲ့ လိုရင်းလည်းရောက်အောင် အချက်အလက်လည်း ပြည့်စုံအောင် adjective တွေထည့်ပြီး ဖြေဆိုတတ်အောင် လေ့လာထားသင့်ပါတယ်။ ဒုတိယအဖြေမှာ “town” ဆိုတဲ့ “noun” ကို “small” ဆိုတဲ့ “adjective” လေးနဲ့ထောက်ကူပြီး ဖြေဆိုထားတာကို တွေ့ရမှာပါ။ ဥပမာ small, big, popular, touristic, noisy, countryside etc.” စသည်ဖြင့် ဖြည့်စွက်နိုင်ပါတယ်။ “Italy” နိုင်ငံလို့ရိုးရိုးဖြေမဲ့အစား (ဥပမာ - Central )ပိုပြီးအချက်အလက်ပြည့်စုံအောင်၊ အသေးစိတ်အချက်အလက်များကို ဖြည့်စွက်ပြီး ဖြေဆိုတတ်အောင်၊ ဖြေဆိုနိုင်အောင် လေ့လာထားရပါမယ်။ အဖြေကို လိုရင်းတိုရှင်း ဖြေတာထက် အချက်အလက်အနည်းငယ်ဖြည့်စွက်ဖြေဆိုလိုက်ရင် ပိုကောင်းပါတယ်။
အခုဆက်လက်ပြီး ဥပမာ မေးခွန်းနဲ့ ဖြေဆိုပုံကို လေ့လာကြည့်ရအောင်ပါ။
  • Question: “If you could live anywhere in the world, where would it be?

  • Answer: “I would like to live in a large town preferably in Europe”.

ဒီအဖြေမှာ Descriptive adjective (large) ကိုသုံးပြီး မေးခွန်းကို စဖြေလိုက်ပြီးဆိုပါစို့။ ဒီနေရာမှ မရပ်ပါနဲ့။ ပိုပြီး အသေးစိတ်ကျအောင်၊ အချက်အလက်တွေကို ဖြည့်စွက်နိုင်သမျှ ဖြည့်စွက်ပြီး ဆက်ပြောပါ။

  •  “I would prefer a country in the central or southern Europe though, to be more specific”.  (Describing the country or giving your reasons why) (ဒီမှာလည်း မရပ်သေးဘဲ ဆက်ပြောမယ်)

  • “I cannot stand the climate of northern countries, that’s why. I hate cold and snow, so I would choose a capital city of the European South”. (အဲဒီလိုပြောဆိုနေစဉ်မှာ စာစစ်သူက အချိန်ကန့်သတ်ချက်အရ နောက်မေးခွန်းကို ဆက်မေးချင်လို့ မိမိပြောနေတာကို ရပ်တန့်ခိုင်းနိုင်ပါတယ်။ တကယ်လို့ ရပ်ခိုင်းရင်တောင်ဒါက ဆိုးဝါးတဲ့ လက္ခဏာမဟုတ်ပါဘူး။ မိမိအနေနဲ့ ပိုပြီး ပြည့်ပြည့်စုံစုံဖြေဆိုနိုင်ကြောင်း၊ ပြောဆိုနိုင်ကြောင်း စာစစ်သူကို အသိပေးလိုက်သလိုဖြစ်သွားစေနိုင်ပါတယ်။ ပိုပြီး ပြောနိုင်သေးရင် ဒီလိုဆက်ပြောပါအုံးမယ်…

  •  “I would prefer a capital city than a village because I like the fact that I can find everything I like pretty easily and I have so many choices during the day…”

အထက်မှာ ရှင်းပြခဲ့တာတွေက နမူနာတစ်ခုသာဖြစ်ပါတယ်။ စာစစ်သူက မေးလိုက်တာက ရိုးရိုးရှင်းရှင်း မေးခွန်းတစ်ခု၊ မိမိက မေးခွန်းအရ သက်ဆိုင်တာတွေကိုအချက်အလက်ပြည့်ပြည့်စုံစုံ ဖြေပေးလိုက်တာမျိုးပါ။ မေးခွန်းအရ မိမိစိတ်ထဲမှာနေချင်တာက London ဆိုလည်း London ပေါ့၊ ဘာပဲဖြစ်ဖြစ် အထက်ပါအတိုင်း အချက်အလက်ပြည့်ပြည့်စုံစုံဖြေဆိုနိုင်ဖို့လိုအပ်ပါတယ်။ အဲဒီလိုဖြေဆိုတဲ့နေရာမှာ descriptive language” တွေကိုပိုင်ပိုင်နိုင်နိုင်သုံးနိုင်အောင်၊ အကြောင်းပြချက်တွေကို ပိုင်နိုင်စွာ ထောက်ကူပြီး ပြောဆိုနိုင်အောင် လေ့လာထားရမှာဖြစ်ပါတယ်။

Speaking Part 1 မှာ မေးလေ့မေးထရှိတဲ့ မေးခွန်းတွေကတော့


  • -      your hometown,
  • -      your studies or job,
  • -      your hobbies,
  • -      your interests or
  • -       your family and friends.

အထက်ပါ ခေါင်းစဉ်မျိုး၊ မေးခွန်းမျိုးကို မိမိအနေနဲ့ ကြိုတင်လေ့လာထားပြီး ဖြစ်သော်လည်း အလွတ်ကျက်ထားတဲ့ ပုံစံမျိုး စာစစ်သူရှေ့မှာ မဖြေမိဖို့ အရေးကြီးပါတယ်။ အတွေ့အကြုံရင့်ကျက်တဲ့ စာစစ်သူဟာ အဲဒီလိုပုံစံကို သိနိုင်ပါတယ်။ ဒါဆို မိမိရရှိမယ့် ရလဒ်ဟာ မကောင်းနိုင်ပါဘူး။ မိမိအနေဖြင့် အကောင်းဆုံးလုပ်သင့်တာက မေးခွန်းတွေကို မိမိဖြေဆိုနိုင်သလောက်ဖြေဆိုပါ။ အကောင်းဆုံးရလဒ်ကို လိုချင်ရင်တော့ အကောင်းဆုံး လေ့ကျင့်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

အားလုံးကို ပြန်ချုပ်ရရင်-


  • -      Yes/ No တစ်လုံးတည်း မဖြေပါနဲ့။

  • -      အချက်အလက်အသေးစိတ်ဖြည့်စွက်ပြီး အဖြေကိုလိုရင်းရောက်အောင်ဖြေဆိုပါ။

  • -      မေးလေ့မေးထရှိတဲ့အကြောင်းအရာများပါ။ Personal question တွေပဲ မေးမှာဖြစ်သည့်အတွက် ဒါတွေကို ပြင်ဆင်ထားပြီး လေ့ကျင့်ပါ။

  • your town,
  • birthplace,
  • country,
  • family,
  • friends,
  • school,
  • studies,
  • work, ideal job,
  • interests, free time,
  • likes and dislikes,
  • travelling,
  • food,
  • weather,
  • music,
  • sports,
  • films,
  • books etc. ဒီအကြောင်းအရာများအပြင် အများကြီးရှိပါသေးတယ်။ ဆက်ပြီးလေ့လာကြည့်ပါ။

တင်ထားသမျှ ပို့စ်တွေကို
Android Phone များမှ ဖတ်ရန် Apk ဒေါင်းယူလေ့လာနိုင်ပါပြီ....
http://www.mediafire.com/download/ldbd5aq1jcv7d1a/Pioneer+English+Lessons.apk


No comments:

Post a Comment