Monday, July 11, 2016

IELTS Listening အကြောင်းသိကောင်းစရာများ






  • IELTS Listening ပိုင်းကလည်း Speaking ပိုင်းမှာလိုပဲ Academic ပိုင်းမှာရော၊ General ပိုင်းမှာရော Test ပိုင်းက အတူတူပါပဲ။ စုစုပေါင်းဖြေဆိုချိန်က မိနစ် ၄၀ ကြာပါမယ်။ မေးခွန်းပေါင်း ၄၀ ဖြေဆိုရပါမယ်။ အပိုင်းအားဖြင့် ၄ ပိုင်းပါဝင်ပြီးတော့ အပိုင်းတစ်ပိုင်းချင်းစီအတွက် ၁၀ မိနစ်အချိန်ရပါတယ်။ သေသေချာချာလေ့လာထားမယ်ဆိုရင် အချိန်တွေပိုနိုင်တဲ့အတွက် စိတ်ပူစရာတော့မလိုအပ်ပါဘူး။
  • Listening ပိုင်းမှာ Section 1 မှစပြီး Section 4 အထိ တဖြည်းဖြည်း ပိုပိုခက်ခဲလာပါမယ်။ အပိုင်းတစ်ပိုင်းမှာ မေးခွန်း ၁၀ခုအတွက် ၁၀ မှတ်ပေးထားပြီးတော့ အပိုင်းအားဖြင့် ၄ပိုင်း မေးခွန်းအားဖြင့် ၄၀ခု၊ အမှတ်အားဖြင့် မေးခွန်းတစ်ခုအတွက် တစ်မှတ်၊ စုစုပေါင်း အမှတ် ၄၀ ဖြစ်ပါတယ်။

  • အသံဖိုင်ကို task တစ်ခုချင်းစီမှာ တစ်ကြိမ်တည်းသာ နားထောင်ရပြီးပြန်လည်နားထောင်ခွင့်မရတဲ့အတွက် မိမိကြားသမျှကို သေသေချာချာ အာရုံစူးစိုက်ထားသင့်ပါတယ်။ အသံဖိုင်မှာကြားရနိုင်တဲ့ လေယူလေသိမ်း(Accent) တွေက British, American နဲ့ Australian accent များ ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် ၄င်းလေယူလေသိမ်း (accent) များကို ရင်းနှီးကျွမ်းဝင်နေအောင်၊ နားယဉ်နေအောင် ကြိုတင်လေ့လာထားသင့်ပါတယ်။ Task တစ်ခုပြီးတိုင်း ခဏရပ်နားပေးလေ့ရှိတဲ့အတွက် မိမိအနေဖြင့် ပြန်လည်စစ်ဆေးနိုင်တဲ့အခွင့်အရေးတော့ ရရှိပါမယ်။ မိမိကြားရတဲ့အသံကို စာလုံးပေါင်းမှန်ကန်စွာပေါင်းနိုင်ဖို့ အလွန်အရေးကြီးပါတယ်။ အခု Section တစ်ပိုင်းချင်းစီရဲ့ Tips and Strategies များအကြမ်းဖျင်းလေ့လာကြည့်ရအောင်ပါ။

Section 1


  • Section 1 ရဲ့ အစမှာ Example တစ်ခုအမြဲတမ်းပေးထားလေ့ရှိပါတယ်။ General Topic တစ်ခုနဲ့ပတ်သက်ပြီးလူနှစ်ယောက်ဆွေးနွေးပြောဆိုနေတဲ့ အသံဖိုင်ကို နားထောင်ရမှာဖြစ်ပြီး မေးခွန်း ၁၀ခု ဖြေဆိုရပါမယ်။ များသောအားဖြင့် telephone Conversation ပုံစံမျိုးဖြစ်တတ်ပြီး  ၄င်းတို့ပြောဆိုတဲ့အထဲမှာ specific information အတွက် နားထောင်နိုင်ရပါမယ်။ ဥပမာ (Names – Person’s names, Street’s Name, Date, Time, Place and Numbers)။ ဒါကြောင့် Answer sheet ပေါ်မှာ ဖြေဆိုတဲ့အခါ စာလုံးပေါင်းမှန်ကန်အောင် ဖြေဆိုနိုင်ဖို့ အရေးကြီးပါတယ်။

