ကျွန်တော်တို့လို English ဘာသာစကားကို Second Language အဖြစ်အသုံးပြုနေသူများအတွက် အင်္ဂလိပ်စကားပြောဆိုသုံးနှုန်းရာမှာ မသိမဖြစ် သိထားသင့်တဲ့အပိုင်းကတော့ Native Speaker တွေရဲ့ လေယူလေသိမ်း (Accent) ကို ဖမ်းယူနိုင်ဖို့ နဲ့ Native Speaker နီးနီး ပြောဆိုနိုင်ဖို့ Reduced Form or Informal Contractions တွေကို သိထားရမှာ ဖြစ်ပါတယ်။
ဥပမာ - What are you going to do? ဆိုတဲ့ အသုံးကို Native Speaker က သုံးလေ့ရှိတဲ့ လေယူလေသိမ်းက Whatcha going to do? →Whatcha gonna do? ဖြစ်ပါတယ်။ ဒီလေယူလေသိမ်းကို မသိထားဘူး၊ မလေ့လာထားဘူးဆိုရင် သူဘာပြောလိုက်မှန်း မသိနိုင်တော့ပါဘူး။ ဒီဥပမာမှာဆိုရင် What are you ကို Whatcha သော်လည်းကောင်း၊ What are you going ကို Whatcha gonna သော်လည်းကောင်း Contraction ပုံစံနဲ့ ပြောဆိုသုံးနှုန်းသွားတာကို သိထားရမှာပါ။