Section 2


  • Section 2 မှာ Example မပေးတော့ပါဘူး။ ဒီအပိုင်းတော့ အသံဖိုင်မှာ Speaker တစ်ဦးတည်းရဲ့အသံကိုပဲ ကြားရမှာဖြစ်ပါတယ်။ ဒီပိုင်းမှာ ကြားရနိုင်တဲ့ အကြောင်းအရာမျိုးကတော့ Company, resort, building, Charity စတဲ့ environmental issue ဆိုင်ရာ တစ်မျိုးမျိုးကို Guide တစ်ယောက်ပုံစံမျိုးနဲ့ ပြောဆိုတာကို ကြားရပါလိမ့်မယ်။ ဒီပိုင်းမှာလည်း မေးခွန်းကတော့ ၁၀ခုပဲဖြစ်ပြီး Section 1 မှာထက်ပိုပြီး မေးခွန်းက ရှည်လာတတ်ပါတယ်။

Section 3


  • ဒီအပိုင်းမှာ အနည်းငယ် ပိုခက်လာပါမယ်။ အသံဖိုင်မှာ ကြားရနိုင်တဲ့အသံအမျိုးအစားအားဖြင့် လူ ၂ယောက်မှ ၄ယောက်လောက်အထိ အပြန်အလှန်ဆွေးနွေးပြောဆိုပုံကို နားထောင်ရမှာပါ။ ဒီအပိုင်းမှာ တက္ကသိုလ်ဝန်းကျင်အကြောင်းဖြစ်လေ့ရှိပါတယ်။ ဥပမာ ကျောင်းသားတွေနဲ့ ပါမောက္ခဆွေးနွေးပုံမျိုး၊ ကျောင်းသားတစ်ယောက်က သူ့ရဲ့သူငယ်ချင်းတွေကို အကြောင်းအရာတစ်ခုပြောပြနေတာမျိုး ဖြစ်လေ့ရှိပါတယ်။ ခွဲခြားမှတ်သားနိုင်ရမှာကတော့

-      ဘယ်သူက ဘာပြောတယ်
-      တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုဆက်စပ်ပြောဆိုသွားတယ်
-      သူတို့ဆွေးနွေးတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးသူတို့ရဲ့အမြင်၊ သုံးသပ်ချက်..စသည်တို့ဖြစ်ပါတယ်။

Section 4


  • ဒီအပိုင်းကတော့ Listening ပိုင်းရဲ့ အခက်ခဲဆုံးအပိုင်းဖြစ်ပါတယ်။ Academic lecture ပုံစံမျိုးဖြစ်ပြီး Speaker ကတော့ တစ်ယောက်တည်း ဖြစ်လေ့ရှိပါတယ်။ Scientific နဲ့ ဆိုင်တဲ့အကြောင်းအရာများ ဖြစ်တတ်ပါတယ်။ ဒီအပိုင်းမှာ Speaker ပြောဆိုဆွေးနွေးတဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး အမြင်၊ သုံးသပ်ချက်၊ ယူဆချက်၊ ကြောင်းကျိုးပြချက်များကို နားလည်နိုင်စွမ်းရှိရပါမယ်။

အထက်မှာ ရှင်းပြခဲ့တဲ့အပိုင်းတွေကို နိဂုံးပြန်ချုပ်ရရင်-
-      Listening Test သည် မိနစ် ၄၀ ကြာပါမယ်။
-      မိနစ် ၃၀ က အသံဖိုင်(recording) ကိုနားထောင်ပြီး မေးခွန်းစာရွက်ပေါ်မှာ အဖြေများ ချရေးထားရပါမယ်။
-      ကျန်တဲ့ ၁၀ မိနစ်က ၄င်းရေးထားသော အဖြေများကို အဖြေလွာစာရွက်ပေါ်မှာ ပြန်ရေးပြီး အဆုံးသတ်ရပါမယ်။
-      အသံဖိုင်မှာ ကြားရနိုင်တဲ့ Accent များကတော့ British, American နဲ့ Australian Accent များဖြစ်တတ်ပါတယ်။ ဒါကြောင့်လေယူလေသိမ်းကို ခွဲခြားနိုင်ရပါမယ်။
-      British accent ဆိုရင် British spelling နဲ့ပေါင်းရမှာဖြစ်ပြီး American accent ဆိုရင် American accent နဲ့ပေါင်းပေးရမှာဖြစ်ပါတယ်။

  • နောက်ပို့စ်မှာတော့ IELTS Listening ပိုင်းနဲ့ပတ်သက်ပြီး Tips and Strategies များအသေးစိတ်ရှင်းလင်းရေးသားပေးပါမယ်။ That’s for all now. Thanks.

No comments:

Post a Comment